Thursday, November 1, 2012

ရယ်စရာအဖုံဖုံ ဟာသစုံ

ချစ်ရတဲ့ မြေးလေး

အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး

ကျောင်းတက်တာ ကိုလာကြည့်တာပါ”

“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို

လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”







ပေါက်ကရမပြောနဲ့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။

“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”

“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”



စကားများသူများ


ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား

ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ

ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ

ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ

ဆရာမ။ ။ မင်းအမေကရော

ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..




No comments:

Post a Comment