Friday, October 26, 2012

လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွားသလို

လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွားသလို

          နေရာက ပွဲခွင်တစ်ခု၏ နှစ်ပါးခွင်တစ်ခုတွင်ဖြစ်သည်။
          မင်းသမီးက “ဖျားနှမလေး ပင်ပန်းလှပါပြီ မောင်မောင်၊  ဒီစခန်းကဖြင့် တစ်လှမ်းမှပင် မရွေ့နိုင်
တော့ပါဘူး”ဟုဆို၍  ထိုင်ချလိုက်လေသည်။ 
        ထိုအခါမင်းသားက “ဘာမှ စိုးရိမ်တော်မူပါနဲ့  နှမငယ်။ လားနှစ်ကောင်စပ်ကြား မြင်းသွားသလိုပ”
ဟူ၍ ဆိုလိုက်လေ၏။
        ဒီအခါ ဘေးမှာရှိတဲ့ လူပျက်တစ်ဦးက “ဘယ်နှယ်ဟာလည်း  ကိုယ်တော်၊ သူတကာ့မင်းသားများ
မှာ  မင်းသမီးက ပင်ပန်းလှပါပြီ၊ မောလှပါပြီလို့ဆိုရင်  မင်းသားက မလိုက်လိုက်အောင် ချော့မော့ပြီး
ခေါ်ရပါတယ်။  အခုတော့  ကိုယ်တော့ဟာက “လားနှစ်ကောင်ကြား မြင်းသွားသလိုပ”ဆိုတော့၊ မင်းသမီး
ကလိုက်ပါလိမ့်မယ်။ ကိုယ်တော့ချော့ပုံမျိုးနဲ့”
         ထိုအခါ  မင်းသားက လူပျက်ဘက်လှည့်ကာ“ ဟဲ့  ဟဲ့  လူမိုက်မျိုးတို့၊  မင်းသမီးကို ချော့လို့မှ ချော့
မှန်းမသိတဲ့ဟာတွေ၊ အခုပွဲကိုရှုစားနေကြတဲ့ အစ်ကိုအစ်မတွေက နားကြီးမျက်စိကြီးတွေဟဲ့၊  တစ်ထွာ
လောက်ပြောလိုက်ရုံနဲ့  တစ်လံလောက်နားလည်တော်မူကြတာ။ ရပ်ကြီးသူရပ်ကြီးသားတွေဟဲ့။  ရှေးက
မင်းသားတွေဆို ခုလိုမင်းသမီးက မလိုက်နိုင်တော့ဘူးဆိုရင် “စိုးပါနဲ့မေ၊  မိုးကြယ်မို့လား၊ သည်တောင်ကို
မောင်ဖြိုပါ့မယ်၊ မြင်းမိုရ်မို့လား။”လို့  ဆိုကြတယ် ချော့ကြတယ်မဟုတ်လား။ ကာလက အတိုကြိုက်တဲ့
ကာလဟဲ့။ ဒါကြောင့်မို့ ငါကလည်း အတိုကောက်ကို ဆိုလိုက်ရတာဟဲ့။
        ထိုအခါ လူပျက်က“စိုးပါနဲ့မေနဲ့  ကိုယ်တော့လားတွေ မြင်းတွေနဲ့ ဘာဆိုင်တာမှတ်လို့” ပြန်ပြောပါ
တယ်။
        ဒီအခါ မင်းသားက“ကျွန်မျိုးမကမွေးတဲ့ သပေါက်မသားတွေ။ မြင်းစီးလို့မှ အထီးမှန်းအမမှန်း မသိကြ
ဘူး။ ဒီမယ် နားထောင်ကြ “စိုးပါနဲ့မေ၊ မိုးကြယ်မို့လား။ ကြယ်မို့လားနေရာမှာ လားတစ်ကောင်နော် မှတ်
ထား။  သည်တောင်ကိုမောင်ဖြိုပါ့မယ် မြင်းမိုရ်  အဲမြင်းမိုရ် ဆိုတဲ့နေရာမှာ မြင်းတစ်ကောင်နော်၊ ပြီးတော့ 
မို့လား ၊ အဲဒီမို့လားနေရာမှာ လားတစ်ကောင်၊ သည်တော့ လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွား
သလို”မဟုတ်လားဟူ၍  မင်းသားကရှင်းပြလိုက်တော့ ပရိသတ်ကြီးတစ်ခုလုံး ပတ်တုပ်လို့ပင်မရအောင်
ရယ်မောလိုက်ကြပါသတဲ့။
                                                                                     (ဦးလတ်ရေး  ရွှေပြည်စိုးဝတ္ထုမှ)
 

ရယ်ကြမယ်

ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
 
 
 ဆက်သွယ်လိုလျှင် 

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’





ဥပေက္ခာ



ဥပေက္ခာ


သူတစ်ထူး ပေါ်မှာ
ထားခဲ့မိတဲ့ ရိုးသားမှုတွေ ကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ် နာလာတယ် .....
သူတစ်ထူးရှေ့မှာ

ချစ်ခင်ခဲ့မိတဲ့ မျှော်လင့်ခြင်းတွေကို
ဥပေက္ခာပြုခံလိုက်ရတဲ့ခါ
ရှက်ရွံ့ ရင်မှာတဆစ်ဆစ်နာတယ် .....


Thursday, October 18, 2012

ကထိန်အလှူအကြောင်းသိကောင်းစရာ



ခွင့်ပြုတော်မူခြင်း၏ ရည်ရွယ်ချက်

သုံးလောကထွဋ်တင် သဗ္ဗညုဘုရားသခင်သည် ဇေတဝန်ကျောင်းတော်မြတ်၌ ကိန်းဝပ်စမ္ပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကရဋ္ဌတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးဂျိပ်တို့အား အကြောင်းပြု၍-ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သံဃာတော်များအား သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကြမှု မရှိစေဘဲ
၁။ ရဟန်းသံဃာတော်များ သင်္ကန်းရစေမှု၊
၂။ ကထိန်အာနိသင် ၅ပါး ခံစားရမှု၊
၃။ ကထိန်သင်္ကန်းလှူသူ အကျိုးများမှု၊
ဤအချက်ကြီး၃ချက်ကို ရည်မှတ်တော်မူလျက် ''အနုဇာနာမိဘိ က္ခဝေ ဝဿံဝုတ္ထာနံဘိက္ခူနံ ကထိန် အတ္ထရိတုံ'' အစရှိသဖြင့် ဝိနည်း မဟာဝါကထိနက္ခန္ဓက၌ လာသည့်အတိုင်း ဝါကျွတ်မိုးနှောင်း အချိန်ကောင်းတွင် ကထိန်ခင်းမှုကို ခွင့်ပြုသတ်မှတ် ပညတ်တော်မူခဲ့လေသည်။

ကထိန်သင်္ကန်း

ကထိနစီဝရ - ကထိန်သင်္ကန်း၊ ကထိန်ကံဆောင်ရန် လှူအပ်သောသင်္ကန်း။
ဘုရားရှင်လက်ထက်က ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ သံဃာတော်များ သင်္ကန်းလုံလောက်ရန် ကထိန်သင်္ကန်း အလှူခံခွင့်ပြုထားသည်။ ကထိန်ခင်းရန် ခွင့်ပြုသော ရက်အပိုင်းအခြားသည် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ ဖြစ်သည်။ ကထိန်သင်္ကန်းကို အမိအဖတို့ထံမှသော်လည်း အလှူမခံရပါ၊ သဒ္ဓါအလျောက် ဖြစ်ပေါ်လာသော သင်္ကန်းဖြစ်မှ သိမ်အတွင်း ဝါဆိုသံဃာများစုဝေး၍ ကမ္မဝါရွတ်ဖတ်ပြီး ကထိန် ခင်းရသည်။ သင်္ကန်းလှူသောအခါ ပုဂ္ဂိုလ်ကို မလှူရ။ သံဃာကို ရည်ညွှန်းလှူရသည်။ သံဃာ့အစည်းအဝေး၌ သင်္ကန်းရှားပါးသော ရဟန်းအား ထိုကထိန်သင်္ကန်းကို ပေးရသည်။ လှူသောသူရော ခံယူသူ ရဟန်းပါ အကျိုးငါးမျိုးရရှိသည်။

ကထိန်ဟူသော ဝေါဟာရ

ကထိန်ဟူသော ဝေါဟာရသည် ကထိနဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာသော စကားဖြစ်ပါသည်။ ရိုးရိုးအဓိပ္ပါယ်မှာ မြဲမြံခြင်းဟူသော အနက်အဓိပ္ပါယ် ရှိပါသည်။
ကထိန်အာနိသင်အကျိုး ငါးမျိုးသည် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ (၅)လတိုင်တိုင် ကထိန်ခင်းသော ကျောင်းတိုက်အတွင်း၌ မြဲမြံခိုင်ခံ့တည်တံ့ စေတတ်သော အနက်သဘော၊ ကထိန်အကျိုးအာနိသင်ငါးမျိုးကို ကထိန်ခင်းသော သံဃာမှတစ်ပါး အခြားသံဃာတို့ မရောက်စေမူ၍ ကထိန်ခင်းသော သံဃာအားသာ ရရှိအောင် ချီးမြှင့်ထောက်ပံ့တတ်သော အနက်သဘော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကောင်း၏တော်၏ဟု ချီးမွမ်းအပ်သောအနက်သဘော၊ ဟူ၍ ကထိန်နှင့်ပတ်သက်၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးသားကြပါသည်။ အချုပ်မှာ ကထိန်အကျိုးငါးပါးကို မြဲမြံခိုင်ခန့်တည်တံ့ စေနိုင်သော ဘုရားစသော သူတော်ကောင်းကို ချီးမွှမ်းအပ်သော သံဃာတော်များ ဆောင်ရွက်ရသော အလုပ်ကိစ္စ (သံဃာကံ)သည် ကထိန်မည်ပါသည်။

ကထိန်သင်္ကန်း လှူသူတို့၏ အကျိုးငါးပါး

ကထိန်အကျိုး(၅)ပါးကို ရဟန်းတို့ရသလို လှူဒါန်းသူ ဒါယကာတို့မှာလည်း အကျိုးငါးပါးရပါသည်-
၁။ မိမိအား ချုပ်ချယ်သူမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊
၂။ ကိုယ်ပိုင်ပစ္စည်းနှင့်ကင်းကွာနေသော်လည်း မပျက်စီးနိုင်ခြင်း၊
၃။ မွန်မြတ်သော အစာအဟာရကို စားသုံးနိုင်ခြင်း၊
၎။ ပစ္စည်းအပေါ်စွဲလမ်းမှုမရှိဘဲ အလိုရှိတိုင်း သုံးစွဲနိုင်ခြင်း၊
၅။ အလိုရှိသောပစ္စည်းများ အလွယ်တကူရနိုင်ခြင်း၊
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်က လူတို့ လှူဒါန်းသော သင်္ကန်းကိုခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်းလှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြာသော ရဟန်းများကို ဝါဆိုချိန်ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန်တို့၌ ဝါဆိုသင်္ကန်းကို ကပ်လှူကြသည်။

ကထိန်သင်္ကန်း အလှူခံရဟန်း ရရှိသောအကျိုးငါးပါး

ကထိန်သင်္ကန်းနှင့်ပတ်သက်၍ ကထိန်ခံရဟန်းနှင့် ကထိန်အနုမောဒနာပြုရဟန်းတို့ ရရှိသော အကျိုးတရား ငါးပါးရှိပါသည်။
၁။ ဆွမ်းဘုဉ်းပေးပင့်သော ဒါယကာတို့အိမ်သို့မြ<ွကမီ အနီးရှိ ရဟန်းတစ်ပါးပါးကို မပြောကြားဘဲ အခြားဒါယကာ တစ်ဦးအိမ်သို့ သွားသော်လည်း စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၂။ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် (၁)ထည်ထည်နှင့်ဖြစ်စေ၊ (၃)ထည်လုံးနှင့်ဖြစ်စေ ညဥ့်ကင်း၍ နေသော်လည်း ဒုတိယကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၃။ တပည့်တော်တို့၏ ထမင်းကို အလှူခံတော်မူပါဟု မအပ်သောနည်းဖြင့် ဖိတ်သောဒါယကာတို့၏ ဆွမ်းကို လေးပါး ငါးပါးထက်ပိုသော ရဟန်းတို့အတူတကွယူ၍ အတူတကွဘုဉ်းပေးသော်လည်း ဂဏဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ခြင်း၊
၎။ မိမိရရှိသော သင်္ကန်းများကို အဓိဋ္ဌာန်ပတ်၊ ဝိကပ္ပနာမပြုဘဲ (၁ဝ)ရက်လွန်အောင်ထားသော်လည်း ပထမကထိန သိက္ခာပုဒ်ဖြင့် အာပတ် မသင့်ခြင်း၊
၅။ မိမိတို့ကျောင်း ဥပစာအတွင်း၌ ဖြစ်ပေါ်လာသော မတသန္တကစိဝရစသော သံဃိကအဝတ်သင်္ကန်းဟူသမျှကို ဝါကျိုး ဝါပြတ်ရဟန်း အာဂန္တုကရဟန်းတို့အား မပေးဝေရဘဲ မိမိတို့သာ ဝေဖန်၍ ယူနိုင်ခြင်း၊ ဟူသော အကျိုးငါးပါးကို ရရှိခံစားရပါသည်။

ပရိက္ခရာ ၈-ပါး သိမှတ်ဖွယ်

ပရိက္ခရာ ၈-ပါး-

၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး
၆။ ၀ါသိက= ခေါင်ရိတ်ဓား
၇။ သူစိ= အပ် အပ်ချီ
၈။ ပရိသာဝန= ရေစစ်

သပိတ်၊ သပိတ်လွယ်၊ သပိတ်ခြေ ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်)(ဝိမြန် ၄၊ ၂၄၆)
ရဟန်းတို့ ဤသစ်သားသပိတ်ကို ဖျက်ဆီးကြကုန်လော့၊ အစိတ်စိတ်အြ>ွမြာ>ွမာလုပ်၍ ရဟန်းတို့အားမျက်စဉ်းကြိတ်ရန် ပေးကုန်လော့။
ရဟန်းတို့ သစ်သားသပိတ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ ဟု မိန့်တော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့် ပြီးသည်လည်း ဖြစ်သော ငွေဖြင့် ပြီသည်လည်း ဖြစ်သော အကောင်းအညံ့ ဖြစ်သော သပိတ်တို့ကို ဆောင်ကုန်၏။
လူတို့သည် 'ကာမဂုဏ်ခံစားသူ လူတို့ကဲ့သို့တည်း' ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရွှေသပိတ်ကို မဆောင်အပ်။ပ။ ငွေသပိတ်ကို မဆောင်အပ်။ ပတ္တမြားသပိတ်ကို မဆောင်အပ်။ကျောက်မျက်သပိတ်ကို မဆောင်အပ် ဖလ်သပိတ်ကို မဆောင်အပ်။ကြေးသပိတ်ကိုမဆောင်အပ်။ စဥ့်သပိတ်ကိုမဆောင်အပ်။ ခဲမဖြူသပိတ်ကိုမဆောင်အပ်။ ခဲပုပ်သပိတ်ကို မဆောင်အပ်။ ကြေးနီသပိတ်ကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ သံသပိတ်၊ မြေသပိတ်ဟု ဆိုအပ်သော သပိတ်နှစ်မျိုးတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
၂၅၃။ ထိုအခါ သပိတ် အရင်း 'အောက်ဖက်'သည် ပွန်းခဲ့သဖြင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သပိတ် နှီးဝန်းကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)
ရဟန်းတို့ ခဲမဖြူဖြင့် ပြီးသည်လည်းဖြစ်သော ခဲပုတ်ဖြင့် ပြီးသည်လည်းဖြစ်သော သပိတ် နှီးဝန်းနှစ်မျိုးတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
ထိုအခါ များစွာသောသပိတ်တို့ကို လွင်တီးခေါင်၌ သပိတ်ခြေမပါဘဲ ထားကုန်၏။ သပိတ်တို့သည် လေပွေခတ်သဖြင့် လိမ့်၍ကွဲကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သပိတ်ခြေကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
ရဟန်းတို့ သပိတ်ထားစရာ အဝကျယ်သောအိုးကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ သပိတ်ထားစရာအိုး၌ သပိတ်သည် ပွန်းခဲ့ပြန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သပိတ်အိတ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)
ပခုံးလွယ် မရှိသဖြင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပခုံးလွယ်ကိုလည်းကောင်း၊ ဖွဲ့ ကြိုးကိုလည်းကောင်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)



Wednesday, October 17, 2012

မေး၍ဖြေရပါသည်


လက်ဘက်ရည်နှင့် ကောင်းကျိုးဆိုးကျိုး

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ဖြစ်စဉ်ကဒီလိုပါ။

 ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref:GreatHorseTea
source>>>http://natureenergycare.blogspot.com/2012/10/blog-post_8.html#more

နိုင်ငံတော်သမ္မတကြီး၏ ဘ၀ပုံရိပ်များ

သမ္မတကြီးဦးသိန်းစိန် ငယ်စဉ်ကလေးဘ၀က သင်္ဘောပေါ်တွင်အမှတ်တရ
သမ္မတကြီးဦးသိန်းစိန်၏ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှ နေအိမ်

သမ္မတကြီးအခြေခံလောကီလောကုတ္တရာစာပေသင်ယူခဲ့ရာ တိုင်တစ်ရာကျောင်း(ယခု  ဓမ္မပါလကျောင်း)

သမ္မတကြီးနှင့်  ဒေါ်ခင်ခင်ဝင်းတို့ မင်္ဂလာဆောင်စဉ်က အမှတ်တရ

သိင်္ဂါလောဝါဒဆုံးမစာများ

*သားသမီးကျင့်ဝတ် ( ၅ ) ပါး
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း ၊
(၂) မိဘတို့၏အမှုကိစ္စကိုဆောင်ရွက်ခြင်း ၊
(၃) မိဘစကားကိုနားထောင်၍ မိဘတို့အမွေကိုခံထိုက်အောင်ပြုလုပ်ခြင်း ၊
(၄) မိဘတို့ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း ၊
(၅) မိဘတို့၏ မျိုးအနွယ် အမျိုးဘာသာ သာသနာကိုစောက်ရှောက်ရခြင်း ၊

*မိဘကျင့်ဝတ် ( ၅ ) ပါး
မကောင်းမြစ်တား ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ။

(၁) မကောင်းမှုများကိုတားမြစ်ခြင်း ၊
(၂) ကောင်းမှူကောင်းရာများကိုညွှန်ပြရခြင်း ၊
(၃) အတတ်ပညာ သင်ကြားပေးရခြင်း ၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန်ပေးရခြင်း ၊
(၅) လက်ထပ်ထိမ်းမြားပေးရခြင်း ၊


*တပည့်ကျင့်ဝတ် ( ၅ ) ပါး

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီး , လုပ်ကျွေး သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ ။

(၁) ဆရာသင်ကြားဆုံးမသမျှကို လေးစားစွာဂရုတစိုက် နာခံမှတ်သားရခြင်း ၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျှက် ခရီးဦး ကြိုဆိုရခြင်း ၊
(၃) ဆရာ့ထံပါး ဆည်းကပ်ခစားရခြင်း ၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း ၊
(၅) ဆရာသင်ပေးသော သင်ခန်းစာများကို လေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွတ်ဆိုရခြင်း ၊



ဆရာ (သို့) အိုးထိန်းသည်

ဆရာ (သို့) အိုးထိန်းသည်
                                     
အိုးထိန်းသည်ကအိုးကိုကွယ်
ကြိမ်ဖန်များစွာပုတ်လို့ရယ်
ကွဲဖို့မရည်ရွယ်
သူ့စိတ်ဝယ် နှလုံးသွင်း
လှပစေဖို့ပုတ်ခတ်ခြင်း
ဆရာ့ကျောင်းတွင် ပညာရှာ
တပည့် တို့တစ်တွေဟာ
သင်ဆရာရိုက်ပါလည်း
လိမ္မာစေဖို့ပဲ
ဆရာတိုင်း၏ မေတ္တာတွင်
နှလုံးစိတ်ဝမ်း လွန်ဖြူစင်
ပညာသင် တို့တစ်တွေများ
ဆရာတွေကို  အစဉ်လေးစား။


       ဆရာတိုင်း၏မေတ္တာကိုခံယူနိုင်ကြပြီး
       ဆရာများအပေါ်တွင် ထာဝရလေးစားသော
       တပည့်ကောင်းတပည့်မွန်လေးများဖြစ်နိုင်ကြပါစေ…။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစတင်တည်ထောင်ဖြစ်ခဲ့ပုံနှင့် ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်




           မာဂဓီ-သာစည်ကျောင်းတိုက်ကို သာသနာရေးဝန်ကြီးဌာန၊  အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း
နည်းပြ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ပညာသာမိ(မာဂဓီ-
သာစည်)ဆရာတော်ဘုရားကြီးကစတင်တည်ထောင်တော်မူခဲ့ပါသည်။ မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းကို ၂၀၀၇-ခုနှစ်မှာစတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။
            ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်သည် ဆရာတော်ကြီး၏ ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ဆန္ဒ ဆရာတော်ကြီး၏ လမ်းညွှန်သြ၀ါဒနှင့်အညီဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတိုက်တည်ထောင်စကဆရာတော်ကြီးကဘုန်းတော်ကြီးသင်ပညာရေးကျောင်းတည်ထောင်၍ ကလေးသူငယ်များ၏ အသိအလိမ္မာပညာအတွက် ဆောင်ရွက်စေချင်သောဆန္ဒရှိတော်မူသည်။ ဆရာတော်ကြီးကကလေးသူငယ်တွေကအရေးကြီးတယ်၊ သူတို့တစ်တွေ လိမ္မာယဉ်ကျေးနေကြဖို့၊ တော်နေကြဖို့လိုတယ်။ ဒါမှနိုင်ငံအကျိုးပြု သားကောင်းသမီးကောင်းတွေပေါ်ထွန်းလာမယ်။ လောကကိုအလှဆင်နိုင်မယ် ဟုဆရာတော် အမြဲအမိန့် ရှိပါသည်။ ထိုပြင် သင်ကြားခြင်းနှင့် အသိအလိမ္မာပညာပေးခြင်းကို ၀ါသနာပါလှသည့်အတွက် ကလေးသူငယ်များအားအသိအလိမ္မာပညာပေးသောဤဘုန်းတော်ကြီးသင်ပညာရေးလုပ်ငန်းကိုဆောင်ရွက်နေခြင်းဖြစ်ပါသည်။

လက်ရှိဆောင်ရွက်နေသောဆောင်ရွက်ချက်
            လက်ရှိဆောင်ရွက်နေသောဆောင်ရွက်ချက်များမှာဤကျောင်းတွင်သူငယ်တန်းမှ စတုတ္ထတန်းအထိကျောင်းသားကျောင်းသူ ၃၈၇ - ယောက် တက်ရောက်ပညာသင်ယူလျက်ရှိပါတယ်။ ရဟန်းတော်(၂)ပါးနှင့် ဆရာ၊ ဆရာမ(၇)ဦးတို့ကပညာသင်ကြားပေးလျက်ရှိပါသည်။
            ဆရာတော်များ၏ကျောင်းသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သည်နှင့်လျော်ညီစွာကျောင်းသားကျောင်းသူလေးများစာရိတ္တကောင်းမွန်ပြီးလိမ္မာယဉ်ကျေးသောသားကောင်းသမီးမွန်လေးများဖြစ်လာစေရန် မာဂဓီ - သာစည်ဆရာတော်ဘုရားကြီးသင်ကြားခဲ့သော အခြေခံဗုဒ္ဓဘာသာသင်ကြားမူနည်းစနစ် သင်ရိုးအတိုင်းသင်ကြားလျက်ရှိပါသည်။
            မြန်မာနိုင်ငံပညာရေးသမိုင်းကိုကြည့်မည်ဆိုလျှင် ဘုန်းတော်ကြီးသင် ပညာရေးသ် တစ်ထောင့်တစ်နေရာမှ ပါဝင်နေကြောင်းတွေ့နိုင်ပါသည်။ ဘာကြောင့်လဲဆိုလျှင်ရှေးမြန်မာကြီးများပညာသင်ကြားကြရာကျောင်းများမှာဘုန်းတော်ကြီးကျောင်းများ ဖြစ်ခဲ့၍ပင် ဖြစ်ပါသည်။
           
            ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးသည်ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားမရွေးသင်ယူနိုင်ကြပါသည်။ ထိုပြင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဖြစ်သောဗုဒ္ဓစာပေများကိုလေ့လာသင်ယူနိုင်ခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။
            ဘုန်းတော်ကြီးသင်ပညာရေးစနစ်သည် ဗုဒ္ဓဘာသာကိုအခြေခံသော မြန်မာ့ရိုးရာပညာရေးစနစ် ၊ မြန်မာ့အမျိုးသားပညာရေးစနစ် လည်း ဖြစ်ပါသည်။ ထိုသို့ အမျိုးသားပညာရေးစနစ်ဖြစ်သည့်အားလျော်ညီစွာကလေးသူငယ်များဘာသာရေးအခြေခံအုတ်မြစ် ခိုင်မာဖို့သည်လည်းလွန်စွာအရေးးကြီးပါသည်။


Tuesday, October 16, 2012

ရည်ရွယ်ချက်များ

           ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖွင့်လှစ်သင်ကြားရခြင်း၏  ရည်ရွယ်ချက်များ

(၁)     ဆင်းရဲချမ်းသာမရွေး  လူတိုင်း  အရေး၊ အဖတ်၊  အတွက်အခြေခံပညာနှင့်  ခေတ်ပညာတတ်
          မြောက်စေရန်၊
(၂)     ပညာသင်ကြားရေး၌  စရိတ်သက်သာပြီး  လွယ်ကူမှုရှိစေရန်။
(၃)     ကိုယ်ကျင့်တရားကောင်းမွန်ပြီး  အများအကျိုး၊  နိုင်ငံအကျိုး  သယ်ပိုးလိုသည့်  သားကောင်းသမီး
          ကောင်းများ  ဖြစ်လာစေရန်၊
(၄)     မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို  သိရှိနားလည်၍  မြတ်နိုးစွာ  လိုက်နာခံယူတတ်ကြစေရန်။
(၅)     ဗုဒ္ဓသာသနာတော်ဆိုင်ရာ  ကြားနာမှတ်သားသိရှိနားလည်ပြီး  အနာဂတ်သာသနာကို  တာဝန်ယူ
          ကြမည့်  ဗုဒ္ဓဘာသာဝင်ကောင်းများ  ဖြစ်ကြစေရန်။
(၆)     အမျိုးဘာသာ သာသနာကို  ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။

ပညာနှင့် မှားနိုင်သောအမှားများ


Saturday, October 13, 2012

ဆရာတော်သို့ ပူဇော်ကဗျာ

ဘ၀ဂ်လျှံစေ  ဓမ္မသံဝေ
(ရှစ်ဆယ်ပေါ်တေးထပ်)

မာဂဓီ-သာစည်  ထေရာက၀ိ
ပြည်ရွာအသိ  ဘုန်းတေဇာ
ဖွေရှာအသိဖြင့်  ပြုံးစေတနာသည်
နှုန်းနေပမာ  တောက်ကြွား
မမောက်ကြွားပါတဲ့  တို့ထေရ်ဆရာသည်
နန်းအမတာ  နိဗ္ဗူသို့လား ... ။

               ယဉ်ကျေးမှုဖြင့်  အစပျိုးပါသည်
               နှစ်ဆတိုးပါစေ  အလိမ္မာတန်ခိုးတွေနဲ့
               ဘယာမျိုးမှာအတည်  ရှောင်ခွာတိမ်းစေဖို့
               ထေရ်ဆရာက၀ိက  တွေးဆရည်ရော်ကာ
               ပြည်မြန်မာ  ဗုဒ္ဓယဉ်ကျေးမှုသမိုင်းမှာဖြင့်
               အစဉ်သာတွေးရှု  ထမ်းရွက်ဆောင်လာ ...  ။

အလိမ္မာလမ်းဖြင့်  တပည့်တပန်းတွေသည်
မချိနွမ်းစေမည်  ဖွေရည်ပြပါလို့
ထေရ်ဆရာက၀ိက  ဟောမိန့်မှာခြွေ
တရား  ဓမ္မသံဝေ ...။

               တပည့်ဒကာအပေါင်းတို့လိမ္မာစေချင်
               တို့ထေရ်အရှင်  သင်ကြားလာခဲ့လေး  ...။

              ယဉ်ကျေးမှုဖြင့်  ဓမ္မပန်းဝေမည်
              ဘ၀လမ်းအထွေထွေ  ဖြောင့်တန်းနိုင်ကြလေး  ...။

              ဆရာတော်ဘုရား၏  ဓမ္မသံဝေသည်
              ဘ၀ဂ်လျှံစေ ဆုတောင်းပါရဲ့လေး   ...။

                                                အရှင် နေမိန္ဒ 
                                                (မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)



              


               





 
               
              




ဒါ တို့မြို့

သစ်ပင်ရိပ်တွေနဲ့  စည်းရိုးခတ်
လယ်ကွင်းပြင်စိမ်းစိမ်းတွေ  ရစ်ပတ်လို့
စပါးပင်တွေနဲ့  အနားသတ်ထားတဲ့မြို့   ။

စိတ်လိုရင်  ပါးချိုင့်ခွက်ပေါ်အောင်ပြုံး
စိတ်မလိုရင်  ရင်ဘတ်ကို တ၀ုန်းဝုန်းဆော်
ကားသံ ရထားသံတွေ အော်နေတတ်တဲ့မြို့  ။

ရှမ်းရိုးမတောင်တန်းတွေကို  နောက်ခံ
ပန်းချီကာတစ်ချပ်ကို  လှန်လိုက်သလို
ပင်ကိုယ်စရိုက်ကိုက  တည်ငြိမ်လှတဲ့မြို့  ။

အစိမ်းရောင်  ကော်ဇောအထက်မှာ
လွမ်းမောဖွယ် အိပ်မက်ထောင်သောင်းနဲ့
ပေါင်းစည်းကာ  ဆုပ်ဖမ်း
ညို့ယူငင်စွမ်းနိုင်တဲ့မြို့  ။

ဈေးသည် ဈေးဝယ်က အစ
အရာထမ်းနဲ့  အမှုထမ်းတွေစုံ
ကုန်သည်နှင့် မြို့နေလူ
တောင်သူနဲ့  ယာလုပ်
ဓါးမခုတ်ပါမကျန်
ပျားပန်းခတ်တမျှ လှုပ်နေတတ်တဲ့ မြို့  ။

သည်မြို့နဲ့  သည်အနေ
သည်အခြေနဲ့  သည်ရပ်ဝန်း
ငါကွန်းခိုခဲ့ပေါ့။

သူငယ်ချင်း
အညာခွင်တစ်ခေါက်
သာစည်ကိုရောက်ခဲ့ရင်
မြို့အ၀င်တမ်းချင်းတစ်ပုဒ်
မင်းထုတ်ဆိုဖြစ်ခဲ့မှာ
အသေအချာပါပဲ  ။   ။

                                     နေနေနိုင်သူ























Friday, October 12, 2012

မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ကြေးတိုင်စု(၂)လမ်း၊ ၁၃-ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ph ၀၉ ၅၀ ၉၆၈၂၉
gmail ; auroraaroma11@gmail.com
Blogspot  ;  margadithazi11

ဂျီအက်စ်အမ် ၅၁xxxx ဖုန်းများ ငွေဖြတ်ခံခဲ့ရမှု

အလိုအလျောက် ငွေဖြတ်ခံရသော ပြဿနာဖြေရှင်းပေးနေပြီဟုဆို
မြန်မာ့ဆက်သွယ်ရေး၏ Server Error ကြောင့် ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်း သုံးစွဲသူများ ကြုံတွေ့ခဲ့ကြရသော
ဖုန်းလက်ကျန်ငွေပမာဏထဲမှ  ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရသည့် ပြဿနာကို
ပြန်လည်ဖြေရှင်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။
ယင်းဖြစ်စဉ်မှာ ၀၉ ၅၁ xxxxx ဖြင့်စသော ဂျီအက်(စ်)အမ်ဖုန်းများတွင်
ယခုလ ၉ ရက်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းများသို့ My Ringtune စနစ်ကို
ဝန်ဆောင်မှုပေးသော ကုမ္ပဏီဘက်မှ ပေးပို့သည့် စာတိုတစ်စောင် ဝင်ရောက်လာခဲ့ပြီးနောက်တွင်
ဖုန်းလက်ကျန်ငွေပမာဏထဲမှ ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။
“ကျွန်တော်တို့ဖုန်းတွေထဲကို သူတို့ရဲ့မိုင်ရင်းကျွန်းဝန်ဆောင်မှုကို သုံးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး
စာတစ်စောင်ဝင်လာတယ်။ ကျွန်တော့်ဖုန်းကို အဲ့ဒီဝန်ဆောင်မှုမထည့်ထားဘဲ အဲ့ဒီစာရောက်လာတာ။
နောက်တော့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ကြည့်တာမှာ ဖုန်းကခေါ်မရတာနဲ့ မသင်္ကာလို့ လက်ကျန်ငွေကို
ပြန်စစ်လိုက်တော့ နှစ်ထောင်ကျော် အဖြတ်ခံထားရတယ်။ ဒါက မမှားသင့်ဘူးလို့ ထင်တယ်”ဟု
ဖုန်းထဲမှလက်ကျန်ငွေ အနုတ်ခံလိုက်ရသည့် အဆိုပါ ဖုန်းကိုင်ဆောင်သူတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြရသည့် အဆိုပါ နံပါတ်ကိုင်ဆောင်သူများသည်
ယင်း My Ringtune ကုမ္ပဏီဘက်သို့ ဖုန်းခေါ်ဆိုမှုများ တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း
ဆက်သွယ်မှု လုံးဝမရခဲ့ဟု ၄င်းတို့က ဆိုသည်။
My Ringtune ကုမ္ပဏီဘက်မူ ယင်းအဖြစ်အပျက်သည် မြန်မာ့ ဆက်သွယ်ရေးဘက်မှ
နည်းစနစ်လွဲချော်မှုကြောင့်သာဖြစ်ပြီး ဖုန်းထဲမှ  ငွေနုတ်ယူခံခဲ့ရသူများကိုလည်း
ပြန်လည်ဖြည့်သွင်းပေးပြီး ဖြစ်သည် ဟုဆိုသည်။
အဆိုပါကိစ္စသည် မြန်မာ့ဆက်သွယ်ရေးဘက်မှ server error ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး
ဖြစ်ပွားပြီးသည်နှင့် မကျေနပ်သည့်ဖုန်းများ တောက်လျှောက်ဝင်ရောက်ခဲ့ကြောင်း
ရတနာပုံတယ်လီဖုန်းစင်တာ၏ မြန်မာ့ဆက်သွယ်ရေးဌာနမှ ဖြေကြားသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ယနေ့နံနက်တွင် ငွေနုတ်ယူခံခဲ့ရသည့် မိုဘိုင်းဖုန်းများထဲသို့
တောင်းပန်သည့် စာတစ်စောင် ပြန်လည်ဝင်ရောက်ခဲ့ပြီး နုတ်ယူခံခဲ့ရသည့် ငွေပမာဏကို
ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်ကြောင်းပါရှိသည်။
My Ringtune စနစ်ဆိုသည်မှာ ဖုန်းခေါ်ဆိုသည့်အခါတွင် ဖုန်းဝင်သည့် အော်တိုမြည်သံနေရာဖြစ်သော “တီ တီ တီ” ဆိုသည့်
အသံနေရာတွင် တစ်ဖက်ဖုန်းခေါ်ဆိုသူဘက်မှ နားဆင်နိုင်မည့် သီချင်းများကို ထည့်သွင်းနိုင်သည့် စနစ်တစ်ခုဖြစ်သည်။
http://www.facebook.com/7daynews/posts/425482747513365
မြန်မာ့ ဆက်သွယ်ရေးက မှားလိုက်ရင် သူတို့ ဖက်က အသာချည်းပဲ။
တစ်ခါမှ ပြည်သူတွေဖက်က အသာရတဲ့အမှားမရှိဘူး။
မြန်မာ့ဆက်သွယ်ရေးရဲ့ Server က  “လိပ် Server” ပဲ။

မြန်မာ့ဆက်သွယ်ရေးရဲ့ ပညာရှင်တွေက အရမ်းတော်တယ်။
မြန်မာ့ဆက်သွယ်ရေးဘက်ရဲ့ server error ကြောင့်လို့ ပြောနိုင်တာ သူတို့ တော်လို့ ပေါ့။
Server Error ကြောင့်လို့ ပြောတာ အကြိမ်မနည်းတော့ဘူးနော်။

ဘလော့ဂါရေးနည်း...လုပ်နည်းအပြည့်စုံ blog လုပ်နည်းအပြည့်အစုံ



မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။


Step 1) Sign in to blogger

Step 2) Display name (or) Author name

Step 3) Name your blog

Step 4) Choose your template

Step 5) Publish your first pest


မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။


Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။



Step 2) Display Name (0r) Author Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။


Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။


မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။



Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။


စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။


URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။


မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။


လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။



မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။



Step 4) Choose your Template

Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။


Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။


အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။


မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။



Step 5) Publish Your First Post

Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင်
Click တစ်ချက်နှိပ်ပါ။


ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။


ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။


စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။

Post Title
ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။


Text Area
ရေးလိုသမျှ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။

ရေးလိုသမျှရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လွှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။

မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။ Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။


Sign Out
Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။


Blogger Interface အားလေ့လာခြင်း
Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။


Posting Tab
Posting tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။


Setting Tab
Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအ၀င် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။


Layout Tab
Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။

The Dashboard
မိမိရဲ့ Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (www.blogger.com) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။

Sign in ၀င်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအ၀င် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။


မှတ်ချက်။ ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။



Post အသစ်များထပ်တင်ခြင်း

ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။

Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။

ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျှင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။



တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း
မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog မှာတင်ထားသမျှသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။


ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) Page သို့ရောက်သွားပြီး Post တွင်ပါ စာသားများကို မြင်ကြရပါမယ်။

၎င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျှင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။


ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင်Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။
Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။



Add formatting
Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။



စာလုံးပုံစံ Font ပြောင်းခြင်း
ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျှင် Font family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။



စာလုံးအရွယ်အစားပြောင်းခြင်း
Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။



Bold, Italic, Text color

အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။


Bold လုပ်ချင်ရင် “B” တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။


Italic လုပ်ချင်ရင် “I” တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။


Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။





Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image)
တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျှဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။


Add to Picture
ပုံတွေကို ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။

Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညွှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။

မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။

Third-Party Page Elements (widgets)

Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါသေးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။ အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။

Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။

နာရီပုံ HTML widget ရယူရန်အတွက် www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။

မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။


မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။

Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျှင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130)

နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆိုလျှင် အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။

Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ (ဥပမာ-Desktop ပေါ်မှာလား၊ My Document ထဲမှာလား) ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော့ သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်။

1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။

2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညွှန်ပြပေးရပါမယ်။ Browse တွင် Click နှိပ်ပါက “File upload” box ပျောက်သွားပြီး မှုလ Upload window ရှိ Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။
ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညွှန်ပြပြီးရုံရှိသေးတယ်ဆိုတာကို သတိပြုပါ။

မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။ အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click နှိပ်ပြီးထပ်မံရွေးချယ်နိုင်ကြပါတယ်။


3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။ တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။ တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊ Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of Services” ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျှင် Upload တွင် Click နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။ ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင် မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။

မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့် ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။


အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link)

Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့ ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မြှားပုံကနေ၊ လက်ပုံပြောင်းတာမှန်သမျှ သည် Link များပဲဖြစ်ပါတယ်။ လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။

Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့် အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။

အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။

1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။
2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။
3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။
4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။


Comments

ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။


Writing Comment

ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ၀င်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင် ၀င်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။

ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ၀င်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။

ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List ထဲရောက်သွားပါမည်။


Stop Comments

မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျှ Post အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ ၂မျိုး ပေါ်မှုတည်ပြီး …..

1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။
2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။

Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါတယ်။

Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။ သဘောက တင်သမျှ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျှင် New Posts Do Not Have Comments ကိုရွေးရပါမယ်။

စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။

Template Selection

Dashboard ပေါ်မှ Layout ပေါ်တွင် Click နှိပ်ပြီးသွားမယ်ဆိုရင် Template Selection အောက်ကို ရောက်ပါတယ်။ ဒီနေရာက မိမိ Blog ရဲ့ ဒီဇိုင်း အဆင်အပြင်နှင့် ပတ်သက်ပြီး လိုသလို ပြုပြင်ပြောင်းလဲ
နိုင်ကြပါတယ်။



Pick a New Template

Blogger မှာ အဆင်သင့်ယူသုံးနိုင်တဲ့ Template ပေါင်းများစွာရှိပြီးသား ဖြစ်ပါတယ်။ တစ်ခုမကြိုက်ရင် အခြားတစ်ခု အချိန်မရွေးပြောင်းသုံးလို့ရပါတယ်။ အခြား Template တစ်ခုသို့ ပြောင်းချင်ရင် Layout အောက်မှ Pick New Template တွင် Click နှိပ်ပါ။


အဆင်သင့် ယူသုံးနိုင်တဲ့ Template များကို မြင်ရပါမယ်။ ဒီနေရာကို (Layout/Pick New Template) လို့ ဆိုရပါမယ်။


အကြိုက်ဆုံး တစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် Save Template တွင် Click နှိပ်ပါ။ မိမိ Blog ရဲ့ Template ကို ပြောင်းပေးသွားပါမည်။ View Blog တွင် Click နှိပ်ကြည့်နိုင်ပါသည်။



Page Elements (Widgets)

Page Elements တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညွှတ်မျှတအောင် ပေါင်းဆပ်ဆင်ယင်နိုင်မည်ဆိုပါက Page ရဲ့ အဆင့်အတန်းအရည်အသွေးကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။ မိမိတို့ Blog ရဲ့ဒီဇိုင်း (Template) ကိုလည်း Page element တို့ ထပ်မံပေါင်း စပ်ထည့်သွင်းပြီး စိတ်ကြိုက်တန်ဆာဆင်ထားလို့ ရပါတယ်။ ပုံမှန်အားဖြင့် Blog တစ်ခုဖန်တီးပြီးတိုင်း Profile တို့ Active တို့ဆိုတဲ့ Page element တွေကတော့ အလိုအလျှောက်ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒါတွေအပြင်၊ နာရီတို့၊ ပြက္ခဒိန်တို့။ မိမိမိတ်ဆွေတို့၏ Blog လိပ်စာများ အစရှိသည်တို့ကို Page element တွေအဖြစ် လိုသလို ထည့်သွင်းထားနိုင်ပါသေးတယ်။


Layout အောက်မှ Page elements တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာ ကို (Layout/Page element) လို့ဆိုပါမယ်။ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။ Contributors နှင့် Blog Archive ဆိုပြီး Page elements နှစ်ခုကို တွေ့ရပါမယ်။ ထိုနှစ်ခုက Blog စတင် Create လုပ်စဉ်ကတည်းကိုက အလိုလျောက်ပါပြီးသား ဖြစ်ပါတယ်။ ကိုယ်စိတ်တိုင်းကျ Page Elements သစ်တွေထပ်ထည့်ချင်ရင် “ Add a page element” တွင် နှိပ်ပြိး ထပ်ထည့်နိုင်ကြပါတယ်။


မှတ်ချက်။ ။ မိမိရွေးခဲ့တဲ့ Template ပေါ်မှုတည်ပြီး Page element ထည့်နိုင်မယ့်နေရာတွေ အနည်းငယ် ကွဲပြားပါလိမ့်မယ်။



Add a Description

Blog Title အောက်တွင် Description ထည့်လိုက ထည့်ထားနိုင်ပါတယ်။ Description ဆိုတာက မိမိရဲ့ Blog သည် စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး အစရှီသည်တို့ထဲက ဘယ်ကဏ္ဍပေါ်မှာ အခြေခံတည်ဆောက်ထားသလဲဆိုတာကို ဖတ်ရူ့သူများအား အလွယ်တကူသိစေနိုင်မည့် အချက်အလက် စကားလုံးများပဲ ဖြစ်ပါတယ်။


Dashboard ပေါ်မှ Manage Setting တွင်နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။


Blog title ကိုပြင်လိုက ဒီနေရာတွင် ပြင်နိုင်ပါတယ်။ Description နေရာတွင် မိမိရေးလိုတဲ့ ကဏ္ဍကို ကိုယ်စားပြုမည့် စကားလုံးများကို ရိုက်ထည့်ပါ။ ပြီးလျှင် Page ၏ အောက်ခြေတွင်ရှိသော Save Setting ကို Click နှိပ်ပါ။


“setting were saved successfully” ဆိုတာ ပေါ်လာပါမည်။ သဘောက မိမိဖြည့်စွက်ခဲ့သည့် အတိုင်း ထည့်သွင်းပြင်ဆင်ပြိးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။


ဒါဆိုရင် Description ထည့်ပြီးသွားပြီ။ မိမိ Blog ကိုသွားကြည့်မယ်ဆိုရင် Blog title အောက်မှာက Description အဖြစ်ထည့်ခဲ့သော စာသားများကို မြင်ကြရပါမယ်။



Add a team Member

Blog တစ်ခုတည်းကို လူအများစုပေါင်းရေးလို့ရတယ်။ သဘောက ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မိမိ Blog မှာဝင်ရောက်ရေးသား Post တင်နိုင်အောင် လုပ်ထားလို့၇ပါတယ်။ အားသာချက်ကတော့ တစ်ယောက်မအားတဲ့အခါ တစ်ယောက်ဝင် ရေးကြခြင်းဖြင့် မိမိ Blog သည် အမြဲတမ်း Update ဖြစ်နေမယ်ပေါ့။


အဲ့လိုဝင်ရေးနိုင်အောင် သူတို့သည် မိမိ Blog ရဲ့ Member ဖြစ်ကြရပါမယ်။ Member ဖြစ်အောင်လုပ်ဖို့၇န် အပိုင်း(၂)ပိုင်း ရှိပါတယ်။ ပထမဦးစွာ Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကနေသူတို့ထံသို့ Email ဖြင့် Invite လုပ်ရပါမယ်။ ဒါက ကိုယ့်ဘက်က လုပ်ရမယ့်အပိုင်း။ ဟိုတစ်ဖက်က ၀င်ရောက်ရေးသားဖို့ရန် ဖိတ်ကြားခံရသူတွေ အနေနှင့်တော့ Invite လုပ်သည့် Email ရောက်လာပြီဆိုရင် ဖွင့်ဖတ်ပြီး Activate လုပ်ပေးရပါမယ်။ Activate လုပ်ပြီးတာနှင့် Member ဖြစ်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါပြီရှင်။



Invite လုပ်ခြင်း

Member ဖြစ်အောင် Invite လုပ်ရန်အတွက် Setting အောက်မှ Permission တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာကို (Setting Permission) Page လို့ ဆိုရပါမယ်။


Permission အောက်ရှိBlog Author နေရာတွင် ဒီ Blog မှာ ၀င်ရေးသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Member မရှိသေးသည့် အတွက် မိမိ တဦးတည်း၏ အမည်ကိုသာ မြင်တွေ့ကြရပါဦးမယ်။


Invite လုပ်ရန်အတွက် Add Author တွင် Click တစ်ချက်နှိပ်ပါ။ ထို့နောက် Member အဖြစ် ဖိတ်ကြား လိုသော သူ၏ Email လိပ်စာကို Invite more people နေရာတွင် ရိုက်ထည့်လိုက်ပါ။


Invite တွင် Click နှိပ်လိုက်ပါက Blogger သည် ထည့်သွင်းပေးခဲ့သော Email လိပ်စာထံသို့ Activation Link တစ်ခုပါတဲ့ Email တစ်စောင်ပေးပို့ပါလိမ့်မယ်။ ထို့အတူ Permission အောက်တွင် Invite ခုပ်လိုက်သော Email လိပ်စာပေါ်လာပါမည်။


အကယ်၍ အကြောင်းတခုခုကြောင့် Invite မလုပ်လိုတော့ပါက Remove တွင် Click နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။



Invite လုပ်ခြင်းကို လက်ခံခြင်း (Join a team Blog)

ယခုဆက်လက်ပြီး Member အဖြစ်ဖိတ်ကြားခံရသူတွေဘက်က ဆက်လက်လုပ်ဆောင်ကြရမယ့် Activation အပိုင်းကို ဖော်ပြသွားပါမယ်။ Blog မှာ ၀င်ရောက်ရေးသားရန် ဖိတ်ကြားသော Email ထဲသို့ ၀င်လိုက်ပါက Invite လုပ်သော Email message ကိုတွေ့ရပါမယ်။


၎င်း Message ကို ဖွင့်လိုက်ပါက အပြာရောင်စာသားများဖြင့် Activation Link တစ်ုခကိုတွေ့ရပါမယ်။ Member ဖြစ်အောင် Activate လုပ်ဖို့ရန် Link ပေါ်တွင် Click တစ်ချက်နှိပ်ပါ။


ဒါဆိုရင် www.blogspot.com သို့ရောက်ရှိသွားပြီး Invite လုပ်ခြင်းကို လက်ခံသဘောတူကြောင်း အတည်ပြုပေးရပါမယ်။ Username နေရာတွင် Email Address နှင့် Password နေရာတွင် ၄င်း Email Address နှင့် သက်ဆိုင်သော Password တို့ကို ထည့်ပေးရပါမယ်။


Username နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept Invitation တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး ၄င်း Blog တွင် ၀င်ရောက် ရေးသော Post တင်နိုင် ကြပါပြီ။


Manage team Member

ဖိတ်ကြားချက်ကို လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့ Member များဖြစ်လာကြပါပြီ။ အဲဒီ Member ဖြစ်လာသူတွေသည် ပုံမှန Default အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။ အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။


Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျှင် Blog အမည်ပြောင်းခြင်း၊ Template ပြောင်းခြင်း၊ Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို မိမိရဲကလုပ်ပိုင်ခွင့်များအတိုင်း ပေးအပ်ထားလို့လည်းရပါတယ်။


Setting အောက်မှ Permission တွင် Click နှိပ်ပြီး (Setting / Permission) သို့သွားလိုက်ကြရအောင်။ Permission အောက်တွင် ဒီ Blog မှာ ၀င်ရောက်ရေးသားနိုင်သူ Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို တန်းစီဖော်ပြထားပါလိမ့်မယ်။


အဲ့ဒီ Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးလိုသော Member အမည်ဘေးမှ Grant Admin တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန် အတည်ပြုချက်တောင်းခံသော Box တစ်ခုမြင်ရပါမယ်။ “Grant Admin Privilege” တွင် Click နှိပ်လိုက်ပါ။


ဒါဆိုရင် ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog အားမိမိကဲ့သို့ စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။



Add Poll

Poll ဆိုတာက အကြောင်းအရာ အဖြစ်အပျက် တစ်ခုပေါ်မှာ လူအများ၏ သဘောထား အမြင်တွေကို သိရှိနိုင်အောင် ကောက်ယူသော စစ်တမ်းတစ်မျိုးပင် ဖြစ်ပါတယ်။ ဆိုရရင် စစ်တမ်း ထုတ်ချင်တဲ့ မေးခွန်း တစ်ခု ဖန်တီးမယ်။ ပြီးရင် သဘောထားအမြင်တွေကို ခြုံငုံမိနိုင်တဲ့ အဖြေလေးတွေပေးထားလိုက်မယ်။ လာရောက်ဖတ်ရူသူတွေက သူတို့ဆန္ဒရှိတဲ့ အဖြေကို ရွေးချယ်ဖြေကြားသွားခြင်းဖြင့် အများဆန္ဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ သိနိုင်မယ်ပေါ့။


Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရပါမယ်။ ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့် Element များပါဝင်တဲ့ Pop-up window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ ဆန္ဒရှိရာ Element ၏ Add to blog တွင် Click နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ်။


Pop-up window ထဲက “ Poll ” Section နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Create Poll” Window ကို မြင်ကြရပါမယ်။


ပြည့်စုံစွာ ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။ Pop-up window ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element သစ်တစ်ခု တိုးလာတာကို တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Poll ကို အောက်ပါအတိုင်း တွေ့ကြရပါမယ်။



Add Link List


မိမိ Blog ကို ၀င်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့ ညွှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။


Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Configure Link List” Window ကိုမြင်ကြရမယ်။


ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။


ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။


Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။


View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။


ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ၀င်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။


Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။ (ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။


ဒါဆိုရင် www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။


Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။

Email ဖြင့် Post အသစ်များတင်ခြင်း
Blogger ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address ပင်ဖြစ်ပါတယ်။

၎င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ၀င်ရောက်ပြိး ဖန်တီး ယူရမယ်။ ပြီးရင် လျှို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲပို့ပို့ အဲဒီလျှို့ဝှက်လိပ်စာဆီပို့လိုက်ပြီဆိုတာနှင့် Blog ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ လျှို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျှို့ဝှက်လိပ်စာ (Secret Email Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail ဖွင့်ပြီး ၄င်းလျှို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။

1. www.blogger.com ထဲသို့ Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Page လို့ခေါ်လိုက်ကျရအောင်။

2. Blog Send Address နေရာတွင် မိမိရဲ့ Email လိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေ၇ာတွင် လျှို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။ လျှို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။ ------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့် အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျှို့ဝှက်လိပ်စာဖြစ်ရမှာ ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ လျှို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။

3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။

ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန် အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို ကြည့်လိုက်ရအောင်……..

1. To နေရာတွင် လျှို့ဝှက်လိပ်စာကို ထည့်သွင်းပါ။
2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။
3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျှ ရေးပြီးပြီဆိုရင် နောက်မှ စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့ သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။ အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။

စိတ်တိုင်းကျပြီဆိုလျှင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။


Blog ရေးနည်း

Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့ ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့် အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။

အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ၀င်ရောက်ဖတ်ရူ့သူများအနေနှင့် ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ၀င်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။ သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့ ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ၀င်ရေးလို့ ရနိုင်ပါတယ်။ သိလိုသမျှကိုလည်း မေးမြန်းနိုင်ကြပါတယ်။


C-Box

C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း (Chat room) လေးများပဲ ဖြစ်ပါတယ်။ အဲဒီ C-Box ထဲမှာ Post တွင်းပါ အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။

သဘောက Blog ပိုင်ရှင်နှင့် ၀င်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့ ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။

Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။
1) Create an C-Box Account
2) Configuring C-Box
3) Add to Blog


Create an C-Box Account

C-Box ထံမှ Account တစ်ခု၇ရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။

1. www.Cbox.ws သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။

2. Username၊ Password အပါအ၀င် Email Address တို့ကိုဖြည့်ပြီး Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Finish တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail တစ်စောင်ပို့ထားပါလိမ့်မယ်။

3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့ Login ၀င်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail Message အားဖွင့်ဖတ်လိုက်ပါ။

4. ပွင့်လာသော Mail Message ထဲတွင် www.cbox.ws သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင် Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window တစ်ခုပွင့်လာပြီး www.cbox.ws သို့ ပြန်ရောက်သွားပါမယ်။

5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး Login ၀င်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။ ဒါဆိုရင် www.cbox.ws သို့ Login ၀င်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။


Configuring you C-Box

C-box တွင် Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင် အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင် HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။

1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျှင် မိမိရောက်ရှိနေသော နေရာသည် Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။ C-Box Options တွင် Click နှိပ်လိုက်ပါ။

2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။

3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည် ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင် အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။

မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျှင် Colours & Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။ နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ ထားနိုင်ကြပါတယ်။

C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊ ဘယ်သူတွေကိုတော့ ၀င်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင် မလိုအပ်သေးပါ။

4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီဆိုရင် မိမိ Blog တွင် ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင် Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။

5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v) လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင် နှိပ်ပြိး ပိတ်လိုက်ပါ။


Add to Blog

C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျှင် ရှေ့က နာရီ၊ ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။

HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။ ဥပမာ-မှာချင်တာလေးတွေရှိရင်မှာခဲ့ပါ။

Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code များ ဒီနေရာတွင် ပေါ်လာမည်။

Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။ ဒါဆိုရင် Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု ထည့်သွင်းပြီးသွားပါပြီ။


Manage Page Element

မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ် အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။

“ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element ပေါ်ရွှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့ မြှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။

အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျှင် လွှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။ စိတ်တိုင်းကျ ရွှေ့ပြီးးလျှင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။


Edit (or) Delete Page Element

မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟုတ် မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။ ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။ ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍ များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။


Edit Header

Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။ Configuration Window ပွင့်လာပါမည်။

၎င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။ ပြင်လိုက ပြင်နိုင်ပါတယ်။ ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။

Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး သိမ်းဆည်းလိုက်ပါ။

ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ် မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။

Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ
ပုံမှန်အားဖြင့် Blog ရေးချင်တဲ့ Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။ ဆိုရရင် Multiply မှာရေးချင်ရင် www.multiply.com ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊ ပြီးရင် စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။


သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့ Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail Account ရှိသူတိုင်းကို Google မှာ Register လုပ်ပြီးသားလို့ ယူဆပါသည်။ သည်အတွက်ထပ်မံ၍ Register လုပ်ရန်မလိုပါ။ www.blogger.com သို့သွားပြီး ၀င်ရောက်ရေါ်သားကြရုံ ဖြစ်ပါတယ်။

နောက်တစ်ခုလိုအပ်ချက်ကတော့ Font ဖြစ်ပါတယ်။ Blog ကို မြန်မာလိုရေးချင်သူတွေအနေနှင့် မိမိသုံးသည့် စက်ထဲမှာ မြန်မာယူနီကုဒ် တစ်ခုခုကို ထည့်သွင်း Install လုပ်ထားဖို့လိုပါတယ်။ သို့မှသာ Blog ကို မြန်မာလိုရေးသား ဖတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ယနေ့ Blog တွေကို မြန်မာလို ရေးတဲ့နေရာမှာ အသုံးအများဆုံး မြန်မာ Unicode Font က Zaw Gyi ပါလို့ ပြောလို့ရပါတယ်။ သူ့ကို အခကြေးငွေပေးစရာ မလိုပဲ Free Download ရယူအသုံးပြုနိုင်ခြင်း၊ Install လုပ်ရလွယ်ကူခြင်း၊ “Ctrl+Shift” Key တွဲလေး နှိပ်ရုံဖြင့် မြန်မာနှင့် အင်္ဂလိပ်ကို အလွယ်တကူကူးပြောင်း စာစီနိုင်ခြင်းများ အပါအ၀င် အခြားအားသာချက်များစွာရှိပါသည်။ သည့်အတွက် မြန်မာလိုများ စိတ်ကူးရှိရင် ဇော်ဂျီးကို စမ်းသုံးကြည့်ပါလို့ အကြံပေးလိုက်ပါရစေ။

Zaw Gyi Unicode Installer ကို http://www.Alpha.com .mm/blogday/index.html မှာသွားရောက် Download ရယူနိုင်ပါတယ်။

Download Now တွင် ဆွဲယူခဲ့သေသာ Installer File ပေါ်တွင် Double Click နှိပ်ဖွင့်ပြီး ပေါ်လာသော ညွှန့်ကြားချက်များအတိုင်း လိုက်လုပ်ပါ။ Install လုပ်သွားလိုက်ပါ။

Install ပြီးသွားရင် Task bar ပေးတွင် Language bar ပေါ်လာပါမည်။ ၄င်း Language bar ထဲတွင် English ဟုပေါ်နေချိန်တွင် စာရိုက်မည်ဆိုပါက အင်္ဂလိပ်လိုစာစီစာရိုက်ခြင်း ဖြစ်ပါတယ်။

မြန်မာလိုရိုက်လိုလျှင် Keyboard မှ “Ctrl+Shift” ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုရင် Language tools ထဲမှာAlpha Zaw Gyi ဟု ပြောင်းသွားပါမည်။ ယခုချိန် စာရိုက်မည်ဆိုပါက မြန်မာလို စာရိုက်ခြင်း ဖြစ်ပါတယ်။


ဤနည်းဖြင့် “Ctrl+Shift” တွဲနှိပ်၍ မြန်မာမှ အင်္ဂလိပ်မှ မြန်မာ အပြန်အလှန် ပြောင်းလဲ စာစီနိုင်ကြပါတယ်။



Anatomy of a Blog(Blog တို့၏ အစိတ်အပိုင်းများ)


Blog title and Description
Blog title ဆိုတာက စာအုပ်အမည်တို့နှင့် သဘောတရားချင်း ဆင်တူတယ်။ စာအုပ်နာမည်ကို ကြည့်ခြင်းအားဖြင့် ဒီစာအုပ်သည် တက်ကျမ်းလား၊ ဟာသလား၊ ဘ၀သရုပ်ဖော်လား ဆိုတာကို အလွယ်တကူ ခွဲခြားသိနိုင်ကြပါတယ်။ ဒီအတိုင်းပါဘဲ Blog title နှင့် Description ကို ကြည့်ခြင်းအားဖြင့် သတင်းအဖြစ်အပျက်တွေကို ဦးစားပေးတဲ့ Blog လား၊ ရသစာတမ်းတွေကို ဦးစားပေးတဲ့ Blog လားဆိုတာကို ၀င်ရောက်ဖတ်ရူသူများအား သိစေနိုင်ရန်ဖြစ်ပါတယ်။


Post
Blog ရဲ့ အသက်သည် Post များဖြစ်ပါတယ်။ Blog ထဲမှာ အကြောင်းအရာတစ်ခုခုကို ရေးပြီးတင်သမျှကို Post လို့ ဖော်ပြပါတယ်။ သဘောက အကြာင်းအရာတစ်ခုခုကို ရေးတင်တိုင်း Blog ထဲမှာ Post တစ်ခုတိုးပါတယ်။ Blog တစ်ခုမှာ Post အရောအတွက် ဘယ်လောက်ပဲ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ရေးတင်တဲ့ အကြိမ်များရင်များနိုင်သလောက် Post အရေအတွက်များပါလမ့်မယ်။



Comments
Blog ဖတ်သူတွေအနေနှင့် Post တွင်ပါ အကြောင်းအရာနှင့် ပတ်သတ်ပြီး ဝေဖန် ဆွေးနွေးခြင်း၊ သိလိုသမျှ ထပ်ဆင့်မေးမြန်းခြင်းများကို ဒီနေရာကနေတဆင့်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါတယ်။ အချို့ Blog တွေမှာ Annonymous User အနေနှင့် မည်သူမဆို ၀င်ရောက်ရေးသားနိုင်ကြပေမယ့် အချို့မှာတော့ Register လုပ်ပြီးမှ ၀င်ရောက် ရေးသားခွင့် ရှိပါတယ်။



Page Elements

Page Element တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညွှတ်မျှတအောင် ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် မိမိ Blog စာမျက်နှာမှာ ပိုမိုနှစ်သက်ဖွယ် ဖြစ်စေပါလိမ့်မယ်။ စာမျက်နှာတွင်ကြည့်ပါ။



Online Blogging Tools
အင်တာနက်ပေါ်မှာ Online blogging tools လို့ခေါ်တဲ့ Blog ၀င်ရောက်ရေးသားနိုင်သော Website တွေများစွာရှိပါတယ်။ အနည်းငယ် ထုတ်နှုတ်ပြရရင် Blogger၊ Blog City၊ Word press၊ Yahoo 360၊ MSN space၊ Six apart၊ Expression engine၊ Love journal၊ Type pad တို့အစရှိသဖြင့်ပေါ့။ အဲဒီအထဲကမှ Tools ကတော့ ပိုကောင်းပါတယ် ဆိုတာမျိုးပြောဖို့ရန် ခက်ခဲပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Tools တော်တော်များများသည် Blog တစ်ခုဖန်တီးဖို့ရန် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ Post တင်ခြင်း၊ ဓာတ်ပုံဗီဒီယိ၊ သီချင်းခွေတွေကို တင်ခြင်း၊ မိမိ Blog ၏ ဒီဇိုင်းကို နှစ်သက်သလို ရွေးချယ်နိုင်ခြင်း၊ Comment ရေးခြင်း၊ အစရှိသည့် လုပ်ငန်းစဉ်များကို အလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ်။ တနည်းဆိုရရင် အခြေခံလိုအပ်ချက်တွေကို အလွယ်တကူ အသုံးးပြုနိုင်အောင် တည်ဆောက်ထားကြပါတယ်။

ဒီတင်ပြချက်ကတော့ Online tools တစ်ခုဖြစ်တဲ့ Google ၏ Blogger ဖြင့် Blog ရေးပုံများကို ဖော်ပြသွားခြင်းဖြစ်ပါတယ်။ Blogger ကို ရွေးချယ်ရခြင်းက အင်တာနက်ပေါ်မှ လူသုံးအများဆုံး Online tools တစ်ခု ဖြစ်ခြင်းကလည်းတစ်ကြောင်း အပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် Google မှပေးသော Service တစ်ခုဖြစ်သည့် အတွက် Google ၏ ဟန်ပန်အတိုင်းပင် အမြင်ရိုးရှင်းပြီး အသုံးပြုရလွယ်ကူ စေခြင်း အခမဲ့ အသုံးပြုနိုင်ခြင်း၊ ယနေ့ခေတ်ပေါ် Browser(IE Mozilla) တို့နှင့် ကောင်းစွာ အလုပ်လုပ် နိုင်ခြင်း အစရှိသော အားသာချက်များကြောင့်လည်း ရွေးချယ်တင်ပြလိုက်ရခြင်ဖြစ်ပါတယ်။


ယခုဖော်ပြခဲ့တဲ့ Blog ရေးသားပုံ အဆင့်ဆင့်တို့ကို လိုက်ပါလုပ်ဆောင်နိုင်ကြပြီဆိုရင်တော့ ကိုယ်ပိုင် Blog ကောင်းကောင်းလေးတစ်ခု ဖန်တီးတည်ဆောက်နိုင်ကြပါပြီဖြစ်ပါလိမ့်မယ်။ သို့သော် Blog ဖန်တီးရေးသားမှု နယ်ပယ်သည် ကျယ်ပြန့်သည် အလျောက် ယခုလောက်သိခဲ့ကြပြီရုံဖြင့် ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ ဒါတွေက အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေသာ ဖြစ်ပါ တယ်။

အရေးကြီးတာက ဒီအခြေခံအချက်တွေကို ကျွမ်းကျင်ခဲ့မှသာလျှင် ရှေ့တဆင့် တက်လှမ်းလေ့လာလို့ရမယ်။ အခြားသူတို့၏ Blog များ ဖန်တီးရေးသားပုံတွေကို နမှုနာလေ့လာနိုင်ကြ မယ်ဆိုတာကိုတော့ သဘောပေါက်ထားဖို့လိုပါလိမ့်မယ်။

Address ဘားမှာ လိုဂိုလေးတွေထည့်မယ်

ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။

ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။

လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...

ပထမဦးဆုံး ဘလော့ဂ် ရဲ့ Layout ကိုဝင်လိုက်ပါ..

ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...

အဲဒီမှာ ကုဒ်တွေထဲက
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...
http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>

ဒီကုဒ်မှာထည့်ထားတဲ့ လိုဂိုလေး ရဲ့လိပ်စာ အတိုင်းထည့်လိုက် ရင်တော့ ကျွန်တော့် လိုဂိုပုံစံလေး ဖြစ်တဲ့ မြန်မာ နိုင်ငံအလံလေး ဟာ လိပ်စာ ဘားမှာ တလူလူ လွင့်နေမှာ ဖြစ်ပါတယ် ..

မိမိတို့နှစ်သက်သလို လိုဂိုလေးများ ပုံလေးများ လုပ်ပြီး ဝဘ်ဆိုက် တစ်ခုခုမှာ upload လုပ်ပြီး ရလာတဲ့ url လိပ်စာကို အပြာရောင်ပြထားတဲ့ နေရာမှာ အစားသွင်းလိုက်ခြင်းဖြင့် မိမိ တို့ကိုယ်ပိုင်လိုဂိုလေးများ ဖန်တီးနိုင်ကြပါစေ..

မီးပြတိုက် မှ ကော်ပီယူထားပါတယ်