Saturday, December 8, 2012


ငွေရှိတိုင်း မဖြစ်နှိင်သောအရာများ


လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း
ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို
ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)
ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို
မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို
ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)
ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်
(Time) ကို ဝယ်လို့မရဘူး။

ကမ္ဘာကျော် အဆိုအမိန့်များ


သီလစမ်းနည်း

လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။
(အေဘရာဟင် လင်ကွန်း)

ခေါင်းဆောင်ကောင်း ဆိုသည်မှာ

 
လူတစ်ယောက်ကို လေ့ကျင့်ပေးရန်ထက် ဖြုတ်ပစ်ရန်က ပိုလွယ်သည်။ ခေါင်းဆောင်ကောင်းများသည် လူများကို အလုပ်ဖြုတ်ရာ၌ နာမည်ကျော်သူများ မဟုတ်ကြ။ လူများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာ၌သာ နာမည်ကျော်သူများ ဖြစ်သည်။
(အမည်မသိ)


ခေါင်းဆောင်ဖြစ်ထိုက်သော လူနည်းစု

လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်းငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။
(လီယို တော်စတွိုင်း)

အမြင့်မားဆုံး ခေါင်းဆောင် ဆိုသည်မှာ


သူ့မှာ ရှိသော အသိဥာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်။
(ဖရက်ဒ် အေ မန်းစ်ကေး)


ခေါင်းဆောင်ရွေးရင် ဘာကို ဦးစားပေးမလဲ

ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။
(အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်)

ခေါင်းဆောင်ဖြစ်ချင်ရင်

 
လူတွေ၏ ဦးခေါင်းထိပ်ကို လက်သီးနှင့် ထိုးပြီး ခေါင်းဆောင်၍ မရ။
(ဒွိုက် ဒီ အိုက်ဆင်ဟောင်ဝါ)



ခေါင်းဆောင်ကောင်း၏ တန်ဖိုး

ခြင်္သေ့တစ်ကောင် ဦးဆောင်သော သိုးတပ်က သိုးတစ်ကောင် ဦးဆောင်သည့် ခြင်္သေ့တပ်ကို အောင်နိုင်၏။
(အာရပ်စကားပုံ)

 ခေါင်းဆောင်းကောင်းတစ်ယောက်ဖြစ်ချင်ရင်

“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”

“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

ကမ္ဘကျော်များ၏ အိုင်ဒီယာများ


အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်

ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။

ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။


သူတော်စင် ၀ိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။



ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။

- တခြားသူတွေထက် ပိုသိရမယ်

- တခြားသူတွေထက် ပို ကြိုးစားရမယ်

- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။



နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။



အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။



ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့ အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။



စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်

အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက် ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။



တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်


အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။



ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း

လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့ တစ်ယောက်မှ မစဉ်းစားကြဘူး။


အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း

လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့ သိပ်ကို အန္တရာယ် ရှိနေပြီ။



ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း

တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။


မင်းသားကြီး ချားလ်စ်

ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့ နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။

Sunday, December 2, 2012

ဓမ္မကထိကဆရာတော်များ ပင့်နိုင်ရန်လိပ်စာများ

ကျစွာဆရာတော် ဦးလက္ခဏ
သီရိလက္ခဏ၀ိပဿနာရိပ်သာ
(၄)ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ.ပိုင်း
အာသာဝတီလမ်း၊ ဗိုလ်မှုးဘထူးလမ်းမကြီး
ဖုန်း။ ၀၁-၅၈၁၃၉၀ ၀၉-၅၁၁၆၆၉၀

သီတဂူဆရာတော် အရှင်ဥာဏိဿရ
အမှတ်(၁၀)၊ ပင်လုံနှင့်ပါရမီလမ်း၊
မြောက်ဒဂုံ၊ ရန်ကုန်မြို့
ဖုန်း။ ၉၅၁-၅၈၁၇၇၇ ၉၅၁-၅၈၁၆၆၆

အောင်ဆန်းဆရာတော် အရှင်သဒ္ဓမ္မကတ္တိသာရ
မိုးကုတ်ဝိပဿနာရိပ်သာ
အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့
ရန်ကုန်မြို့
ဖုန်း။ ၀၁-၆၄၅၇၉၇ ၀၉-၅၀၂၁၄၅၈

ဖားအောက်ဆရာတော် အရှင်အာစိဏ္ဏ
ဖားအောက်တောရ၀ိပဿနာရိပ်သာ
သီလာဝါလမ်း၊ ဘုရားကုန်းကျေးရွာ
သန်လျှင်မြို့နယ်
ဖုန်း။ ၀၁-၅၆၂၁၉၂၇

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
မိုးညင်းသိ င်္ဂီကျောင်းတိုက်
အမှတ်(၂)လမ်းမကြီး၊ (၁၆)ရပ်ကွက်
ဒဂုံမြို့သစ်မြောက်ပိုင်း
ဖုန်း။ ၀၉-၅၁၉၆၁၂၇

ဓမ္မဒူတ အရှင်ပညိဿရ
ဓမ္မဒူတသာသနာ့ရိပ်သာ
ဟံသာဝတီဂေါက်ကွင်းအနီး
ဆယ်မိုင်ကုန်း၊ ပဲခူးမြို့။
ဖုန်း။ ၀၉-၅၁၀၄၆၆၉ ၀၉-၈၆၅၁၀၉၉

ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ
ကံဦးကျောင်းတိုက်၊ မဟာညောင်တုံးတိုက်
ဗိုလ်တစ်ထောင်ဘုရားလမ်း၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း။ ၀၁-၂၉၂၉၇၆ ၀၉-၂၀၂၆၀၃၁

သဲအင်းဂူဝိပဿနာ
သဲအင်းဂူကမ္မဌာန်းကျောင်းတိုက်
နောကုန်းကျေးရွာ
မှော်ဘီမြို့နယ်။

အရှင်ဇ၀န (မေတ္တာရှင်)
မန္တလေးကျောင်းတိုက်
၆ / ၁၀ရပ်ကွက်၊ ချင်းတွင်းလမ်း
ရွှေပြည်သာ၊ ရန်ကုန်မြို့
ဖုန်း။ ၀၁-၆၁၁၆၂၂ ၀၉-၅၀၁၆၆၆၃

မုံလယ်ဆရာတော် ဦးသံဝရ
ပဲခူး၊ ၁၀-မိုင်ကုန်း၊
မုံလယ်တောရ ဓမ္မရိပ်သာ
ပဲခူးတိုင်း
ဖုန်း၊ ၀၁-၂၄၇၅၇၆

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ
ရတနာမာရ်အောင် တောရဓမ္မရိပ်သာ
နွယ်သာကီလမ်း၊ ဉာဏရပ်ကွက်၊
ပုလဲမြို့သစ်၊ ရန်ကုန်မြို့။
ဖုန်း၊ (၉၅) ၀၉-၅၁၂ ၉၆၈၇ (၉၅) ၀၉-၂၀၄၃၇၉၄

ဓမ္မဒူတ အရှင်ဆေကိန္ဒ
ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်း
မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊
ရန်ကုန်တိုင်း

ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ
မိုးကုတ်ဝိပဿနာ ဇေတ၀န်ကျောင်းတိုက်
သမာဓိလမ်း၊ ထူးကြီးမြို့ အင်္ဂပူမြို့နယ်
ဟင်္သာတခရိုင်၊ ဧရာဝတီတိုင်း

ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ
ချမ်းမြေ့ဝိပဿနာရိပ်သာ
၅၅(အေ) ကမ္ဘာအေးဘုရားလမ်း ရန်ကုန်မြို့
ဖုန်း-၉၅၁-၆၆၁ ၄၇၉ ၉၅၁-၆၅၂ ၅၈၅

သဒ္ဓမ္မရံသီဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
သဒ္ဓမ္မရံသီရိပ်သာ၊ အမှတ် (၇)
ဇေယျာခေမာလမ်း၊ (၆) ရပ်ကွက်
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း။ ဖုံး-၅၄၈၀၈၆

ရွှေတောင်ကုန်းဆရာတော် အရှင်ပဏ္ဍိတာဘိဝံသ
ပဏ္ဍိတါရာမ တော၇ခန်းရိပ်သာ
ပဲခူးတိုင်း ၁၀မိုင်ကုန်း
ဖုန်း-၉၅၁ ၂၄၇၂၁၀ ၉၅၁ ၅၃၄၄၈

အနိစ္စဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ
ပင်လုံဝိဟာရကျောင်း၊ တေဇိန္ဒရာမကျောင်းတိုက်
ကုက္ကိုင်းလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
မြစိမ်းတောင် ၀ိပဿနာရိပ်သာ
လိမ္မော်ခြံကျေးရွာ၊ တိုက်ကြီးမြို့ နယ်၊ ရန်ကုန်တိုင်း
ဖုန်း ၀၁-၅၅၄၉၀၀ ၀၅၅-၂၀၃၄၁

ကျောက်တစ်လုံးတောရဆရာတော် အရှင်ဝါသေဌာဘိဝံသ
ကျောက်တစ်လုံးတောရကျေးရွာ
ကျိုက်မရောလမ်းခွဲ
မုဒုံမြို့နယ်၊ မွန်ပြည်နယ်
ဖုန်း။ ၀၉-၅၅၀၄၄၄၀

မြကျောက်ဆရာတော် အရှင်ခေမာစာရ
အတုလမဟာမြကျောက်စေတီ
ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း
ဖုန်း၊ ၀၂-၅၇၁၉၀

စွန်းလွန်းဆရာတော် ဦးဝရ
ကမ္ဘာအေးစွန်းလွန်းဂူကျောင်း (၇)မိုင်
သာလ’ာဝတီလမ်းမ၊ ဦးလွန်းမောင်လမ်း
(၇)ရပ်ကွက်၊ မရမ်းကုန်းမြို့
ရန်ကုန်မြို့

ကျိုက္ကလော့ဆရာတော် ဒေါက်တာအရှင်စန္တာဝရာဘိဝံသ
ကျိုက္ကလော့မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
သမိုင်းဝင်ကျိုက္ကလော့ဘုရားအနီး
မင်္ဂလာဒုံမြိုံနယ်၊ ရန်ကုန်မြို့
ဖုန်း။ ၀၁-၆၃၅၆၃၂ ၀၁-၆၃၆၅၈၀

အလိုတော်ပြည့်ဆရာတော် ဒေါက်တာအရှင်အရိယ၀ံသ
အလိုတော်ပြည့်ဓမ္မရိပ်သာ
ပင်ရွှေညောင်လမ်း၊ တာမွေမြို့နယ်
ဖုန်း။ ၀၁-၅၄၅၃၃၇ ၀၁-၅၄၈၈၆၁ ၀၉-၅၀၁၄၅၀၀

ညောင်ကန်အေး မဟာစည်ရိပ်သာ
အမှတ်(၆) ရန်ကုန်အင်းစိန်လမ်းမကြီး
အရှေ့ကျို့ကုန်း၊ အင်းစိန်မြို့နယ်
ရန်ကုန်မြို့
ဖုန်း။ ၀၁-၆၄၂၂၁၉ ၀၁-၆၄၁၄၆၉ ၀၉-၅၀၁ ၅၅၉၃

ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ
ဓမ္မရံသီမိုးကုတ်ဝိပဿနာရိပ်သာ
ကုန်းမြင့်သာယာရပ်၊ မိုးကုတ်မြို့
ဖုန်း။ ၀၉-၂၁၃၃၀၅၈ ၀၈၆-၂၀၂၇၄ ၀၈၆-၂၀၇၉၇

မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ
မဇ္ဈိမဂုဏ်ရည်မဟာစည် သာသနာ့ရိပ်သာ
မဇ္ဈိမဂုဏ်ရည်လမ်း (၁၀)တောင် (၁၁)ရပ်ကွက်
သာကေတမြို့နယ်၊ ရန်ကုန်သံလျင်တံတားအနီး
ရန်ကုန်မြို့
ဖုန်း။ ၀၁-၅၄၇၁၃၂ ၀၁-၅၅၃၀၆၈ ၀၉-၅၀၂၂၉၈၆

မြေဇင်းတောရဆရာတော် အရှင်ကေလာသ
အပြည်ပြည်ဆိုင်ရာ ဗောဓိအေးငြိမ်းမြေဇင်းတောရရိပ်သာ
အောင်သိဒ္ဓိလမ်း
မြို့ကြီးကုန်းရပ်ကွက်၊ လှည်းကူးမြို့
ဖုန်း။ ၀၉-၂၀၃၃၃၄၄ ၀၉-၅၅၅၄၆၆၆

ဆရာတော် အရှင်ဇဋိလ
အဂ္ဂမဟာကမ္မဌာနာစရိယ သြ၀ါဒါစရိယ နာယကချုပ်
မဟာစည်သာသနာ့ရိပ်သာ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း ၀၁-၅၄၁၇၉၁ ၀၁-၅၅၂၅၀၁

အရှင်ပညာသီဟာဘိဝံသ
ရန်ကုန်ပဉ္စနိကာယ်ကျောင်းတိုက်
ကံဘဲ့ဘူတာလမ်း၊ မိုးကောင်းမှတ်တိုင်၊ ရန်ကုန်မြို့။
ဖုန်း ၀၁-၅၆၄၃၆၀ ၀၉-၅၁၅၁၅၁၄

ရွှေမြင့်မိုရ်ဆရာတော် အရှင်သောဘန
ရွှေမြင့်မိုရ်မိုးကုတ်ဝိပဿနာကျောင်းတိုက်
အမှတ်(၁)ကျောင်းတိုက်၊ ပါရမီလမ်း
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း။ ၀၁-၅၇၁၂၅၈

တောတိုက်ဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တဓမ္မသာရ
တောတိုက်ဓမ္မရိပ်သာကျောင်းတိုက်
ဓမ္မရိပ်သာလမ်း တောတိုက်ရပ်ကွက်၊
မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းခရိုင်၊
ရန်ကုန်တိုင်း
ဖုန်း။ ၀၁-၇၀၆၇၁၄၊ ဥပဌာကရုံး-၆၃၇၂၈၁

IMC ဆရာကြီးဦးဘခင်ရိပ်သာ
(၃၁-က)၊အင်လျားမြိုင်လမ်း၊
ဗဟန်းမြို့နယ်၊
ဖုံး-၂၂၄၀၈၄

ဇနိတာရာမကျောင်းတိုက်
မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
ဆရာစံရပ်ကွက်၊ ဂတ္တလစ်။
ဖုံး-၅၄၆၆၈၄။

ဆရာကြီးဦးသန်း
လယ်တီမူ ၀ိပဿနာကမ္မဠာန်းကျောင်းတိုက်
(၃၃၇-က)၊ပြည်လမ်း။
ဖုံး- ၅၃၀၃၂၉။

မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်
၈၂၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်။
ဖုံး-၅၄၆၆၈၄

ဓမ္မဒူတ အရှင်ပညာဝရ
ပဓာနနာယကဆရာတော် - ဓမ္မဒူတပရိယတ္တိစာသင်တိုက်၊ သိမ်ဇရပ်
ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ်။
ဝ၉-၈၇၂ဝ၂ဝ၈၊ ဝ၉-၅၁၈ ၅၇၃၄

အောင်စကြာဆရာတော် အရှင်စန္ဒသူရိယ
အောင်စကြာတိုက်ကျောင်း၊ သရက်တောကျောင်းတိုက်
လမ်းမတော်မြို့နယ်၊ ရန်ကုန်။
၂၂၄၆၈၁၊ ဝ၉-၈ဝ၂၁၁၂၇၊ ဝ၉-၅၁၁၈၅၃ဝ

ဆရာတော် အရှင်ပုညာနန္ဒ
ပုညာရာမမိုးကုတ်ဝိပဿနာကျောင်းတိုက်
နဝရတ်လမ်း၊ ၉-ရပ်ကွက်၊ သာကေတ
၀၁-၅၅၃၃၃ဝ၊ ဝ၉-၅ဝ၁၃၂၉၇၊ ၀၁-၅၅၁၁၇၂၊ ၀၁-၅၅၃၃၃ဝ

မင်းကွန်းဓမ္မစေတီဆရာတော် အရှင်နာဂိန္ဒာလင်္ကရ
ဓမ္မစေတီဖောင်ဒေရှင်း
မင်းကွန်းတောင်ရိုး စစ်ကိုင်းမြို့
ဖုန်း။ ၀၂-၆၅၃၇၆ ၀၉-၂၀၂၄၅၄၀ ၀၉-၆၈၀၇၂၆၂

အောင်စင်္ကြာဆရာတော် အရှင်စန္ဒသီရိ (မိုးကုတ်)
အောင်စင်္ကြာ မိုးကုတ်ဝိပဿနာကျောင်းတိုက်
(၇)ရပ်ကွက်၊ သာကေတမြို့နယ်
ရန်ကုန်တိုင်း
ဖုန်း ၀၁-၅၄၇၀၂၈

Saturday, December 1, 2012

ကြာပန်းခိုင်များ ထူးခြားစွာ ပွင့်ပေါ်

ထူးဆန်းစွာ ပေါ်ထွက်လာသော ကြာပွင့်တစ်ပွင့်မှ ကြာပန်းများအား အနီးကပ်တွေ့ရစဉ်

ထိုကြာပွင့်ပုံပါ ဓါတ်ပုံများကို ဦးမျိုးအောင်မိသားစုမှ ပြန်လည်ဝေငှလှူဒါန်းခဲ့သည်

ကြာပွင့်များကို စတင်တွေ့ရှိခဲ့သူ ရွှေပြည်သစ်အုတ်သဲကျောက်ရောင်ဝယ်ရေးပိုင်ရှင် ဦးမျိုးအောင်

ကြာပွင့်များ ပွင့်ထွန်းပေါ်ပေါက်ရာနေရာ

ကြာပန်းနှင့်ပတ်သက်၍ ဒကာများက မေးမြန်းလျှောက်ထားနေကြစဉ်

ကြာပန်းနှင့်ပတ်သက်၍ ဒကာများက မေးမြန်းလျှောက်ထားနေကြစဉ်

ကြာပန်းနှင့်ပတ်သက်၍ ဒကာများက မေးမြန်းလျှောက်ထားနေကြစဉ်

ကြာပန်းများ အပူဇော်ခံထားရာ နေရာ

ကြာပန်းများ စတင်တွေ့ရှိခဲ့သော ဦးမျိုးအောင်မိသားစု

အဖွား အသက်ရှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ယနေ့တိုင်မတွေ့ဖူးသေးဟု ထူးဆန်းမှုများကိုလျှောက်ထားသူ အဖွားတစ်ဦး
“ကမ္ဘာတံဆိပ် ကြာနိမိတ်”ဟူသောဝေါဟာရနှင့် အညီ  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့
နယ်၊ ၁၀၈-ရပ်ကွက်၊ ကုန်းဘောင်လမ်းမ  ရွှေပြည်သစ်အုတ်သဲကျောက်ရောင်းဝယ်ရေး၊ ဦးမျိုးအောင်၏
နေအိမ်အနီး  ရေအိုင်အနီးတွင်  ထူးဆန်းစွာပွင့်နေသော  ကြာပန်းခိုင်များကို  တွေ့ရှိခဲ့သည်။
           ကြာပန်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးများကို တိုးတက်စေသည့် အတိတ်ထူး နိမိတ်ထူးများကို ဖော်ညွှန်းသော ပန်းတစ်မျိုးအဖြစ် ဗုဒ္ဓစာပေနှင့်တကွ ရှေးပညာရှင်တို့
ဖော်ကျူးဖွင့်ဆိုခဲ့ကြသည်။
           ကြာပန်းနှင့်ပတ်သက်သော ထူးခြားချက်များကို ဆက်လက်ရေးသားပေးပါမည်။