Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Saturday, January 26, 2013
Thursday, November 15, 2012
ပြည်တွင်းပြည်ပ ဟာသများ
စေ၊ ဝေ၊ ဆော
ရပ်ကွက်တစ်ခုတွင် ကောင်မလေးတစ်ယောက် စက်ဘီးပျက်သဖြင့်လမ်းဘေး၌
ရပ်ကာ မလုပ်တတ် မကိုင်တတ်ဖြစ်နေလေသည်။ ထိုအခါ တစ်ရပ်ကွက်တည်းနေ
ကောင်လေးတစ်ယောက် ရောက်လာပြီးမေးလေသည်။ “ဘာကူညီပေးရလဲ”
ကောင်မလေးက အင်တင်တင်ပုံစံဖြင့် “ရပါတယ်၊ ကိစ္စမရှိဘူး၊ ငါ့ဘာသာငါလုပ်မယ်”
ဟုပြောလေသည်။
ထိုအခါ ကောင်လေးပြန်ပြောလိုက်သောစကားကြောင့် ကောင်မလေးမှာ
ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ကောင်လေးပြန်ပြောလိုက်သည်က-
“စေနဲ့ပြောတာ ဝေလို့ထင်ရင်လဲ ဆောပဲကွာ” တဲ့။ ။
မှတ်ချက်။ ။ စေ=စေတနာ
ဝေ=ဝေဒနာ
ဆော=ဆောရီး
ရှည်လိုက်တဲ့စာ
တစ်ခါက ရွာတစ်ရွာမှာ ဦးတာတူးနဲ့ ဒေါ်မယ်လှ ဆိုတာရှိ၏။ ၎င်းတို့တွင် ကိုရင်ဝတ်
သားတစ်ယောက်ရှိ၏။ ထိုကိုရင်လေးကား ရွာနှင့်ဝေးသော မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်
တွင်ပညာသင်ကြားနေ၏။
Saturday, November 3, 2012
Gingerbread Man ပုံပြင်
Gingerbread Man ပုံပြင်
(စကားချီး။ ။ ဒီကနေ့ သားသားရဲ့ ကျောင်းလက်ဆွဲအိတ်လေးထဲမှာ gingerbread man ပုံပြင်စာအုပ်လေး ပါလာပါတယ်။ သားသားတို့ကျောင်းမှာ တပတ်တခါ ပုံပြင်ပြောတဲ့နေ့ရှိတာကြောင့်၊ အဲဒီနေ့မတိုင်ခင်မှာ ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ပုံပြင်စာအုပ်လေး ထည့်ပေးမယ်လို့ ဆရာမတွေက ပြောပါတယ်။ မိဘက အိမ်မှာ ပုံပြင်စာအုပ်လေးကို ဖတ်ပြရပြီး ကလေးက နောက်နေ့မှာ သူမှတ်မိသလောက် ပြန်ပြောရပြီး၊ ဆရာမက ပုံပြင်လေးတွေကို ပြန်ဖတ်ပြမယ်ဆိုပဲ။ ကလေးတွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး၊ စကားပြော စွမ်းရည်ကို တိုးတက်စေရုံမက ဆယ်ယောက်ရှိတဲ့ အတန်းဆိုရင် ပုံပြင်ဆယ်မျိုးသိခွင့်ရသွားစေတဲ့ ဒီအစီအစဉ်လေးက စိတ်ဝင်စားစရာပါ။ ၂၁ ရာစုရဲ့ "မိဘဆရာ ပူးပေါင်း၊ ကလေး ပညာကောင်း" အစီအစဉ်လေးတွေက ကျွန်မတို့ ၂၀ ရာစုတုန်းကနဲ့ မတူပဲ ပိုပြီး အားကောင်းလာလေသလား မသိ။။ သားသားရဲ့ ကျောင်းအိတ်လေးထဲက သူ့နာမည်နဲ့ ဖိုင်လေးတဖိုင်ဟာ နေ့စဉ်နေ့တိုင်း ကျောင်းနဲ့ အိမ်ကို အသွားအပြန် ရောက်နေတော့တာပါပဲ။
ဒီဖိုင်လေးထဲမှာ သားရဲ့ တနေ့တာ ကျောင်းသားဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ တံဆိပ်တုံးလေ ပါလာပါတယ်။ အဲဒါကို ကြည့်ပြီး ကောင်းတယ်ဆိုရင် ကလေးကို မိဘက ချီးကျူးရပြီး၊ ဆိုးတဲ့ တံဆိပ်လေး ပါလာရင်တော့ မိဘက ဆရာမတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆုံးမစကားပြောဖို့ ဖြစ်ပါတယ်။ တံဆိပ်တုံးလေးဘေးမှာ မိဘက လက်မှတ်ထိုးပေးရပါတယ်။ အလားတူပဲ အိမ်စာစာရွက်လေး (အေ၊ ဘီ၊ စီ၊ ဒီ အရေးကျင့်တဲ့ စာရွက်လေး) ပါလာရင်လဲ ကလေးကို အိမ်စာလုပ်ခိုင်းပြီးတဲ့အခါ မိဘက လက်မှတ်ထိုးရပါတယ်။ ဒီနေ့တော့ ပုံပြင်စာအုပ်လေးကို ဖတ်ပြပြီးတဲ့အခါ ဖတ်ပြပြီးကြောင်းလဲ လက်မှတ်ပြန်ထိုးပေးရပါတယ်။ ပြီးရင် စာအုပ်လေးကို ကျောင်းလက်ဆွဲအိတ်လေးထဲ ပြန်ထည့်ပေးရမှာ ဖြစ်ပေမယ့် ကျွန်မချက်ချင်း ပြန်မထည့် ဖြစ်ပါဘူး။ ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဘာသာပြန် ရေးသားချင်စိတ်လေး ပေါ်လာတာကြောင့်ပါ)
ပုံပြင်လေးကတော့ ဒီလိုပါတဲ့ရှင်။
ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။
ကလေးငယ်လေးနဲ့ မိသားစုတွေကို တွေ့တိုင်း "တို့ဆီမှာ သားလေးတယောက်ရှိရင်" လို့ပြောပြီး အဖွားအိုက သက်ပြင်းချလေ့ရှိပါတယ်။
ဒီလိုနဲ့ တနေ့တော့
"ကျွန်မသိပြီ။ gingerbread man ပုံ သားငယ်လေးတယောက် လုပ်မယ်" လို့ အဖွားအိုက ဆိုပါတယ်။
အဖိုးအိုကလဲ သဘောတူတာကြောင့် သူမဟာ မုန့်လုပ်နည်းစာအုပ်လေးကို ထုတ်ပါတယ်။ gingerbread man လေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ချိန်တွယ်တိုင်းတာပြီး ရောသမမွှေလိုက်ပါတယ်။
မုန့်ကို နယ်ပြီး သဏ္ဍာန်လေး ဖော်လိုက်ပါတယ်။ နောက်တော့ မီးဖို (Oven)ထဲထည့်ပြီး ဖုတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတိုရဲ့ မီးဖိုလေးမှာ gingerbread ရနံ့လေး မွှေးကြိုင်လာပါတယ်။
ဒါကြောင့် အဖွားအိုက အဆင်သင့်ဖြစ်ပြီလို့ ဆိုပြီး မီးဖိုတံခါးလေးကို ဖွင့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ အလွန်သေးငယ်တဲ့ gingerbread man လေးက မီးဖိုထဲကနေ ခုန်ထွက်လာပါလေရော။
gingerbread man လေးဟာ ကြမ်းပြင်ပေါ်မှာ ပြေးလွှားပြီး ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ပြေးထွက်သွားပါတယ်။
"ရပ်ပါဦး"
အဖွားအိုက လှမ်းခေါ်တယ်။
"ရပ်ပါဦး၊ ရပ်ပါဦး"
အဖိုးအိုကလဲ လှမ်းပြောတယ်။
ဒါပေမယ့် gingerbread man လေးကတော့ သီချင်းဆိုရင်း လမ်းတလျှောက်ပြေးလွှားသွားပါတယ်။ သူဆိုတဲ့ သီချင်းလေးက
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" ဆိုပဲ။
gingerbread man လေးဟာ နွားတကောင်နဲ့ မြင်းတကောင်ရှေ့က ဖြတ်ပြေးတယ်။
"သင့်ကို ကြည့်ရတာ သိပ်ပြီး အရသာရှိတဲ့ပုံပဲ" လို့ မြင်းက ဆိုတယ်။
နွားကတော့ "လူကလေး၊ ဒီကိုလာ" လို့ ဆိုတယ်။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်းနဲ့ နွားတို့က လိုက်လာတယ်။
ဒီလိုနဲ့ gingerbread man လေးက လယ်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီးရှေ့က ဖြတ်ပြေးတယ်။ လယ်သမားကြီးက
"အွန်း။ တော်တော်ကောင်းမယ့် ပုံပဲ" ဆိုပြီး "လူကလေး၊ ဒီကိုလာ" လို့ ပြောတယ်။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွားနဲ့ လယ်သမားကြီးတို့က လိုက်လာတယ်။
ဒီလိုနဲ့ gingerbread man လေးဟာ ကျောင်းတကျောင်းရှေ့က ဖြတ်ပြေးသွားတဲ့အခါ ကလေးတွေက အော်ကြတယ်။
"တို့တတွေ gingerbread ကို ကြိုက်တယ်။ ဒီကိုလာ၊ လူကလေး" တဲ့။
gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ လယ်သမားကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင် ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွား၊ လယ်သမားကြီးနဲ့ ကလေးတွေက လိုက်လာတယ်။
ဒီလိုပြေးရင်းပြေးရင်းနဲ့ gingerbread man လေးဟာ မြစ်တခုကို ရောက်လာပါလေရော။
သူက မြစ်ကိုဖြတ်ကူးချင်တယ်။ ဒါပေမယ့် ရေစိုမှာလဲ ကြောက်တယ်။
ဒီလိုအခြေအနေကို မြေခွေးကြီးက သတိထားမိသွားပါတယ်။
"ငါ့ရဲ့ အမြီးပေါ်ကို တွယ်တက်လာခဲ့ပါ။ မြစ်တဘက်ကမ်းကို ရောက်ဖို့ ကူညီပေးမယ်" လို့ မြေခွေးကြီးက ဆိုတယ်။
ဒါကြောင့် gingerbread man လေးက မြေခွေးအမြီးပေါ်ကို တက်လိုက်တယ်။
မြေခွေးက အမြီးကို ရေထဲမှာ ဆွဲပြီး ဖြတ်ကူးတယ်။
ပြီးတော့ "ဆောရီးပါ။ ရေမစိုအောင် ကျောကုန်းပေါ် တက်ပါ" လို့ ပြောတယ်။
gingerbread man လေးက ကျောပေါ်ကို တွယ်တက်လိုက်တယ်။
သိပ်မကြာပါဘူး။ ကျောပေါ်မှာလဲ ရေတွေ စိုလာပြန်ရော။
ဒါနဲ့ မြေခွေးက "ဆောရီးပါ။ ခေါင်းပေါ်ကို တက်" လို့ ပြောလိုက်တယ်။
gingerbread man လေးကလဲ ခေါင်းပေါ်ကို ခြေဖျားလေးထောက်ပြီး ဆက်တက်တာပေါ့။
ဒီလိုနဲ့ ခေါင်းပေါ်လဲ ရောက်ရော မြေခွေးက ခေါင်းကို လှုပ်ရမ်းပြီး gingerbread man လေးကို လေထဲမှာ မြှောက်လိုက်တယ်။ ပြီးတော့ gingerbread man လေးရဲ့ ခြေဖျားကို ဟပ်လိုက်ပါလေရော။
gingerbread man လေးရဲ့ လေးပုံတပုံက မြေခွေးပါးစပ်ထဲ ရောက်သွားတယ်။
မြေခွေးက နောက်တချက် ထပ်ဟပ်လိုက်တော့ တ၀က်လောက်ရာက်သွားတယ်။
မကြာပါဘူး။ လေးပုံသုံးပုံလောက် မြေခွေးပါးစပ်ထဲ ရောက်သွားပါရော။
မြေခွေးက နောက်တချက် ထပ်ဟပ်တယ်။
အဲဒီမှာတင် gingerbread man လေးဟာ မြေခွေးပါးစပ်ထဲ လုံးဝ ရောက်သွားပါတော့တယ်။
ရိုးရာပုံပြင်အား ပြန်ပြောသူ- Mairi Mackinnon
ဘာသာပြန်သူ- ခင်မမမျိုး (၃၀၊ ၈၊ ၂၀၁၁)
ရည်ညွှန်းပုံပြင်စာအုပ်။ ။
The Gingerbread Man (Illustrated by Elena Temporin, Retold by Mairi Mackinnon), 2007, Usborne Publishing Ltd.
![]() |
| လိမ်နေလိုက်ကြတာ |
![]() |
| ကျောင်းရှိသည် ဖြေးဖြေး |
![]() |
| တစ်ခါတုန်းက |
![]() |
| အပြုံးများ၏ နောက်ကွယ် |
![]() |
| အပြောင်းအလဲတွေ |
![]() |
| နည်းပညာနှင့် လူသားကျန်းမာရေး |
Thursday, November 1, 2012
ရယ်စရာအဖုံဖုံ ဟာသစုံ
ချစ်ရတဲ့ မြေးလေး
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”
ပေါက်ကရမပြောနဲ့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”
စကားများသူများ
ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား
ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ
ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ
ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ
ဆရာမ။ ။ မင်းအမေကရော
ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”
ပေါက်ကရမပြောနဲ့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”
စကားများသူများ
ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား
ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ
ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ
ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ
ဆရာမ။ ။ မင်းအမေကရော
ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..
Friday, October 26, 2012
လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွားသလို
လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွားသလို
နေရာက ပွဲခွင်တစ်ခု၏ နှစ်ပါးခွင်တစ်ခုတွင်ဖြစ်သည်။
မင်းသမီးက “ဖျားနှမလေး ပင်ပန်းလှပါပြီ မောင်မောင်၊ ဒီစခန်းကဖြင့် တစ်လှမ်းမှပင် မရွေ့နိုင်
တော့ပါဘူး”ဟုဆို၍ ထိုင်ချလိုက်လေသည်။
ထိုအခါမင်းသားက “ဘာမှ စိုးရိမ်တော်မူပါနဲ့ နှမငယ်။ လားနှစ်ကောင်စပ်ကြား မြင်းသွားသလိုပ”
ဟူ၍ ဆိုလိုက်လေ၏။
ဒီအခါ ဘေးမှာရှိတဲ့ လူပျက်တစ်ဦးက “ဘယ်နှယ်ဟာလည်း ကိုယ်တော်၊ သူတကာ့မင်းသားများ
မှာ မင်းသမီးက ပင်ပန်းလှပါပြီ၊ မောလှပါပြီလို့ဆိုရင် မင်းသားက မလိုက်လိုက်အောင် ချော့မော့ပြီး
ခေါ်ရပါတယ်။ အခုတော့ ကိုယ်တော့ဟာက “လားနှစ်ကောင်ကြား မြင်းသွားသလိုပ”ဆိုတော့၊ မင်းသမီး
ကလိုက်ပါလိမ့်မယ်။ ကိုယ်တော့ချော့ပုံမျိုးနဲ့”
ထိုအခါ မင်းသားက လူပျက်ဘက်လှည့်ကာ“ ဟဲ့ ဟဲ့ လူမိုက်မျိုးတို့၊ မင်းသမီးကို ချော့လို့မှ ချော့
မှန်းမသိတဲ့ဟာတွေ၊ အခုပွဲကိုရှုစားနေကြတဲ့ အစ်ကိုအစ်မတွေက နားကြီးမျက်စိကြီးတွေဟဲ့၊ တစ်ထွာ
လောက်ပြောလိုက်ရုံနဲ့ တစ်လံလောက်နားလည်တော်မူကြတာ။ ရပ်ကြီးသူရပ်ကြီးသားတွေဟဲ့။ ရှေးက
မင်းသားတွေဆို ခုလိုမင်းသမီးက မလိုက်နိုင်တော့ဘူးဆိုရင် “စိုးပါနဲ့မေ၊ မိုးကြယ်မို့လား၊ သည်တောင်ကို
မောင်ဖြိုပါ့မယ်၊ မြင်းမိုရ်မို့လား။”လို့ ဆိုကြတယ် ချော့ကြတယ်မဟုတ်လား။ ကာလက အတိုကြိုက်တဲ့
ကာလဟဲ့။ ဒါကြောင့်မို့ ငါကလည်း အတိုကောက်ကို ဆိုလိုက်ရတာဟဲ့။
ထိုအခါ လူပျက်က“စိုးပါနဲ့မေနဲ့ ကိုယ်တော့လားတွေ မြင်းတွေနဲ့ ဘာဆိုင်တာမှတ်လို့” ပြန်ပြောပါ
တယ်။
ဒီအခါ မင်းသားက“ကျွန်မျိုးမကမွေးတဲ့ သပေါက်မသားတွေ။ မြင်းစီးလို့မှ အထီးမှန်းအမမှန်း မသိကြ
ဘူး။ ဒီမယ် နားထောင်ကြ “စိုးပါနဲ့မေ၊ မိုးကြယ်မို့လား။ ကြယ်မို့လားနေရာမှာ လားတစ်ကောင်နော် မှတ်
ထား။ သည်တောင်ကိုမောင်ဖြိုပါ့မယ် မြင်းမိုရ် အဲမြင်းမိုရ် ဆိုတဲ့နေရာမှာ မြင်းတစ်ကောင်နော်၊ ပြီးတော့
မို့လား ၊ အဲဒီမို့လားနေရာမှာ လားတစ်ကောင်၊ သည်တော့ လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွား
သလို”မဟုတ်လားဟူ၍ မင်းသားကရှင်းပြလိုက်တော့ ပရိသတ်ကြီးတစ်ခုလုံး ပတ်တုပ်လို့ပင်မရအောင်
ရယ်မောလိုက်ကြပါသတဲ့။
(ဦးလတ်ရေး ရွှေပြည်စိုးဝတ္ထုမှ)ရယ်ကြမယ်
ရူပဗေဒ
‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’
Wednesday, October 17, 2012
Tuesday, October 16, 2012
Sunday, October 14, 2012
Friday, October 12, 2012
ဒီလိုဆိုတော့လည်း...
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။
ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။
နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။
Subscribe to:
Posts (Atom)
























