ပဲခူးအင်းတကော်၊ ဇနိတာရာမ မိုးကုတ်ဝိပဿနာ တောရတွင်တည်ထားကိုးကွယ်အပ်သော ရန်ငြိမ်းလာဘ်စုံပုံရွှေတိဂုံ စေတီတော်မြတ်ကြီးအား ကြည်ညိုဖွယ် ဖူးတွေ့ရစဉ် |
ဘုရားသို့သွားရာလမ်းကလေးမှာ ကြည်နူးဖွယ်ရာ |
ကမ္မဋ္ဌာန်းကျောင်းတန်း အ၀င်လမ်းက ချမ်းမြကြည်ဖြူ စန်းလသီတဂူ |
ယောဂီများ သီတင်းသုံးရာ ကျောင်းလေးတွေက ဆိတ်ငြိမ်မှုအတိ |
သံသရာလွတ်ကြောင်း အကျင့်မြတ်များ အေးချမ်းဆိတ်ငြိမ်စွာ ကျင့်ကြံပွားများနိုင်ရန် ရည်စိတ်သန်လှူဒါန်းထားသော ကမ္မဋ္ဌာန်းကျောင်းကလေး၏ အလှူရှင်တစ်ဦး |
သစ်ရိပ်ဝါးရိပ် စိမ်းစိမ်းတို့အောက်တွင် အေးချမ်းဆိတ်ငြိမ်မှုအပြည့်ဖြင့် |
ကုန်းမို့မို့ မြေငူငူ လေအေးကိုရှူသွင်း ရိပ်သာဝင်းမြေလမ်း ကြည်နူးမှုလွှမ်းပါဘိ |
သတိသမ္ပစဉ် ဥာဏ်ကိုပင်အရင်းပြု ရှုမှတ်မှုကအချိန်နှင့်အမျှ |
သစ်ပင်အုပ်အုပ်အောက်ဝယ် တန်ဆောင်းငယ်အသွင်က ၀ံ့ထယ်လို့ပါလား |
ရိပ်သာအတွင်း ပန်းမာလ်တို့က တသင်းသင်း |
ဘုရားသို့အသွား နတ်လမ်းလေးက ဖွေးလွှလွှ |
ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲကျောင်းဆောင်တို့က တောတောင်သဘာဝအလယ်တွင် ၀ံ့ကြွားလှပါဘိ |
ဆွမ်းစားဆောင်မှ ပြန်အကြွ မြေလမ်းအလှ ပသာဒ |
တောတောင် သစ်ရိပ်ဝါးရိပ် အေးချမ်းတိတ်ဆိတ် |
ကြခတ်ဝါးရုံများဖြင့်ဝန်းရံ ကမ္မဋ္ဌာန်းကျောင်းက အေးချမ်းနေပြန် |
ပြည့်စုံနတ်လမ်း အသွင်ဆန်းစုံ သုဂတိဘုံသို့ |
No comments:
Post a Comment