Friday, March 15, 2013

'နောင်တ'



'နောင်တ'


နောင်တ
ရှေးဦးအစ ပထမက
ကောင်းတယ်ဆိုတာ သိခဲ့ပါမူ
သူငါမချွတ် ပြုဖြစ်မည်။

ရှေးဦးအစ ပထမက
ဒီဟာမကောင်း မလုပ်ကောင်းဟု
မသိ၍သာ ပြုခဲ့သည်။
 

ရေကုန်ငါးပျောက် အိုင်လယ်ရောက်သည့်
တောင်ပျက်ကြိုးကြာ မှိုင်ရရှာသို့
လူမိုက် နောင်တ နှောင်းမှရသည်
ပြင်၍မရ နိုင်ပါတကား။


ပျင်းနောင်တ

ပျင်းနောင်တဆိုတာ ပျင်းရိသူများ အတွက်ဖြစ်ပါတယ်။ ပျင်းရိမိတဲ့အတွက်ကြောင့်
ကောင်းမှန်း သိရဲ့သားနဲ့ မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေ လူတိုင်းမှာလိုလိုရှိခဲ့ပါတယ်။

'လောကဓံတရား(၈)ပါး'



'လောကဓံတရား(၈)ပါး'


လောကဓံ=လောကဓမ္မ=လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေက ဘာတွေလဲ။ ရှေးဦးစွာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကလို့ လောကသုံးပါးရှိတာကို မှတ်သားရပါမယ်။

သတ္တ၀ါအားလုံးကို စုပေါင်းပြီး သတ္တလောကလို့ခေါ်တယ်။ သတ္တ၀ါတစ်ဦးစီဟာလည်း သတ္တလောကတစ်ခုစီဖြစ်တယ်လို့ မှတ်ယူရပါမယ်။

သတ္တ၀ါတို့ရဲ့ ဖြစ်ရာဘုံဌာနများက သြကာသလောက လို့ ခေါ်တယ်။ အကုသိုလ်ကံ ကုသိုလ်ကံတွေ အကျိုးပေးတဲ့အတိုင်း သတ္တ၀ါများ ဖြစ်ပေါ်ကြရတဲ့ ဘုံဌာနတွေက ၃၁-ဘုံရှိပါတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံ၊ လူ့ပြည်နဲ့ နတ်ပြည် ၆-ထပ် ဆိုတဲ့ ကာမသုဂတိ ၇-ဘုံနဲ့ ဗြဟ္မာဘုံ ၂၀-ဘုံတို့ ဖြစ်ကြပါတယ်။

သြကာသရှင်းတမ်း



သြကာသရှင်းတမ်း


သြကာသ =ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသ
ဟုခေါ်သည်။လေးနက်စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလို
သောကြောင့်လည်းကောင်း သြကာသကို သုံးကြိမ်ဆိုရပါသည်။

ကံသုံးပါး = ကာယကံဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို
ဝစီကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟုခေါ်သည်။

ရတနာ = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။

သြကာသရှင်းတမ်း



သြကာသရှင်းတမ်း


သြကာသ =ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသ
ဟုခေါ်သည်။လေးနက်စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလို
သောကြောင့်လည်းကောင်း သြကာသကို သုံးကြိမ်ဆိုရပါသည်။

ကံသုံးပါး = ကာယကံဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို
ဝစီကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟုခေါ်သည်။

ရတနာ = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။

ဘုရား = တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရား
ဟုခေါ်ပါသည်။

တရား = အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲမကျရောက်အောင်ဆွဲဆောင်တတ်သော
ကြောင့် တရားဟုခေါ်ပါသည်။

သံဃာ = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု
ခေါ်ပါသည်။

အရိုအသေ = ကိုယ်၊ နှုတ်၊ စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။

အလေးအမြတ် = တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

ရှိခိုး = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊နှုတ်ဖြင့်ရှိခိုးခြင်း၊စိတ်ဖြင့်ရှိးခိုးခြင်းဟူ၍ သုံး
မျိုးရှိသည်။ကိုယ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား
တို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကို ခေါ်သည်။နှုတ်ဖြင့်
ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်း
ကိုခေါ်ပါသည်။စိတ်ဖြင့်ရှိခိုးခြင်း ဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်
ထဲမှာ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။(ခြေ၊ လက်၊ နဖူး၊ တံတောင်၊
ဒူး = ထိခြင်းငါးပါး)

ပူဇော် = ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းနှစ်မျိုးရှိသည်။

ဖူးမြော် = ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့်ဖူးမြော်ခြင်း။

မာန်လျှော့ = မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း(ရတနာ
သုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း)ကို မာန်လျှော့သည်ဟုခေါ်ပါသည်။မာန်လျှော့ခြင်းကို
နိဝါတမင်္ဂလာဟု မှတ်ပါ။

ကန်တော့ = အပြစ်ရှိက ခွင့်လွှတ်တော်မူပါသည်ဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့
သည်ဟုခေါ်သည်။အပြစ်ရှိ၍ ကန်တောခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟုနှစ်မျိုးရှိ
သည်။(ကန်တော့ ဆိုသည်မှာ အကိုလ်ကိုကန်ကျောက်၍ ကုသိုလ်ကို တောာ့၊ ယူခြင်းကို
ဆိုလိုသည်။)

အပါယ် = ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့်မရသောအရပ်ကို အပါယ်ဟုခေါ်သည်။

ကပ် = ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့်ပျက်စီးခြင်းကို ကပ်ဟုခေါ်သည်။

ရပ်ပြစ် = မဂ်၊ဖိုလ်နိဗ္ဗာန်ကို မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်သည်။(ရှစ်ပါးရှိသည်)

ရန်သူ = ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံအမွေဆိုး။

ဝိပတ္တိ = ဖောက်ပြန်ချွတ်ယွင်းခြင်းကို ဝိပတ္တိဟုခေါ်သည်။

ဗျသန = ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ၊ အကျင့်ပျက်စီးခြင်းကို ဗျသနဟုခေါ်သည်။

မဂ် = နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟုခေါ်သည်။

ဖိုလ် = မဂ်၏အကျိုးတရားကို ဖိလ်ဟုခေါ်သည်။

နိဗ္ဗာန် = ရာဂ၊ ဒေါသ၊ မောဟတို့၏။ ကင်းရာ ငြိမ်းအေးမှုဓာတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။

နမော တဿ = ဘုရားကို ရိုသေလေးစားခြင်း အစဉ်အလာကို ထိန်းသိမ်းခြင်းအနေဖြင့် နမောတဿ
ကိုသုံးခေါက်ရွတ်ဆိုရသည်။

ကြည်နူးဖွယ်ကောင်း လတပေါင်း

ကြည်နူးဖွယ်ကောင်း  လတပေါင်း

အင်္ဂါရိနော  ဒါနိ  ဒုမာ ဘဒန္တေ ၊  ဖလေသိနော  ဆဒနံ  ၀ိပ္ပဟာယ။
တေ  အစ္စိမန္တောဝ  ပဘာသယန္တိ  ၊  သမယော  မဟာဝီရ  အင်္ဂီရသာနံ။

ဘန္တေ     -     ကျေးဇူးငါးပုံ  ကောင်းခြင်းဂုဏ်နှင့်  ပြည့်စုံထင်ရှား  ရှင်တော်မြတ်ဘုရား။
ဒါနိ  ဣဒါနိ  -  ဆောင်းကိုလွန်မြောက်  နွေဦးပေါက်သို့  ရောက်လတ်တုံလာ  ယခုအခါ၌။
ဒုမာ      -  တစ်ခေတ်ကူးပြောင်း  သစ်ပင်အပေါင်းတို့သည်။
ဆဒနံ     -  ရှည်ကြာမြင့်ညောင်း  ရွက်ရော်ဟောင်းကို။
ဝိပ္ပဟာယ  -  စွန့်ပယ်သောထွေ  ကြွေကျကုန်၍။
ဖလေသိနော  -  အသစ်ဖြစ်သောအသီးကို  ရှာမှီးကြကုန်သကဲ့သို့  ဖြစ်၍။
အင်္ဂါရိနော  -  မီးကျီးအသွေး နီတွေးသောရွက်နုအပွင့်အဖူးတို့နှင့် ပြည့်စုံကြလေကုန်၏။

တေ  -  ထိုသစ်ပင်အပေါင်းတို့သည်။
အစ္စိမန္တောဝ  -  ဥတုလှုံ့ဆောင် အရောင်ရှိကုန်ကြသည်  ဖြစ်၍သာလျှင်။
ပဘာသယန္တိ  -  ပြောင်တ၀င်းဝင်း  ထွန်းလင်းတောက်ပကြလေကုန်၏။

မဟာဝီရ  -  ကြီးမြတ်သောလုံ့လရှိတော်မူသော  မြတ်စွာဘုရား။
အင်္ဂီရသာနံ  -  ကိုယ်တော်မြတ်မှ  မပြတ်ပြိုးပြက်  တလက်လက်ဖြင့် ထွက်သောရောင်ခြည်  ရှိတော်မူ
                   သော  ဘုရားရှင်တို့၏။
သမယော -  မွေးရပ်ဌာနီ  ပြည်ကပ္ပီသို့  နှစ်လီစက်ပန်းကိုယ်တော်လှမ်း၍  ကြွမြန်းတော်မူရန် 
                လျော်ကန်လျောက်ပတ်  ကောင်းမြတ်သော  အချိန်ပါဘုရား။



ဘုရားပေးခဲ့သောဥပမာ(ကုသိုလ် & အကုသိုလ်)


အကုသိုလ် 
၁။ အဆိပ်ပါသောမိုးခါးရည်နှင့် အကုသိုလ်ကို ဥပမာပေးထားသည်။ဥပမာပေးထားပုံမှာ အဆိပ်ပါ
သောမိုးခါးရည်သည် သောက်ဆဲမှာပင် အဝင်အရမ်းဆိုးပြီး အရမ်းခါးသလိုသောက်ပီးလို့ အဆိပ်ဆေးစွမ်းပြလာ
လျှင်လည်း ဒုက္ခဆင်းရဲရကာ သေပွဲဝင်ရသည်။ထိုသို့ပင် လူတစ် ယောက်သည်အကုသိုလ်(မကောင်းမှု) အလုပ်
ကိုပင်ပန်းဆင်းရဲကြီးစွာ(စေတနာမပါလို့ပဲလုပ်လုပ်၊ မပျော်မရွှင်ပဲလုပ်လုပ်၊စိတ်မပါလို့ပဲ လုပ်လုပ်) အကုသိုလ်
အလုပ်ကိုလုပ်လျှင် မျက်မှောက်တွင်လည်းမိုးခါးရည်ကိုသောက်ရာ အလွန်ခါးသကဲ့သို့ ဆင်းရဲဒုက္ခရောက်ရပြီး
အဆိပ်အစွမ်းပြချိန်ရောက်သောအခါဆင်းရဲဒုက္ခကြီးစွာ သေပွဲဝင်ရသကဲ့သို့ အကုသိုလ် အကျိုးပေးချိန်တန်လာသောအခါဆင်းရဲဒုက္ခများရသည်။

ယစ်မူးမှု (၃) မျိုး (ဒေါက်တာနန္ဒမာလာဘိဝံသ)



ယစ်မူးမှု (၃) မျိုး (ဒေါက်တာနန္ဒမာလာဘိဝံသ)



မြတ်စွာဘုရားက
ယစ်မူးမှု (၃)မျိုးကို ဖော်ပြထားတာရှိတယ်။


နံပါတ် (၁)

ယစ်မူးမှုက - "ယောဗ္ဗနမဒ" တဲ့၊
ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တက်တဲ့ မာန်မာန ယစ်မူးမှု၊

လူငယ်လူရွယ်တွေဆိုတာ
သူရဲ့ နုပျိုမှုနဲ့ အားခွန်ဗလတွေ အပေါ်မှာအထင်ကြီးပြီး ယစ်မူးနေတက်တယ်။
ယစ်မူးနေပြီး ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်၊
အဲဒါကို "ယောဗ္ဗနမဒ" လို့ ခေါ်တယ်၊


' သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ '



' သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ '

သောတာပန်

သောတာပန်ဟူသည် ပထမမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။
  သောတာပန် (၂ )မျိုး

(၁)စူဠသောတာပန်

ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု
သဘောတရားကို မြင်သောပုဂ္ဂိုလ်။ (၀ိပဿနာ ရှု၍ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများသည်ဟု ဆရာတော်များ ဟောကြားကြသည်။)

အဆင့်အတန်း
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလား။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )

(၂) မဟာသောတာပန်

ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၄)မျိုး
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်)


သကဒါဂါမ်
သကဒါဂါမ် ဟူသည် ဒုတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

အနာဂါမ်
အနာဂါမ်ဟူသည် တတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

ရဟန္တာ
ရဟန္တာဟူသည် စတုတ္ထမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

ကိုးကား

မိုးကုတ်တရားမှ
by ashintayzaniya (အရှင်တေဇနိယ အုတ်ဖို)

'ပုထုဇဉ်လေးမျိုးဆိုသည်မှာ'



'ပုထုဇဉ်လေးမျိုးဆိုသည်မှာ'


ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင် ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေး ဖော်ပြပေးပါမယ်။
(၁) အန္ဓဗာလ ပုထုဇဉ်၊ 
(၂) အန္ဓပုထုဇဉ် 
(၃) ကလျာဏ ပုထုဇဉ်၊ 
(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီး လေးမျိုး ရှိပါတယ်
 အန္ဓဗာလ ပုထုဇဉ် ဆိုတာကတော့ အန္ဓဆိုတာ ကန်းတာ ဗာလဆိုတာ မိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော မိုက်သော ပုထုဇဉ် ဆိုပြီးတော့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့ သစ္စာတို့ကို ဘာမှ မသိမြင်တတ်ပါဘူး။ ၀ိပဿနာဆိုတာကို ကြားတောင် မကြားချင်တာပါ။ ၀ိပဿနာနဲ့ လုံးဝမထိတွေ့ဘူးတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ကုသိုလ် အကုသိုလ်ဆိုတာလည်း အယုံကြည် မရှိတဲ့အတွက် ဘာတစ်ခုမှ ကောင်းတာမလုပ်ပဲ အကုသိုလ် ဖြစ်စရာတွေသာ ပြုလုပ်မိသော မိုက်မဲတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူ့ကတော့ မိုက်လည်းမိုက်တယ် ကန်းလည်းကန်းတဲ့တွက် အန္ဓဗာလ ပုထုဇဉ်လို့ ခေါ်တာပေါ့။

အနာထပိဏ် နဲ့ ၀ိသာခါ



အနာထပိဏ် နဲ့ ၀ိသာခါ...
ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒကာကြီး အနာထပိဏ်

အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။