Friday, October 26, 2012

လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွားသလို

လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွားသလို

          နေရာက ပွဲခွင်တစ်ခု၏ နှစ်ပါးခွင်တစ်ခုတွင်ဖြစ်သည်။
          မင်းသမီးက “ဖျားနှမလေး ပင်ပန်းလှပါပြီ မောင်မောင်၊  ဒီစခန်းကဖြင့် တစ်လှမ်းမှပင် မရွေ့နိုင်
တော့ပါဘူး”ဟုဆို၍  ထိုင်ချလိုက်လေသည်။ 
        ထိုအခါမင်းသားက “ဘာမှ စိုးရိမ်တော်မူပါနဲ့  နှမငယ်။ လားနှစ်ကောင်စပ်ကြား မြင်းသွားသလိုပ”
ဟူ၍ ဆိုလိုက်လေ၏။
        ဒီအခါ ဘေးမှာရှိတဲ့ လူပျက်တစ်ဦးက “ဘယ်နှယ်ဟာလည်း  ကိုယ်တော်၊ သူတကာ့မင်းသားများ
မှာ  မင်းသမီးက ပင်ပန်းလှပါပြီ၊ မောလှပါပြီလို့ဆိုရင်  မင်းသားက မလိုက်လိုက်အောင် ချော့မော့ပြီး
ခေါ်ရပါတယ်။  အခုတော့  ကိုယ်တော့ဟာက “လားနှစ်ကောင်ကြား မြင်းသွားသလိုပ”ဆိုတော့၊ မင်းသမီး
ကလိုက်ပါလိမ့်မယ်။ ကိုယ်တော့ချော့ပုံမျိုးနဲ့”
         ထိုအခါ  မင်းသားက လူပျက်ဘက်လှည့်ကာ“ ဟဲ့  ဟဲ့  လူမိုက်မျိုးတို့၊  မင်းသမီးကို ချော့လို့မှ ချော့
မှန်းမသိတဲ့ဟာတွေ၊ အခုပွဲကိုရှုစားနေကြတဲ့ အစ်ကိုအစ်မတွေက နားကြီးမျက်စိကြီးတွေဟဲ့၊  တစ်ထွာ
လောက်ပြောလိုက်ရုံနဲ့  တစ်လံလောက်နားလည်တော်မူကြတာ။ ရပ်ကြီးသူရပ်ကြီးသားတွေဟဲ့။  ရှေးက
မင်းသားတွေဆို ခုလိုမင်းသမီးက မလိုက်နိုင်တော့ဘူးဆိုရင် “စိုးပါနဲ့မေ၊  မိုးကြယ်မို့လား၊ သည်တောင်ကို
မောင်ဖြိုပါ့မယ်၊ မြင်းမိုရ်မို့လား။”လို့  ဆိုကြတယ် ချော့ကြတယ်မဟုတ်လား။ ကာလက အတိုကြိုက်တဲ့
ကာလဟဲ့။ ဒါကြောင့်မို့ ငါကလည်း အတိုကောက်ကို ဆိုလိုက်ရတာဟဲ့။
        ထိုအခါ လူပျက်က“စိုးပါနဲ့မေနဲ့  ကိုယ်တော့လားတွေ မြင်းတွေနဲ့ ဘာဆိုင်တာမှတ်လို့” ပြန်ပြောပါ
တယ်။
        ဒီအခါ မင်းသားက“ကျွန်မျိုးမကမွေးတဲ့ သပေါက်မသားတွေ။ မြင်းစီးလို့မှ အထီးမှန်းအမမှန်း မသိကြ
ဘူး။ ဒီမယ် နားထောင်ကြ “စိုးပါနဲ့မေ၊ မိုးကြယ်မို့လား။ ကြယ်မို့လားနေရာမှာ လားတစ်ကောင်နော် မှတ်
ထား။  သည်တောင်ကိုမောင်ဖြိုပါ့မယ် မြင်းမိုရ်  အဲမြင်းမိုရ် ဆိုတဲ့နေရာမှာ မြင်းတစ်ကောင်နော်၊ ပြီးတော့ 
မို့လား ၊ အဲဒီမို့လားနေရာမှာ လားတစ်ကောင်၊ သည်တော့ လားနှစ်ကောင်စပ်ကြား မြင်းတစ်ကောင်သွား
သလို”မဟုတ်လားဟူ၍  မင်းသားကရှင်းပြလိုက်တော့ ပရိသတ်ကြီးတစ်ခုလုံး ပတ်တုပ်လို့ပင်မရအောင်
ရယ်မောလိုက်ကြပါသတဲ့။
                                                                                     (ဦးလတ်ရေး  ရွှေပြည်စိုးဝတ္ထုမှ)
 

ရယ်ကြမယ်

ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
 
 
 ဆက်သွယ်လိုလျှင် 

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’





ဥပေက္ခာ



ဥပေက္ခာ


သူတစ်ထူး ပေါ်မှာ
ထားခဲ့မိတဲ့ ရိုးသားမှုတွေ ကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ် နာလာတယ် .....
သူတစ်ထူးရှေ့မှာ

ချစ်ခင်ခဲ့မိတဲ့ မျှော်လင့်ခြင်းတွေကို
ဥပေက္ခာပြုခံလိုက်ရတဲ့ခါ
ရှက်ရွံ့ ရင်မှာတဆစ်ဆစ်နာတယ် .....


Thursday, October 18, 2012

ကထိန်အလှူအကြောင်းသိကောင်းစရာ



ခွင့်ပြုတော်မူခြင်း၏ ရည်ရွယ်ချက်

သုံးလောကထွဋ်တင် သဗ္ဗညုဘုရားသခင်သည် ဇေတဝန်ကျောင်းတော်မြတ်၌ ကိန်းဝပ်စမ္ပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကရဋ္ဌတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးဂျိပ်တို့အား အကြောင်းပြု၍-ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သံဃာတော်များအား သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကြမှု မရှိစေဘဲ
၁။ ရဟန်းသံဃာတော်များ သင်္ကန်းရစေမှု၊
၂။ ကထိန်အာနိသင် ၅ပါး ခံစားရမှု၊
၃။ ကထိန်သင်္ကန်းလှူသူ အကျိုးများမှု၊
ဤအချက်ကြီး၃ချက်ကို ရည်မှတ်တော်မူလျက် ''အနုဇာနာမိဘိ က္ခဝေ ဝဿံဝုတ္ထာနံဘိက္ခူနံ ကထိန် အတ္ထရိတုံ'' အစရှိသဖြင့် ဝိနည်း မဟာဝါကထိနက္ခန္ဓက၌ လာသည့်အတိုင်း ဝါကျွတ်မိုးနှောင်း အချိန်ကောင်းတွင် ကထိန်ခင်းမှုကို ခွင့်ပြုသတ်မှတ် ပညတ်တော်မူခဲ့လေသည်။

ကထိန်သင်္ကန်း

ကထိနစီဝရ - ကထိန်သင်္ကန်း၊ ကထိန်ကံဆောင်ရန် လှူအပ်သောသင်္ကန်း။
ဘုရားရှင်လက်ထက်က ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ သံဃာတော်များ သင်္ကန်းလုံလောက်ရန် ကထိန်သင်္ကန်း အလှူခံခွင့်ပြုထားသည်။ ကထိန်ခင်းရန် ခွင့်ပြုသော ရက်အပိုင်းအခြားသည် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ ဖြစ်သည်။ ကထိန်သင်္ကန်းကို အမိအဖတို့ထံမှသော်လည်း အလှူမခံရပါ၊ သဒ္ဓါအလျောက် ဖြစ်ပေါ်လာသော သင်္ကန်းဖြစ်မှ သိမ်အတွင်း ဝါဆိုသံဃာများစုဝေး၍ ကမ္မဝါရွတ်ဖတ်ပြီး ကထိန် ခင်းရသည်။ သင်္ကန်းလှူသောအခါ ပုဂ္ဂိုလ်ကို မလှူရ။ သံဃာကို ရည်ညွှန်းလှူရသည်။ သံဃာ့အစည်းအဝေး၌ သင်္ကန်းရှားပါးသော ရဟန်းအား ထိုကထိန်သင်္ကန်းကို ပေးရသည်။ လှူသောသူရော ခံယူသူ ရဟန်းပါ အကျိုးငါးမျိုးရရှိသည်။

ကထိန်ဟူသော ဝေါဟာရ

ကထိန်ဟူသော ဝေါဟာရသည် ကထိနဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာသော စကားဖြစ်ပါသည်။ ရိုးရိုးအဓိပ္ပါယ်မှာ မြဲမြံခြင်းဟူသော အနက်အဓိပ္ပါယ် ရှိပါသည်။
ကထိန်အာနိသင်အကျိုး ငါးမျိုးသည် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ (၅)လတိုင်တိုင် ကထိန်ခင်းသော ကျောင်းတိုက်အတွင်း၌ မြဲမြံခိုင်ခံ့တည်တံ့ စေတတ်သော အနက်သဘော၊ ကထိန်အကျိုးအာနိသင်ငါးမျိုးကို ကထိန်ခင်းသော သံဃာမှတစ်ပါး အခြားသံဃာတို့ မရောက်စေမူ၍ ကထိန်ခင်းသော သံဃာအားသာ ရရှိအောင် ချီးမြှင့်ထောက်ပံ့တတ်သော အနက်သဘော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကောင်း၏တော်၏ဟု ချီးမွမ်းအပ်သောအနက်သဘော၊ ဟူ၍ ကထိန်နှင့်ပတ်သက်၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးသားကြပါသည်။ အချုပ်မှာ ကထိန်အကျိုးငါးပါးကို မြဲမြံခိုင်ခန့်တည်တံ့ စေနိုင်သော ဘုရားစသော သူတော်ကောင်းကို ချီးမွှမ်းအပ်သော သံဃာတော်များ ဆောင်ရွက်ရသော အလုပ်ကိစ္စ (သံဃာကံ)သည် ကထိန်မည်ပါသည်။

ကထိန်သင်္ကန်း လှူသူတို့၏ အကျိုးငါးပါး

ကထိန်အကျိုး(၅)ပါးကို ရဟန်းတို့ရသလို လှူဒါန်းသူ ဒါယကာတို့မှာလည်း အကျိုးငါးပါးရပါသည်-
၁။ မိမိအား ချုပ်ချယ်သူမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊
၂။ ကိုယ်ပိုင်ပစ္စည်းနှင့်ကင်းကွာနေသော်လည်း မပျက်စီးနိုင်ခြင်း၊
၃။ မွန်မြတ်သော အစာအဟာရကို စားသုံးနိုင်ခြင်း၊
၎။ ပစ္စည်းအပေါ်စွဲလမ်းမှုမရှိဘဲ အလိုရှိတိုင်း သုံးစွဲနိုင်ခြင်း၊
၅။ အလိုရှိသောပစ္စည်းများ အလွယ်တကူရနိုင်ခြင်း၊
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်က လူတို့ လှူဒါန်းသော သင်္ကန်းကိုခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်းလှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြာသော ရဟန်းများကို ဝါဆိုချိန်ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန်တို့၌ ဝါဆိုသင်္ကန်းကို ကပ်လှူကြသည်။

ကထိန်သင်္ကန်း အလှူခံရဟန်း ရရှိသောအကျိုးငါးပါး

ကထိန်သင်္ကန်းနှင့်ပတ်သက်၍ ကထိန်ခံရဟန်းနှင့် ကထိန်အနုမောဒနာပြုရဟန်းတို့ ရရှိသော အကျိုးတရား ငါးပါးရှိပါသည်။
၁။ ဆွမ်းဘုဉ်းပေးပင့်သော ဒါယကာတို့အိမ်သို့မြ<ွကမီ အနီးရှိ ရဟန်းတစ်ပါးပါးကို မပြောကြားဘဲ အခြားဒါယကာ တစ်ဦးအိမ်သို့ သွားသော်လည်း စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၂။ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် (၁)ထည်ထည်နှင့်ဖြစ်စေ၊ (၃)ထည်လုံးနှင့်ဖြစ်စေ ညဥ့်ကင်း၍ နေသော်လည်း ဒုတိယကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၃။ တပည့်တော်တို့၏ ထမင်းကို အလှူခံတော်မူပါဟု မအပ်သောနည်းဖြင့် ဖိတ်သောဒါယကာတို့၏ ဆွမ်းကို လေးပါး ငါးပါးထက်ပိုသော ရဟန်းတို့အတူတကွယူ၍ အတူတကွဘုဉ်းပေးသော်လည်း ဂဏဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ခြင်း၊
၎။ မိမိရရှိသော သင်္ကန်းများကို အဓိဋ္ဌာန်ပတ်၊ ဝိကပ္ပနာမပြုဘဲ (၁ဝ)ရက်လွန်အောင်ထားသော်လည်း ပထမကထိန သိက္ခာပုဒ်ဖြင့် အာပတ် မသင့်ခြင်း၊
၅။ မိမိတို့ကျောင်း ဥပစာအတွင်း၌ ဖြစ်ပေါ်လာသော မတသန္တကစိဝရစသော သံဃိကအဝတ်သင်္ကန်းဟူသမျှကို ဝါကျိုး ဝါပြတ်ရဟန်း အာဂန္တုကရဟန်းတို့အား မပေးဝေရဘဲ မိမိတို့သာ ဝေဖန်၍ ယူနိုင်ခြင်း၊ ဟူသော အကျိုးငါးပါးကို ရရှိခံစားရပါသည်။

ပရိက္ခရာ ၈-ပါး သိမှတ်ဖွယ်

ပရိက္ခရာ ၈-ပါး-

၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး
၆။ ၀ါသိက= ခေါင်ရိတ်ဓား
၇။ သူစိ= အပ် အပ်ချီ
၈။ ပရိသာဝန= ရေစစ်

သပိတ်၊ သပိတ်လွယ်၊ သပိတ်ခြေ ခွင့်ပြုတော်မူခြင်း (စူဠဝဂ်ပါဠိတော် မြန်မာပြန်)(ဝိမြန် ၄၊ ၂၄၆)
ရဟန်းတို့ ဤသစ်သားသပိတ်ကို ဖျက်ဆီးကြကုန်လော့၊ အစိတ်စိတ်အြ>ွမြာ>ွမာလုပ်၍ ရဟန်းတို့အားမျက်စဉ်းကြိတ်ရန် ပေးကုန်လော့။
ရဟန်းတို့ သစ်သားသပိတ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ ဟု မိန့်တော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့် ပြီးသည်လည်း ဖြစ်သော ငွေဖြင့် ပြီသည်လည်း ဖြစ်သော အကောင်းအညံ့ ဖြစ်သော သပိတ်တို့ကို ဆောင်ကုန်၏။
လူတို့သည် 'ကာမဂုဏ်ခံစားသူ လူတို့ကဲ့သို့တည်း' ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရွှေသပိတ်ကို မဆောင်အပ်။ပ။ ငွေသပိတ်ကို မဆောင်အပ်။ ပတ္တမြားသပိတ်ကို မဆောင်အပ်။ကျောက်မျက်သပိတ်ကို မဆောင်အပ် ဖလ်သပိတ်ကို မဆောင်အပ်။ကြေးသပိတ်ကိုမဆောင်အပ်။ စဥ့်သပိတ်ကိုမဆောင်အပ်။ ခဲမဖြူသပိတ်ကိုမဆောင်အပ်။ ခဲပုပ်သပိတ်ကို မဆောင်အပ်။ ကြေးနီသပိတ်ကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ သံသပိတ်၊ မြေသပိတ်ဟု ဆိုအပ်သော သပိတ်နှစ်မျိုးတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
၂၅၃။ ထိုအခါ သပိတ် အရင်း 'အောက်ဖက်'သည် ပွန်းခဲ့သဖြင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သပိတ် နှီးဝန်းကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)
ရဟန်းတို့ ခဲမဖြူဖြင့် ပြီးသည်လည်းဖြစ်သော ခဲပုတ်ဖြင့် ပြီးသည်လည်းဖြစ်သော သပိတ် နှီးဝန်းနှစ်မျိုးတို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
ထိုအခါ များစွာသောသပိတ်တို့ကို လွင်တီးခေါင်၌ သပိတ်ခြေမပါဘဲ ထားကုန်၏။ သပိတ်တို့သည် လေပွေခတ်သဖြင့် လိမ့်၍ကွဲကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သပိတ်ခြေကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏။)
ရဟန်းတို့ သပိတ်ထားစရာ အဝကျယ်သောအိုးကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ သပိတ်ထားစရာအိုး၌ သပိတ်သည် ပွန်းခဲ့ပြန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သပိတ်အိတ်ကို ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)
ပခုံးလွယ် မရှိသဖြင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပခုံးလွယ်ကိုလည်းကောင်း၊ ဖွဲ့ ကြိုးကိုလည်းကောင်း ခွင့်ပြု၏ ဟု (မိန့်တော်မူ၏။)



Wednesday, October 17, 2012

မေး၍ဖြေရပါသည်


လက်ဘက်ရည်နှင့် ကောင်းကျိုးဆိုးကျိုး

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ဖြစ်စဉ်ကဒီလိုပါ။

 ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref:GreatHorseTea
source>>>http://natureenergycare.blogspot.com/2012/10/blog-post_8.html#more

နိုင်ငံတော်သမ္မတကြီး၏ ဘ၀ပုံရိပ်များ

သမ္မတကြီးဦးသိန်းစိန် ငယ်စဉ်ကလေးဘ၀က သင်္ဘောပေါ်တွင်အမှတ်တရ
သမ္မတကြီးဦးသိန်းစိန်၏ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှ နေအိမ်

သမ္မတကြီးအခြေခံလောကီလောကုတ္တရာစာပေသင်ယူခဲ့ရာ တိုင်တစ်ရာကျောင်း(ယခု  ဓမ္မပါလကျောင်း)

သမ္မတကြီးနှင့်  ဒေါ်ခင်ခင်ဝင်းတို့ မင်္ဂလာဆောင်စဉ်က အမှတ်တရ

သိင်္ဂါလောဝါဒဆုံးမစာများ

*သားသမီးကျင့်ဝတ် ( ၅ ) ပါး
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း ၊
(၂) မိဘတို့၏အမှုကိစ္စကိုဆောင်ရွက်ခြင်း ၊
(၃) မိဘစကားကိုနားထောင်၍ မိဘတို့အမွေကိုခံထိုက်အောင်ပြုလုပ်ခြင်း ၊
(၄) မိဘတို့ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း ၊
(၅) မိဘတို့၏ မျိုးအနွယ် အမျိုးဘာသာ သာသနာကိုစောက်ရှောက်ရခြင်း ၊

*မိဘကျင့်ဝတ် ( ၅ ) ပါး
မကောင်းမြစ်တား ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ ။

(၁) မကောင်းမှုများကိုတားမြစ်ခြင်း ၊
(၂) ကောင်းမှူကောင်းရာများကိုညွှန်ပြရခြင်း ၊
(၃) အတတ်ပညာ သင်ကြားပေးရခြင်း ၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန်ပေးရခြင်း ၊
(၅) လက်ထပ်ထိမ်းမြားပေးရခြင်း ၊


*တပည့်ကျင့်ဝတ် ( ၅ ) ပါး

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီး , လုပ်ကျွေး သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ ။

(၁) ဆရာသင်ကြားဆုံးမသမျှကို လေးစားစွာဂရုတစိုက် နာခံမှတ်သားရခြင်း ၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျှက် ခရီးဦး ကြိုဆိုရခြင်း ၊
(၃) ဆရာ့ထံပါး ဆည်းကပ်ခစားရခြင်း ၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း ၊
(၅) ဆရာသင်ပေးသော သင်ခန်းစာများကို လေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွတ်ဆိုရခြင်း ၊



ဆရာ (သို့) အိုးထိန်းသည်

ဆရာ (သို့) အိုးထိန်းသည်
                                     
အိုးထိန်းသည်ကအိုးကိုကွယ်
ကြိမ်ဖန်များစွာပုတ်လို့ရယ်
ကွဲဖို့မရည်ရွယ်
သူ့စိတ်ဝယ် နှလုံးသွင်း
လှပစေဖို့ပုတ်ခတ်ခြင်း
ဆရာ့ကျောင်းတွင် ပညာရှာ
တပည့် တို့တစ်တွေဟာ
သင်ဆရာရိုက်ပါလည်း
လိမ္မာစေဖို့ပဲ
ဆရာတိုင်း၏ မေတ္တာတွင်
နှလုံးစိတ်ဝမ်း လွန်ဖြူစင်
ပညာသင် တို့တစ်တွေများ
ဆရာတွေကို  အစဉ်လေးစား။


       ဆရာတိုင်း၏မေတ္တာကိုခံယူနိုင်ကြပြီး
       ဆရာများအပေါ်တွင် ထာဝရလေးစားသော
       တပည့်ကောင်းတပည့်မွန်လေးများဖြစ်နိုင်ကြပါစေ…။