Friday, November 23, 2012

ပဲခူးအင်းတကော် ဇနိတာရာမ မိုးကုတ်ဝိပဿနာ တောရကျောင်းသို့

ပဲခူးအင်းတကော်၊ ဇနိတာရာမ မိုးကုတ်ဝိပဿနာ တောရတွင်တည်ထားကိုးကွယ်အပ်သော ရန်ငြိမ်းလာဘ်စုံပုံရွှေတိဂုံ စေတီတော်မြတ်ကြီးအား ကြည်ညိုဖွယ် ဖူးတွေ့ရစဉ်

ဘုရားသို့သွားရာလမ်းကလေးမှာ ကြည်နူးဖွယ်ရာ

ကမ္မဋ္ဌာန်းကျောင်းတန်း အ၀င်လမ်းက ချမ်းမြကြည်ဖြူ စန်းလသီတဂူ

ယောဂီများ သီတင်းသုံးရာ ကျောင်းလေးတွေက ဆိတ်ငြိမ်မှုအတိ

သံသရာလွတ်ကြောင်း အကျင့်မြတ်များ အေးချမ်းဆိတ်ငြိမ်စွာ ကျင့်ကြံပွားများနိုင်ရန် ရည်စိတ်သန်လှူဒါန်းထားသော ကမ္မဋ္ဌာန်းကျောင်းကလေး၏ အလှူရှင်တစ်ဦး

သစ်ရိပ်ဝါးရိပ် စိမ်းစိမ်းတို့အောက်တွင် အေးချမ်းဆိတ်ငြိမ်မှုအပြည့်ဖြင့်

ကုန်းမို့မို့ မြေငူငူ လေအေးကိုရှူသွင်း ရိပ်သာဝင်းမြေလမ်း ကြည်နူးမှုလွှမ်းပါဘိ

သတိသမ္ပစဉ် ဥာဏ်ကိုပင်အရင်းပြု ရှုမှတ်မှုကအချိန်နှင့်အမျှ

သစ်ပင်အုပ်အုပ်အောက်ဝယ် တန်ဆောင်းငယ်အသွင်က ၀ံ့ထယ်လို့ပါလား


ရိပ်သာအတွင်း ပန်းမာလ်တို့က တသင်းသင်း

ဘုရားသို့အသွား နတ်လမ်းလေးက ဖွေးလွှလွှ

ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲကျောင်းဆောင်တို့က တောတောင်သဘာဝအလယ်တွင် ၀ံ့ကြွားလှပါဘိ

ဆွမ်းစားဆောင်မှ ပြန်အကြွ မြေလမ်းအလှ ပသာဒ

တောတောင် သစ်ရိပ်ဝါးရိပ် အေးချမ်းတိတ်ဆိတ်

ကြခတ်ဝါးရုံများဖြင့်ဝန်းရံ ကမ္မဋ္ဌာန်းကျောင်းက အေးချမ်းနေပြန်

ပြည့်စုံနတ်လမ်း အသွင်ဆန်းစုံ သုဂတိဘုံသို့

Thursday, November 15, 2012

ပြည်တွင်းပြည်ပ ဟာသများ


စေ၊ ဝေ၊ ဆော
ရပ်ကွက်တစ်ခုတွင် ကောင်မလေးတစ်ယောက် စက်ဘီးပျက်သဖြင့်လမ်းဘေး၌
ရပ်ကာ မလုပ်တတ် မကိုင်တတ်ဖြစ်နေလေသည်။ ထိုအခါ တစ်ရပ်ကွက်တည်းနေ
ကောင်လေးတစ်ယောက် ရောက်လာပြီးမေးလေသည်။ “ဘာကူညီပေးရလဲ”
ကောင်မလေးက အင်တင်တင်ပုံစံဖြင့် “ရပါတယ်၊ ကိစ္စမရှိဘူး၊ ငါ့ဘာသာငါလုပ်မယ်”
ဟုပြောလေသည်။

ထိုအခါ ကောင်လေးပြန်ပြောလိုက်သောစကားကြောင့် ကောင်မလေးမှာ
ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ကောင်လေးပြန်ပြောလိုက်သည်က-

“စေနဲ့ပြောတာ ဝေလို့ထင်ရင်လဲ ဆောပဲကွာ” တဲ့။ ။
မှတ်ချက်။ ။ စေ=စေတနာ
ဝေ=ဝေဒနာ
ဆော=ဆောရီး

ရှည်လိုက်တဲ့စာ
တစ်ခါက ရွာတစ်ရွာမှာ ဦးတာတူးနဲ့ ဒေါ်မယ်လှ ဆိုတာရှိ၏။ ၎င်းတို့တွင် ကိုရင်ဝတ်
သားတစ်ယောက်ရှိ၏။ ထိုကိုရင်လေးကား ရွာနှင့်ဝေးသော မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်
တွင်ပညာသင်ကြားနေ၏။








ရဟန်းသံဃာတော်များအား စားသောက်ဖွယ်များ အပ်စပ်မှုရှိအောင် ကပ်လှူနည်း


ရဟန်းသံဃာတော်များအား စားသောက်ဖွယ်များ အပ်စပ်မှုရှိအောင် ကပ်လှူနည်း
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မလွဲမသွေ တွေ့ကြုံရမည့် အရေးကိစ္စတစ်ခုရှိပါသည်။ ၄င်းမှာ မိမိတို့အိမ်၌ အလှူလုပ်၍သော်လည်းကောင်း၊ သာရေး နာရေးကိစ္စများ၌ သော်လည်းကောင်း ၊ ခရီးသွားသည့်အခါ၌ ခရီးသွား ရဟန်းများကိုသော်လည်းကောင်း ဆွမ်းကပ်လှူဒါန်းမည်ဆိုပါက နည်းမှန်လမ်းမှန် အပ်စပ်အောင် ဆွမ်းကပ်တတ်ဖို့ အောက်ပါဆွမ်းကပ်နည်းကို လေ့လာသင့်ပါသည်။
ရဟန်းသံဃာတော်များသည် စားသောက်ဖွယ်ရာများကို မိမိကိုယ်တိုင် ဘုဉ်းပေးသုံးဆောင်ခွင့်မရှိပါ။ မစားရပါ။ ဘုဉ်းပေးသုံးဆောင်လျှင်(စားလျှင်) ဝိနည်းသိက္ခာပုဒ်အရ အပြစ်သင့်ပါသည်။( အာပတ်သင့်သည်ဟုသုံးနှုန်း၏) လူပုဂ္ဂိုလ်များက ဝိနည်းသိက္ခာပုဒ်နှင့် ညီညွတ်အောင် ကိုယ်ထိလက်ရောက် ကပ်လှူမှ ရဟန်းသံဃာတော်များ အနေဖြင့် ဘုဉ်းပေးသုံးဆောင်ခွင့်(စားခွင့်)ရှိပါသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆွမ်းစသော စားသောက်ဖွယ်ရာပစ္စည်းများကို ရဟန်းသံဃာတော်၏ လက်သို့ ထိအောင် ရောက်အောင် ပေးခြင်းကို ကပ်လှူသည်ဟု ခေါ်၏။ ယင်းသို့ ကိုယ်ထိလက်ရောက် ပေးလှူခြင်းကို ကပ်သည်ဟုလည်းအတိုကောက် သုံးနှုန်း၏။ ယင်းသို့ ကပ်လှူရာ၌ အင်္ဂါ(၅)မျိုးနှင့် ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါငါးမျိုး နှင့်ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက်သည်ဟု အတိုကောက်သုံးနှုန်း၏။
အကပ်မြောက်အင်္ဂါငါးမျိုး
၁။ ကပ်လှူမည့်သူက ကပ်လှူခြင်းကို ခံယူမည့်ရဟန်း၏လက်သို့ရောက်အောင် (သို့မဟုတ်) ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း။ ထို့သို့လက်ဖြင့် ရှေ့ထိုးပေးမှ ရှေးရှုဆောင်ရာရောက်သည်မဟုတ်သေး ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို ပေးလှူလို၍ အနည်းငယ်စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ပေး ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏။
၂။ ကပ်လှူမည့်သူသည် ကပ်လှူခြင်းကို ခံယူမည့် ရဟန်း၏ နှစ်တောင့်ထွာအတွင်း ရောက်ရှိနေရခြင်း၊ (နှစ်ထောင့်ထွာ ဟတ္တပါသ်ဟု သုံးနှုန်းခေါ်ဆို၏)။
၃။ အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်သော ပစ္စည်းဝတ္ထုဖြစ်စေရခြင်း။
(မှက်ချက်)။ ။ ဆွမ်းနှင့် ဆွမ်းဟင်းပန်းကန်များတင်ထားသော စားပွဲခုံသည် ခွန်အား အလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်ပါက နှစ်ယောက်သုံးယောက်ဝိုင်းဝန်းမြှောက်ချီ မ-ယူ၍ ဆက်ကပ်မှုမျိုး သည် အကပ်မြောက်ပါသည်။ ဆိုလိုသည်မှာ ကပ်လှူမည့် စားပွဲခုံအား အလယ်အလတ်အားရှိသူတစ်ဦးတည်း မ-ချီနိုင်လျှင်လည်း မိသားစုများအနေနဲ့ သဟတ္ထိကဒါနဖြစ်စေလို၍သော်လည်းကောင်း၊ အတူတကွကပ်လှူချင် ၍သော်လည်းကောင်း ဝိုင်းဝန်း မ-ချီ၍ဆက်ကပ်ပါကလည်း အကပ်မြောက်မည်ဖြစ်ပါသည်။ အလှူရှင်များ အားလုံး မယူကပ်လှူနိုင်ပါသည်။
၎။ ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော(ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ ၊ အနီးကပ်ပစ်၍ဖြစ်စေ၊ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်လှူသူကပေးခြင်း။(မှတ်ချက်) ပစ်၍ပေးခြင်း ကပ်လှူမှုမျိုးသည် မရိုမသေ ရိုင်းစိုင်းရာဖြစ်သောကြောင့် ကပ်လှူလေ့မရှိပါ။
၅။ ကိုယ်၏ အစိတ်အပိုင်းလက်စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်၊ တုတ်စသည်ဖြင့် ခံ၍ ထိ၍ ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံရသောရဟန်းကခံယူခြင်း။
ဤငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ကပ်လှူမှသာ အကပ်မြောက်ပါသည်။
အကျဉ်းချုပ်အားဖြင့်
၁။ရှေ့ရှုဆောင်ခြင်း။
၂။ နှစ်ထောင့်ထွာအတွင်း ဖြစ်ခြင်း။
၃။ တစ်ယောက်မ-နိုင်ခြင်း။
၎။ လက်ဖြင့်(သို့မဟုတ်) ပန်းကန်စသည်ဖြင့် ထည့်၍ကပ်ခြင်း။
၅။ ရဟန်းက အကပ်ခံခြင်း
ဤသို့ စားသောက်ဖွယ်များကို ရဟန်းသံဃာတော်များအား ကပ်လှူရာ၌ အမျိုးသမီးဖြစ်ပါက ကြုံ့ကြုံ့ကလေး ထိုင်၍၊ အမျိုးသားဖြစ်ပါက ဒူးတုပ်ထိုင်ပြီး ဖော်ပြခဲ့ပြီးသော အင်္ဂါငါးမျိုးတို့ပြည့်စုံ ညီညွတ်အောင် ရိုသေလေးစား စွာကပ်လှူရပါမည်။ သက္ကစ္စဂါရဝမြောက်ရမည်။ သို့မှသာ လူနတ်နိဗ္ဗာန်သုံးတန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်၍ မွန်မြတ်သော ကောင်းကျိုးကို ရရှိနိုင်မည်ဖြစ်ပါသည်။
စားသုံးဖွယ် အသီးအနှံ အညွန့်များကို ရဟန်းသံဃာတော်များ ဘုဉ်းပေးသုံးဆောင်နိုင်အောင် ပြုလုပ်ပေးနည်း
ရဟန်းသံဃာတော်များသည် သစ်ပင်ကိုခုတ်လှဲခြင်း၊ မီးရှို့ခြင်းစသည်ဖြင့် မဖျက်ဆီးရပါ။ မျိုးစေ့ကိုလည်း မဖျက်ဆီးရပါ။ ဖျက်ဆီးလျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။ရဟန်းသံဃာတော်များသည် သစ်ပင်များကို ကိုယ်တိုင်ဖျက်ဆီးတာကို မဆိုထားနှင့် သူတပါးကို ခိုင်းသော အခါမှာပင် အပ်စပ်အောင် ခိုင်းရပါသည်။ မခိုင်းတတ်လျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။
ဤသစ်ပင်ကို ဖြတ်စမ်း၊ ခုတ်စမ်း၊ လှဲစမ်း၊ ချိုင်စမ်း၊ ဤအသီးကိုဆွတ်စမ်း၊ ခူးစမ်း၊ ငရုတ်သီးကို ထောင်းစမ်း၊ ကြက်သွန်ကို ထောင်းစမ်း၊ ကြံကို ဖြတ်စမ်း စသည်ဖြင့် မခိုင်းရပါ။ “ဤသစ်ကိုင်းကြီး ပိုထွက်နေတယ်။ ကပ္ပိစမ်း၊ ငရုတ်သီးနှင့် ကြက်သွန်အပ်စပ်အောင် ကပ္ပိစမ်း” စသည်ဖြင့် ခိုင်းရပါသည်။ ကပ္ပိဟု ပြောရသည်။ “ကပ္ပိ” ဆိုသည်မှာ “အပ်စပ်အောင်လုပ်” ဟုပြောခြင်းဖြစ်၏။
သစ်ပင်များသည် အမြစ်ဖြင့် အသက်ရှင်ခြင်း၊ အဆစ်မှ အမြစ်ထွက်၍ အသက်ရှင်ခြင်း(ကြံပင်စသည်)၊ ပင်စည်မှ အမြစ်ထွက်၍ အသက်ရှင်ခြင်း(ပိတောက်ပင်စသည်)၊ အညွန့်ဖြင့် အသက်ရှည်ခြင်း (ကဇွန်းရွတ်စသည်)၊ အစေ့မှ အပင်ပေါက်၍ အသက်ရှင်ခြင်းတို့ဖြင့် ရပ်တည်နေကြပါသည်။
မျိုးစေ့ကိုဖြစ်စေ၊ သစ်ပင်ကိုဖြစ်စေ၊ ရဟန်းသံဃာတော်များ ဖျက်ဆီးခွင့်မရှိသောကြောင့် ငရုတ်သီး၊ ကြက်သွန်၊ မာလကာသီး၊ ကြံစသည်တို့ကို ရဟန်းသံဃာတော်များအားကပ်လှူလိုပါက အပ်အပ်စပ်စပ် ဘုဉ်းပေး သုံးဆောင်ခွင့်ရအောင် အလှူရှင် လူပုဂ္ဂိုလ်များက ပြုလုပ်ဆောင်ရွတ်ပေးရပါသည်။
ငရုတ်သီးစိမ်းစသည်တို့ကို
၁။ မီးဖြင့်တိုက်ခြင်း၊ကပ်ခြင်း။
၂။ ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း။
၃။ လက်သည်းဖြင့် ဆိတ်ဖြတ် ထိုးဖောက်ခြင်း။
၎။အပင်မပေါက်နိုင်သော အစေ့အနုဖြစ်က အလိုအလျောက်အပ်စပ်ခြင်း။
၅။ သရက်သီးမှည့် စသည်တွင် အပင်ပေါက်နိုင်သော အစေ့ကို ထုတ်ပစ်ခြင်း။
ဤငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် အပ်စပ်အောင် ပြုလုပ်ဆက်ကပ်ရသည်။ ငရုတ်သီး၊ ကြက်သွန်တို့ကို ထောင်းခြင်း၊ မီးကင်ခြင်းပြုလုပ်ပြီးမှ ကပ်လှူပါက အထူးပြုလုပ်စရာမလိုတော့ပေ။
မထောင်း၊ မကင်၊ မပြုတ်ဘဲ ငရုတ်သီး၊ ကြက်သွန်၊ ကန်ဇွန်းရွက်စသည်တို့ကို ရဟန်းသံဃာတော်များအား ကပ်လှူပါက အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ ရှင်သန်ပေါက်ရောက်နိုင်သော အရွက်၊ အညွန့်၊ အသီးဖြစ်ပါက အပ်စပ်အောင်ပြုလုပ်ပေးရပါသည်။ အဆစ်ပါသော ကြံချောင်းဖြစ်ပါက ပေါက်ရောက်နိုင်သေး သောကြောင့် အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ အဆစ်တွေကို ပယ်ပစ်ပါက အထူးပြုလုပ်စရာ မလိုတော့ပေ။
အပ်စပ်အောင်ပြုလုပ်နည်း
ရှင်သန်ပေါက်ရောက်နိုင်သော အရွက်၊ အညွန့်၊ သီးနှံတို့ကို ရဟန်းသံဃာတော်အား ကပ်လှူပါက ကပ်လှူခြင်း ခံယူသော ရဟန်းက ယင်းပစ္စည်း(ဥပမာ- ငရုတ်သီး) ကို ကိုင်၍ “ကပ္ပိယံ ကရောဟိ” ဟု အသံထွက်အောင် ပြောဆိုလိုက်သောအခါ ကပ်လှူသောသူက “ကပ္ပိယံ ဘန္တေပါဘုရား” ဟု ဆိုလျက် လက်သည်းဖြင့် ငရုတ်သီးကို ဆိတ်ပစ်၊ သို့မဟုတ် ချိုးပစ်လိုက်ရပါသည်။
အဓိပ္ပာယ်
(က)။ ကပ္ပိယံ။ အပ်စပ်အောင်၊ ကရောဟိ။ ပြုလုပ်ပေးပါလော့။ (ကပ္ပိယံ ကရောဟိ= ရဟန်းသံဃာတော်များ နှင့် အပ်စပ်အောင် ဘုဉ်းပေးသုံဆောင်ခွင့်ရအောင် ပြုလုပ်ပေးပါဟု ဆိုလိုသည်။)
(ခ)။ ဘန္တေ၊အရှင်ဘုရား၊ ကပ္ပိယံ၊ အပ်စပ်အောင် ပြုလုပ်ပြီးပါပြီဘုရား။
(ကပ္ပိယံဘန္တေ= ရဟန်းသံဃာတော်များနှင့် အပ်စပ်အောင်ပြုလုပ်ပြီးပါပြီဘုရားဟု ဆိုလိုသည်။)
မှတ်ချက်။ ။ဆွမ်း၊ ဆွမ်းဟင်း စားပွဲကပ်လှူပြီးပါက မကိုင်းကောင်း၊ ကိုင်လျှင် အကပ်ပျက်သည်ဟု မမှတ်ယူသင့်ပါ။ အချို့သောပုဂ္ဂိုလ်များဤသို့ မှတ်ယူနေကြပါသည်။ ကပ်လှူပြီးသော ဆွမ်းဟင်းများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံထည့်ပေးခြင်းသည်လည်းအကပ်မြောက်သည်သာဖြစ်သည်။ အကပ်မပျက်ပါ။
ဤသည်ကား ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ ဗုဒ္ဓဘာသာတို့ သိထားသင့်သော အချက်များပင်ဖြစ်ပေသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်( သာသနာရေးဝန်ကြီးဌာန)

Tuesday, November 13, 2012

ရန်ငြိမ်းလာဘ်စုံ ပုံရွှေတိဂုံစေတီတော်

ပဲခူး၊ အင်းတကော်၊ ဇနိတာရာမမိုးကုတ်ဝိပဿနာတောရအတွင်းရှိ ရန်ငြိမ်းလာဘ်စုံ ပုံရွှေတိဂုံစေတီတော်



သတိအမြဲရှိပါ

                                                        သတိအမြဲရှိပါ

ငါသည်  မုချ  သေရမည်  ...
အချိန်ပိုင်းသာ  လိုတော့သည် ...

                                                                               (မိုးကုတ်ဆရာတော်ဘုရားကြီး)

Saturday, November 3, 2012

သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း

သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း

သိန်းနိုင်

“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”


ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။

ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို 



ပုံမှန် ကလေး၊ ပုံမှန် ဆရာ

သိန်းနိုင်


“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”


အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို 



အကောင်းဆုံးကျောင်း

အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)

မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။
 
'ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ'
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။

'ဟေ့၊ ဖက်တီး'
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။

ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။

အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။

'ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး'
မြေးလေးက ၀မ်းသာအားရ ပြောတယ်။

'ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး'

အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
'မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်'

အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။

ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။

'အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား'
အသံတသံက ထွက်ပေါ်လာတယ်။
'ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား'
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။

မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
'မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ' လို့ ပြောလိုက်တယ်။

'အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ'

ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။

ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။

'အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ'

အဘိုးအို ပြန်ဖြေလိုက်တာက

'ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်'


မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)

Gingerbread Man ပုံပြင်

Gingerbread Man ပုံပြင်



(စကားချီး။ ။ ဒီကနေ့ သားသားရဲ့ ကျောင်းလက်ဆွဲအိတ်လေးထဲမှာ gingerbread man ပုံပြင်စာအုပ်လေး ပါလာပါတယ်။ သားသားတို့ကျောင်းမှာ တပတ်တခါ ပုံပြင်ပြောတဲ့နေ့ရှိတာကြောင့်၊ အဲဒီနေ့မတိုင်ခင်မှာ ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ပုံပြင်စာအုပ်လေး ထည့်ပေးမယ်လို့ ဆရာမတွေက ပြောပါတယ်။ မိဘက အိမ်မှာ ပုံပြင်စာအုပ်လေးကို ဖတ်ပြရပြီး ကလေးက နောက်နေ့မှာ သူမှတ်မိသလောက် ပြန်ပြောရပြီး၊ ဆရာမက ပုံပြင်လေးတွေကို ပြန်ဖတ်ပြမယ်ဆိုပဲ။ ကလေးတွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး၊ စကားပြော စွမ်းရည်ကို တိုးတက်စေရုံမက ဆယ်ယောက်ရှိတဲ့ အတန်းဆိုရင် ပုံပြင်ဆယ်မျိုးသိခွင့်ရသွားစေတဲ့ ဒီအစီအစဉ်လေးက စိတ်ဝင်စားစရာပါ။ ၂၁ ရာစုရဲ့ "မိဘဆရာ ပူးပေါင်း၊ ကလေး ပညာကောင်း" အစီအစဉ်လေးတွေက ကျွန်မတို့ ၂၀ ရာစုတုန်းကနဲ့ မတူပဲ ပိုပြီး အားကောင်းလာလေသလား မသိ။။ သားသားရဲ့ ကျောင်းအိတ်လေးထဲက သူ့နာမည်နဲ့ ဖိုင်လေးတဖိုင်ဟာ နေ့စဉ်နေ့တိုင်း ကျောင်းနဲ့ အိမ်ကို အသွားအပြန် ရောက်နေတော့တာပါပဲ။

ဒီဖိုင်လေးထဲမှာ သားရဲ့ တနေ့တာ ကျောင်းသားဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ တံဆိပ်တုံးလေ ပါလာပါတယ်။ အဲဒါကို ကြည့်ပြီး ကောင်းတယ်ဆိုရင် ကလေးကို မိဘက ချီးကျူးရပြီး၊ ဆိုးတဲ့ တံဆိပ်လေး ပါလာရင်တော့ မိဘက ဆရာမတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆုံးမစကားပြောဖို့ ဖြစ်ပါတယ်။ တံဆိပ်တုံးလေးဘေးမှာ မိဘက လက်မှတ်ထိုးပေးရပါတယ်။ အလားတူပဲ အိမ်စာစာရွက်လေး (အေ၊ ဘီ၊ စီ၊ ဒီ အရေးကျင့်တဲ့ စာရွက်လေး) ပါလာရင်လဲ ကလေးကို အိမ်စာလုပ်ခိုင်းပြီးတဲ့အခါ မိဘက လက်မှတ်ထိုးရပါတယ်။ ဒီနေ့တော့ ပုံပြင်စာအုပ်လေးကို ဖတ်ပြပြီးတဲ့အခါ ဖတ်ပြပြီးကြောင်းလဲ လက်မှတ်ပြန်ထိုးပေးရပါတယ်။ ပြီးရင် စာအုပ်လေးကို ကျောင်းလက်ဆွဲအိတ်လေးထဲ ပြန်ထည့်ပေးရမှာ ဖြစ်ပေမယ့် ကျွန်မချက်ချင်း ပြန်မထည့် ဖြစ်ပါဘူး။ ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဘာသာပြန် ရေးသားချင်စိတ်လေး ပေါ်လာတာကြောင့်ပါ)

ပုံပြင်လေးကတော့ ဒီလိုပါတဲ့ရှင်။



ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။

ကလေးငယ်လေးနဲ့ မိသားစုတွေကို တွေ့တိုင်း "တို့ဆီမှာ သားလေးတယောက်ရှိရင်" လို့ပြောပြီး အဖွားအိုက သက်ပြင်းချလေ့ရှိပါတယ်။

ဒီလိုနဲ့ တနေ့တော့
"ကျွန်မသိပြီ။ gingerbread man ပုံ သားငယ်လေးတယောက် လုပ်မယ်" လို့ အဖွားအိုက ဆိုပါတယ်။

အဖိုးအိုကလဲ သဘောတူတာကြောင့် သူမဟာ မုန့်လုပ်နည်းစာအုပ်လေးကို ထုတ်ပါတယ်။ gingerbread man လေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ချိန်တွယ်တိုင်းတာပြီး ရောသမမွှေလိုက်ပါတယ်။

မုန့်ကို နယ်ပြီး သဏ္ဍာန်လေး ဖော်လိုက်ပါတယ်။ နောက်တော့ မီးဖို (Oven)ထဲထည့်ပြီး ဖုတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတိုရဲ့ မီးဖိုလေးမှာ gingerbread ရနံ့လေး မွှေးကြိုင်လာပါတယ်။

ဒါကြောင့် အဖွားအိုက အဆင်သင့်ဖြစ်ပြီလို့ ဆိုပြီး မီးဖိုတံခါးလေးကို ဖွင့်လိုက်ပါတယ်။

ဒီအချိန်မှာပဲ အလွန်သေးငယ်တဲ့ gingerbread man လေးက မီးဖိုထဲကနေ ခုန်ထွက်လာပါလေရော။



gingerbread man လေးဟာ ကြမ်းပြင်ပေါ်မှာ ပြေးလွှားပြီး ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ပြေးထွက်သွားပါတယ်။
"ရပ်ပါဦး"
အဖွားအိုက လှမ်းခေါ်တယ်။
"ရပ်ပါဦး၊ ရပ်ပါဦး"
အဖိုးအိုကလဲ လှမ်းပြောတယ်။

ဒါပေမယ့် gingerbread man လေးကတော့ သီချင်းဆိုရင်း လမ်းတလျှောက်ပြေးလွှားသွားပါတယ်။ သူဆိုတဲ့ သီချင်းလေးက
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" ဆိုပဲ။

gingerbread man လေးဟာ နွားတကောင်နဲ့ မြင်းတကောင်ရှေ့က ဖြတ်ပြေးတယ်။
"သင့်ကို ကြည့်ရတာ သိပ်ပြီး အရသာရှိတဲ့ပုံပဲ" လို့ မြင်းက ဆိုတယ်။
နွားကတော့ "လူကလေး၊ ဒီကိုလာ" လို့ ဆိုတယ်။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်းနဲ့ နွားတို့က လိုက်လာတယ်။

ဒီလိုနဲ့ gingerbread man လေးက လယ်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီးရှေ့က ဖြတ်ပြေးတယ်။ လယ်သမားကြီးက
"အွန်း။ တော်တော်ကောင်းမယ့် ပုံပဲ" ဆိုပြီး "လူကလေး၊ ဒီကိုလာ" လို့ ပြောတယ်။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွားနဲ့ လယ်သမားကြီးတို့က လိုက်လာတယ်။

ဒီလိုနဲ့ gingerbread man လေးဟာ ကျောင်းတကျောင်းရှေ့က ဖြတ်ပြေးသွားတဲ့အခါ ကလေးတွေက အော်ကြတယ်။
"တို့တတွေ gingerbread ကို ကြိုက်တယ်။ ဒီကိုလာ၊ လူကလေး" တဲ့။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ လယ်သမားကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင် ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွား၊ လယ်သမားကြီးနဲ့ ကလေးတွေက လိုက်လာတယ်။

ဒီလိုပြေးရင်းပြေးရင်းနဲ့ gingerbread man လေးဟာ မြစ်တခုကို ရောက်လာပါလေရော။
သူက မြစ်ကိုဖြတ်ကူးချင်တယ်။ ဒါပေမယ့် ရေစိုမှာလဲ ကြောက်တယ်။
ဒီလိုအခြေအနေကို မြေခွေးကြီးက သတိထားမိသွားပါတယ်။

"ငါ့ရဲ့ အမြီးပေါ်ကို တွယ်တက်လာခဲ့ပါ။ မြစ်တဘက်ကမ်းကို ရောက်ဖို့ ကူညီပေးမယ်" လို့ မြေခွေးကြီးက ဆိုတယ်။
ဒါကြောင့် gingerbread man လေးက မြေခွေးအမြီးပေါ်ကို တက်လိုက်တယ်။
မြေခွေးက အမြီးကို ရေထဲမှာ ဆွဲပြီး ဖြတ်ကူးတယ်။
ပြီးတော့ "ဆောရီးပါ။ ရေမစိုအောင် ကျောကုန်းပေါ် တက်ပါ" လို့ ပြောတယ်။

gingerbread man လေးက ကျောပေါ်ကို တွယ်တက်လိုက်တယ်။
သိပ်မကြာပါဘူး။ ကျောပေါ်မှာလဲ ရေတွေ စိုလာပြန်ရော။

ဒါနဲ့ မြေခွေးက "ဆောရီးပါ။ ခေါင်းပေါ်ကို တက်" လို့ ပြောလိုက်တယ်။

gingerbread man လေးကလဲ ခေါင်းပေါ်ကို ခြေဖျားလေးထောက်ပြီး ဆက်တက်တာပေါ့။
ဒီလိုနဲ့ ခေါင်းပေါ်လဲ ရောက်ရော မြေခွေးက ခေါင်းကို လှုပ်ရမ်းပြီး gingerbread man လေးကို လေထဲမှာ မြှောက်လိုက်တယ်။ ပြီးတော့ gingerbread man လေးရဲ့ ခြေဖျားကို ဟပ်လိုက်ပါလေရော။

gingerbread man လေးရဲ့ လေးပုံတပုံက မြေခွေးပါးစပ်ထဲ ရောက်သွားတယ်။

မြေခွေးက နောက်တချက် ထပ်ဟပ်လိုက်တော့ တ၀က်လောက်ရာက်သွားတယ်။

မကြာပါဘူး။ လေးပုံသုံးပုံလောက် မြေခွေးပါးစပ်ထဲ ရောက်သွားပါရော။

မြေခွေးက နောက်တချက် ထပ်ဟပ်တယ်။

အဲဒီမှာတင် gingerbread man လေးဟာ မြေခွေးပါးစပ်ထဲ လုံးဝ ရောက်သွားပါတော့တယ်။

ရိုးရာပုံပြင်အား ပြန်ပြောသူ- Mairi Mackinnon
ဘာသာပြန်သူ- ခင်မမမျိုး (၃၀၊ ၈၊ ၂၀၁၁)

ရည်ညွှန်းပုံပြင်စာအုပ်။ ။

The Gingerbread Man (Illustrated by Elena Temporin, Retold by Mairi Mackinnon), 2007, Usborne Publishing Ltd.

ဆရာနှင့်ပညာရေး (အပိုင်း ၁)

ဆရာဆိုတာ


ရေးသားသူ - ခင်နှင်းစိုး

၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါဝင်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေကအောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ် [1] ။ နိုင်ငံတကာက ကျောင်းပေါင်း ၂၅ ကျောင်း (ထိပ်တန်း ၁၀ ကျောင်းအပါအ၀င်) ကို သူတို့ လေ့လာခဲ့ကြတယ် ။ သူတို့ကောက်ချက်ချတဲ့ ကျောင်းပညာရေးစနစ် အောင်မြင်ဖို့ အဓိကသုံးချက်ထဲမှာ 



ဆရာနှင့်ပညာရေး (အပိုင်း ၃)

ဆရာတွေအကြောင်း …


ရေးသားသူ - - ခင်နှင်းစိုး

လူတွေဟာ သူတို့စိတ်ဓါတ်ပေါ် မူတည်ပြီး ပြောဆို ဆက်ဆံ ပြုမူတတ်ကြပါတယ်။ ကျွန်မလုပ်သက် ဆယ့်သုံးနှစ်ကျော်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးမျိုး ရှိခဲ့တယ်။ စည်းကမ်းမဲ့၊ တာဝန်မသိတတ်သူတွေ၊ ကိုယ်နာမည်ကောင်းရဖို့ သူများကို ဂျောက်တွန်းသူတွေ၊ ကိုယ့်အမှားကို ၀န်မခံချင်သူတွေ၊ ကိုယ်ပဲမှန်တယ်ဆိုပြီး ခေါင်းမာသူတွေကို၊ အင်ဂျင်နီယာဖြစ်တုန်းက လျစ်လျူရှုနိုင်ခဲ့ပေမယ့်၊ ဆရာမဖြစ်လာတော့ အဲလိုလုပ်ဖော်ကိုင်ဖက်မျိုးကို တွေ့တိုင်း၊



ဆရာနှင့်ပညာရေး (အပိုင်း ၂)

ဆရာစိတ်ဓါတ်ဆိုတာ


ရေးသားသူ - - ခင်နှင်းစိုး

ဆရာတယောက်ဟာ သူဘာသင်လဲဆိုတာထက် သူက ဘယ်လိုဆရာဖြစ်တယ်ဆိုတာ ပိုအရေးကြီးတယ် “What the teacher is, is more important than what he teaches.” ဆိုတဲ့ အမေရိကန်စိတ်ရောဂါအထူးကုပညာရှင် Karl Menninger ရဲ့စကားဟာ ဆရာတွေအတွက် တန်ဖိုးရှိတဲ့စကားတခွန်းပါပဲ ။

ကျမတို့မြန်မာတွေဟာ ဆရာတွေကို မိဘနဲ့တန်းတူ အနန္ဒောအနန္ဒဂိုဏ်းဝင်ကျေးဇူးရှင်လို့ သတ်မှတ်ကြပါတယ် ။ ဒါပေမယ့် အဲလိုသတ်မှတ်ခံလိုက်ရတာနဲ့ ဆရာဆိုတာ ကျေးဇူးရှင်ဖြစ်သွားတယ်လို့ 



ကလေး နဲ့ စာပေ

ပညာရေး အကျပ်အတည်း (၅)

ကလေး နဲ့ စာပေ

အလိမ္မာစာမှာရှိဆိုတဲ့ ဆိုရိုးဟာ လူတွေ ယဉ်ကျေးလိမ်မာဖို့ စာဖတ်ကြရမယ် ဆိုတာကို သတိပေးထားတာပါပဲ။ ဒါကြောင့် ခေတ်တခေတ် အတွက် သမိုင်းကြောင်းတခု အတွက် အရေးပါလှတဲ့ ကလေးတွေရဲ့ အခြေခံပညာရေးမှာ စာရိတ္တ ပြုပြင် မွမ်းမံရေး နဲ့ ကိုယ်ကျင့်တရား ထိမ်းသိမ်းရေးတွေကို အရေးပါတဲ့ သင်ခန်းစာတွေအနေနဲ့ ထည့်သွင်းကြရ ပါတယ်။ နိုင်ငံတကာ ပညာရေး သင်ရိုးတွေကို လေ့လာရင် အဲဒီ ရည်ရွယ်ချက်တွေ အနည်း နဲ့ အများ ပါနေတာကို တွေ့ရပါတယ်။ ဒါထက်ပိုပြီး သတိပြု အတုယူစရာ ကောင်းတာကတော့ ကလေးစာပေကဏ္ဍပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကလေးတွေနဲ့ ပတ်သက်ပြီး ပျိုးထောင်ရာမှာ စာသင်ခန်းမှာတင် မကဘဲ စာသင်ခန်းပြင်ပမှာပါ ကလေးတွေရဲ့ သိမှုစွမ်းရည် (Intelligent Quient) နဲ့ ခံစားနိုင်မှုစွမ်းရည် (Emotional Intelligent)တွေ မြင့်မားဖို့ကို ဦးတည်တဲ့ ပတ်ဝန်းကျင်မျိုးတွေ ဖန်တီးပေးထားတာ တွေ့ရပါတယ်။ အဲဒီမှာ စာအုပ်စာပေသာမက ရုပ်မြင်သံကြား ဖျော်ဖြေရေး အစီအစဉ်တွေကိုပါ ကလေးတွေအတွက် အထူးဂရုတစိုက်နဲ့ အများကြီး လုပ်ပေးထားပါတယ်။ ဒါဟာ ကလေးတွေအတွက် စာသင်ခန်းမှာတင်မကပဲ သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း အများကြီး သင်ယူလို့ရအောင် စီစဉ်ပေးထားတာပါပဲ။

အိမ်မှာ ရုပ်မြင်သံကြား ကြည့်ရင်း ရုပ်မြင်သံကြား အစီအစဉ်တွေကနေတဆင့် ကလေးတွေ သိသင့် သိထိုက်တာ မှန်သမျှကို ကရင်း ခုန်ရင်း နဲ့ရော၊ ကစားရင်း အရုပ်ရေးရင်း နဲ့ရော၊ ကာတွန်းရုပ်ရှင် ကြည့်ရင်း နဲ့ရော သင်ယူလို့ ရကြပါတယ်။ ကလေးတွေရဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က သစ်သီးဝလံတွေ၊ ခွေး၊ ကြောင်၊ လိပ်ပြာ စတဲ့ တိရစ္ဆာန်တွေ၊ ဘီဒို၊ စားပွဲ၊ နာရီ စတဲ့ အိမ်သုံးပစ္စည်းတွေရဲ့ နာမည်တွေနဲ့အတူ ကလေးတွေနဲ့ ဘယ်လို ဘယ်ပုံ ပတ်သက်သလဲဆိုတာတွေ၊ ဘယ်လိုသုံးရသလဲ ဆိုတာတွေ သင်သွားတာများ လူကြီးတွေကိုတောင် စိတ်ဝင်စား မိစေပါတယ်။

ကလေးပညာရေးကဏ္ဍမှာ နာမည်ကျော်လှတဲ့ သြစတေးလျနိုင်ငံကတော့ ကလေး စာပေတင်မကဘဲ ကလေးရုပ်မြင်သံကြားလိုင်းကို သီးသန့်ထားပေးပြီး ကလေးဆိုင်ရာ ပညာရှင်တွေက တာဝန်ယူ စီစဉ်ပြီးတော့ ထုတ်လွှင့်ပါတယ်။ ကလေးကစားစရာ ကိုတောင်မှ သေချာ စမ်းသပ် စီစဉ်ပြီးမှ ကလေးဥာဏ်ရည် ဖွံ့ဖြိုးဖို့ အားပေးပြီး ကလေးအတွက် အန္တရာယ် ကင်းတဲ့ ကစားစရာမျိုးကိုပဲ တီထွင်ပြီး ထုတ်တာပါ။ အများအားဖြင့်တော့ နိုင်ငံတကာမှာက မျက်မှောက်ခေတ်အတွက် အရေးတကြီး လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟာ ကလေး တွေကို ဘက်စုံဖွံ့ဖြိုးအောင် မွေးဖို့ပဲလို့ နားလည်ပြီး အားတက်သရော လုပ်နေကြတာပါ။

ထိုင်းနိုင်ငံမှာကျတော့ ကလေးတွေရဲ့ ပညာရေးနဲ့ စာပေကဏ္ဍမှာ ထိုင်းရိုးရာ ယဉ်ကျေးမှုအခြေခံတဲ့ ပုံပြင်တွေ ကာတွန်းတွေနဲ့ နိုင်ငံတကာ ကလေးစာပေတွေကို ထိုင်းဘာသာနဲ့ ပြန်ဆိုထားတဲ့ ကလေးစာပေတွေ အများကြီးရှိတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကလေးစာပေသီးသန့်ရောင်းတဲ့ စာအုပ်ဆိုင် တွေတောင်ရှိတာပါ။ ပြီးတော့ ရုပ်မြင်သံကြား အစီအစဉ်တွေကလဲ ကလေးပညာပေးကဏ္ဍတွေ နေ့တိုင်းလွှင့်ပေးပြီး သူတို့ရဲ့ နူးညံ့သိမ်မွေ့ တဲ့ ဓလေ့နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖေါ်ထုတ်တဲ့ အကြောင်းအရာတွေ များပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ဝတ္ထုထွန်းကားတဲ့ခေတ်ထဲမှာ ထိုင်းလူမျိုးတွေဟာ အတုယူစရာ ကောင်း လောက်အောင် စိတ်နှလုံးနူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအယာတွေ ရှိနေသေးတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကလေးအစီအစဉ်နည်းပါးလှပြီး အချိန်ပေးတာလည်း နည်းလှပါတယ်။ ပြီးတော့ တင်ဆက်ထားတာတွေကလည်း အဟောင်းတွေကိုပဲ ထပ်ပြန်တလဲလဲ ပြတာမို့ ကလေးတွေက စိတ်မ၀င်စားတော့ပါဘူး။ ကလေးတွေ စွဲမက် လောက်စရာ အကြောင်းအရာ ဗဟုသုတလည်း မပါဘဲ ခေတ်လည်း မမီတော့တဲ့ ညောင်ပင် တစ္ဆေ လို ကစားနည်းမျိုးကို ပြတာမို့ ကလေးတွေအတွက် အကျိုး မရှိလှပါဘူး။ ကလေးတွေ အတွက် မြ၀တီရုပ်မြင်သံကြားက အမေးကမ္ဘာလို အစီအစဉ်မျိုး လုပ်ပေးတော့လဲ ကလေးတွေ အတွက် အကျိုးမရှိတဲ့ ၊ သရုပ်ဆောင်နာမည်တွေ၊ အာဏာပိုင်တွေ ၀ါဒဖြန့်တဲ့ လမ်းဖောက် တံတားဆောက် မေးခွန်းတွေ ကြော်ငြာကုန်ပစ္စည်း နာမည်တွေ၊ မေးတာမို့ အကျိုးမရှိတဲ့အပြင် ကလေးတွေကို လမ်းလွဲအတုယူ သွားစေတဲ့ အစီအစဉ်ပါပဲ။ မြန်မာနိုင်ငံဟာ ကလေးပညာရေး အတွက် စာအုပ်စာပေ မထွန်းကားရတဲ့အထဲ ပျံ့နှံ့လွယ်တဲ့ ရုပ်မြင်သံကြားအစီအစဉ်ကတောင် အဆိပ်အတောက် ဖြစ်နေတဲ့အတွက် ကလေးတွေရဲ့ အနာဂတ်အတွက် အားရစရာ မရှိပါဘူး၊၊

ကလေးတွေအတွက် စံပြဖြစ်စရာ အကြောင်းအရာတွေအများ ကြီးပါတဲ့ ကလေးစာပေ တွေ အများဆုံး ထွက်တာကတော့ ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံဟာလဲ ရုပ်မြင်သံကြားမှာ ကလေးအစီအစဉ်ကို သီးခြား တစ်လိုင်း ပေးထားတာပါ၊ ကလေးစာပေတွေရော ရုပ်မြင်သံကြား အစီအစဉ်တွေရောကို သူတို့ လူမျိုး၊ ဘာသာ၊ ဓလေ့ ထုံးစံ နဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းတွေ အဖြစ်အပျက်တွေနဲ့ ဖန်တီးထားတာမို့ ကလေးတွေနဲ့ သင့်တော်လှပါတယ်။ ပြီးတော့ ကလေးတွေရဲ့ စာဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးတဲ့အနေနဲ့ မူလတန်းမှာကတည်းက အတန်း အချိန်ဇယားထဲမှာ စာကြည့်တိုက်အချိန်လို့ ထည့်ထားပါတယ်။ ကလေးစာပေ ထွန်းကားဖို့ အတွက် အစိုးရကိုယ်တိုင်က အများကြီး ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့်ပဲ ဂျပန်နိုင်ငံဟာ ပညာရှင်တွေ အများကြီး မွေးထုတ်နိုင်တာလို့ ထင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျမတို့ငယ်စဉ်က တေဇရုပ်စုံ၊ ရွှေသွေး၊ ရွှင်ပြုံးတို့လို ဂျာနယ်တွေ အမျိုးမျိုးရှိသလို ပုံပြင်စာအုပ်တွေ ၅၅၀ဇာတ်တော် အခြေခံ ရုပ်စုံစာအုပ်တွေ၊ ကလေးကာတွန်း လုံးချင်းတွေ၊ ကလေးကဗျာစာအုပ်တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ရွှေသွေးတို့ တေဇတို့ မိုးသောက်ပန်းတို့ဟာ ကလေးတွေအတွက် လူမှုရေး ပညာရေးတွေနဲ့ ဆိုင်တဲ့ အတုယူ လိုက်နာစရာတွေ အများကြီးပေးနိုင်တဲ့ စာစောင်တွေပါ။ ၈၈အရေးတော်ပုံ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍနဲ့အတူ ကလေးစာပေ ကဏ္ဍ ဟာလည်း ယိုယွင်းပျက်စီးတဲ့ လှိုင်းထဲ ပါကုန် ပါတယ်။

နောက်တော့ စာအုပ်ဈေးတွေ ထိုးတက်သွားတာနဲ့အတူ စားဝတ်နေရေး အကျပ် အတည်းကြောင့် ပြည်သူလူထုအနေနဲ့ စာအုပ်စာပေအတွက် ငွေကုန် မခံနိုင်ကြတော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ အထူးသဖြင့် ၈၈နောက်ပိုင်း အာဏာပိုင်တွေက ကလေးတွေရဲ့ ပညာရေးနဲ့ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို အားမပေးတာကြောင့် ကလေးစာပေတွေ ကလေးအစီအစဉ်တွေဟာ မရှိတော့သလောက် ဖြစ်လာပါတယ်။ အဲဒီအခါ ကလေးတွေကလည်း မဖြစ်မနေ ဖတ်ကြရမယ့် ကျောင်းစာအုပ်ကလွဲရင် တခြား အပြင်စာ မဖတ်ကြ တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ၁၉၉၂ နောက်ပိုင်းမှာတော့ ပူတူတူးလေး၊ ပလုတ်တုတ်၊ ရွှေသွေး၊ တတိုင်းမွှေး တို့လို ကလေးစာအုပ်တွေ ကာတွန်းရုပ်စုံတွေ ပုံပြင်စာအုပ်တွေ ထွက်လာပါတယ်။

အဲဒီမှာ ကလေးဟာသတွေ တွေ့ရပေမဲ့ များသောအားဖြင့် ရယ်စရာဖြစ်အောင် အတင်းဇွတ် ဖန်တီး ထားတာ တွေသာ များပြီးတော့ ကလေးတွေ အတုယူစရာ ဘ၀ အတွေ့ အကြုံတွေ၊ ဗဟုသုတပေးတဲ့ အသိပညာ အတတ် ပညာတွေ၊ တိုင်းရင်းသားလူမျိုးစု အကြောင်းတွေနဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ထည့်ပေး တာမျိုး မတွေ့ရ သလောက် ပါပဲ။

၂၀၀၅ခုနှစ်ထဲမှာတော့ အကျိုးအမြတ် မကြည့်တဲ့ စာပေတိုက်တချို့ကြောင့် အင်္ဂလိပ်စာ လေ့ကျင့်သင်ခန်းစာတို့၊ ကိုယ်ကျင့်တရားတန်ဖိုးကို ဦးတည်တဲ့ ပုံပြင်စာအုပ် တို့လို ကလေးစာပေကောင်းတွေ တော်တော် ထွက်လာ ပါတယ်။ ဒါဟာ ကိုယ့်သားသမီးကို မြင့်မြတ်တဲ့စိတ်ထား ရှိစေချင်တဲ့ လိမ်မာရေးခြားရှိစေချင်တဲ့ မိဘတွေ အတွက်တော့ အခွင့်ကောင်း တစ်ခုပါပဲ။

ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ခေတ်အခြေအနေအရ စာအုပ်ဈေးကြီးပေမဲ့ ကလေးစာပေ စစ်စစ်ဟာ ကလေးတွေ ရဲ့ ဘ၀နဲ့ ပညာရည် ဖွံ့ဖြိုးဖို့အတွက် အားဆေးတစ်မျိုး ဖြစ်တာမို့ ကလေးတွေ စာဖတ်ခွင့်ရအောင် စီစဉ်ပေးဖို့ဟာ မိဘတွေအနေနဲ့ သမိုင်းပေး တာဝန် တစ်ရပ်လို တာဝန် ကျေကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း (ဇန်န၀ါရီ၊၂၀၀၆)

လိမ်နေလိုက်ကြတာ

ကျောင်းရှိသည် ဖြေးဖြေး

တစ်ခါတုန်းက

အပြုံးများ၏ နောက်ကွယ်


အပြောင်းအလဲတွေ

နည်းပညာနှင့် လူသားကျန်းမာရေး

Thursday, November 1, 2012

ရယ်စရာအဖုံဖုံ ဟာသစုံ

ချစ်ရတဲ့ မြေးလေး

အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး

ကျောင်းတက်တာ ကိုလာကြည့်တာပါ”

“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို

လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”







ပေါက်ကရမပြောနဲ့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။

“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”

“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”



စကားများသူများ


ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား

ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ

ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ

ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ

ဆရာမ။ ။ မင်းအမေကရော

ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..