Monday, February 4, 2013

ရေသို့ သက်ဆင်းသောသူ၏ လေးပါးသောဘေး


              
မြတ်ဗုဒ္ဓက ရဟန်းတော်တွေကိုခေါ်ပြီးဆုံးမပါတယ်။ ချစ်သားတို့ရေ.. ရေသို့ သက်ဆင်းသောသူ လေးပါးသောဘေးကို တွေ့ရပါလိမ့်မယ်။ အဲဒါတွေကတော့-
(၁) လှိုင်းတံပိုးဘေး၊ [Fear of waves]
(၂)မိကျောင်းဘေး၊(Fear of crocodiles]
(၃)၀ဲဘေး၊[Fear of whirlpools]
(၄)ငါးမန်းဘေး [Fear of sharks] တို့ပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပါပဲ၊ သာသနာ့ဘောင်မှာ ရဟန်းပြုသောအချို့သောပုဂ္ဂိုလ်တို့လဲ ဤဘေးလေးပါးကို တွေ့ရပါလိမ့်မယ်။
       (၁) ချစ်သားတို့- လှိုင်းတံပိုးဘေးဟူသည် တချို့က သဒ္ဓါတရားဖြင့်ရဟန်းပြုလာကြတယ်။ သာသနာ့ဘောင်ရောက်တော့ ရဟန်းအချို့က” င့ါအရှင် သင်သည် ဤသို့ရှေ့သို့တက်ရမယ်၊ ဤသို့တစောင်းကြည့်ရမယ်၊ ဤသို့ကွေးရမယ်၊ ဤသို့ဆန့်ရမယ်၊ ဤသို့ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရမည်”ဟုပြောဆိုကြပါတယ်။  သာသနာ့ဘောင်ဝင်လာသောရဟန်းသည် သူက ငါ့တို့ထက်ငယ်တာကို ငါ့လာပြီးဆုံးမရမလား၊ ငါလူ့ဘ၀တုန်းက ငါကသာ ဆုံးမခဲ့ရတာပါ၊ အခုတော့ ကိုယ့်ထက်ငယ်တဲ့သူကလဲ ဆုံးမနေတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီ ရဟန်းသိက္ခာကိုစွန့်ပြီးလူထွက်ပါတယ်။ ထိုသို့သောသဘောကိုပင် လှိုင်းတံပိုးဘေးဟု ငါဘုရားပြောခြင်းဖြစ်ပါတယ်။ [လှိုင်းတံပိုးဘေးဟူသည် ပြင်းထန်သော အမျက်ဒေါသ၏အမည်ဖြစ်ပါတယ်။]
ဒီနေရာမှာ စကားစပ်တာနဲ့ ရဟန်းအမျိုးအစားငါးမျိုးရှိကြောင်းကို အကျဉ်းမျှ တစ်ခါတည်းဖော်ပြချင်ပါသေးတယ်။
(i)           သဒ္ဓါပဗ္ဗဇိတ [Enter monkhood because of faith]- ဘုရားတရားသံဃာတည်းဟူသော ရတနာသုံးပါးအပေါ်မှာ ယုံကြည်မူဖြင့် သာသနာ့ဘောင်သို့ဝင်ရောက်လာသောရဟန်းကို သဒ္ဓါပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(ii)          ပညာပဗ္ဗဇိတ[Enter monkhood due to wisdom]- မြတ်ဗုဒ္ဓစာပေတွေကို လေ့လာရရင်သိပ်ကောင်းမှာပဲစသည့်ဖြင့်ပညာဖြင့်ဆင်ခြင်းစဉ်းစားပြီးသာသနာ့
ဘောင်သို့ဝင်ရောက်လာသောရဟန်းကို ပညာပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(iii)         ဘယပဗ္ဗဇိတ[Enter monkhood because of fear]- လူ့ဘ၀မှာစားဝတ်နေရအဆင်မပြေမူတို့ကြောင့်လည်းကောင်း၊ အပြစ်များစွာကိုကျူးလွန်ပြီး ထောင်ဘေးမှလွတ်စေချင်ခြင်းကြောင့်လည်းကောင်းစသည့်ဖြင့် အဲဒီဘေးရန်တွေကိုကျော်ဖြတ် နိုင်ရန်ဆိုတဲ့စိတ်ကူးနဲ့သာသနာ့ဘောင်ကိုဝင်ရောက်လာသောရဟန်းကို ဘယပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(iv)         မိရိုဖလာပဗ္ဗဇိတ[Enter monkhood due to tradition]- ငါ့မိသားစုမှာ ဘယ်သူကရဟန်းဝတ်တယ်၊ ငါလဲရဟန်းဝတ်ရင်ကောင်းမယ်၊ မိရိုဖလားအဆက်ပြတ်သွားလို့မဖြစ်ဘူးစသည့်ဖြင့်သာသနာ့ဘောင်ကိုဝင်ရောက်လာသူကို မိရိုဖလာပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
(v)          ဒုလ္လဘပဗ္ဗဇိတ[Enter monkhood because he wishes to attain what is difficult to attain]- ရဟန်းဘ၀ကရခဲတယ်၊ ရဟန်းလေးတော့ ပြုဦးမှ၊ ရခဲသောရဟန်းဘ၀မှာ ရခဲသောမြတ်ဗုဒ္ဓစာပေတွေကိုလေ့လာဦးမှဆိုပြီး သာသနာ့ဘောင်ကိုဝင်ရောက်လာသူကို ဒုလ္လဘပဗ္ဗဇိတရဟန်းဟုခေါ်ပါတယ်။
           (၂)ရဟန်းတို့-မိကျောင်းဘေးဟူသည် တချို့က သဒ္ဓါတရားနဲ့ရဟန်းဝတ်လာတယ်၊ သာသနာ့ဘောင်ရောက်တော့ ရဟန်းမိတ်ဆွေများက “ဒီအစာကို စားရမယ်၊ ဒီအစာကိုမစားရပါ၊ ဒီဟာကို သုံးဆောင်ပါ၊ ဟိုဟာကိုတော့မသုံးဆောင်ပါနှင့်၊ ဒီဟာကိုလျက်ပါ၊ ဟိုဟာကိုတော့ မလျက်ပါနှင့်၊ ဒီဟာကိုသောက်ပါ၊ဟိုဟာကိုတော့မသောက်ပါနှင့်၊ အပ်တာကိုပဲစားပါ၊ မအပ်တာတွေကိုမစားပါနှင့်၊ မနက်စာနှင့်နေ့ခင်းစာကိုပဲစားပါ၊ ညစာကိုတော့မစားပါနှင့်စသည့်ဖြင့်ပြောကြားပါတယ်။ သာသနာ့ဘောင်ရောက်လာသောသူသည် ငါတို့လူ့ဘ၀တုန်းက စားချင်တဲ့အချိန်စားတယ်၊ သောက်ချင်တဲ့အချိန်သောက်တယ်၊ ငါတို့လုပ်ချင်တိုင်းမှမလုပ်ရတာဆိုပြီ ရဟန်းဘ၀ကိုစွန့်ပြီး လူထွက်ပါတယ်။ ထိုသို့သောသဘောကိုပင် မိကျောင်းဘေးဟု ငါဘုရားပြောခြင်းဖြစ်ပါတယ်။ [မိကျောင်းဘေးဟူသည် ၀မ်းရေးကို ကြောင့်ကြစိုက်ခြင်း၏အဖြစ်ဖြစ်ပါတယ်]

Saturday, January 26, 2013

Sunday, January 13, 2013

ကင်ဆာအတွက် သင်္ဘောရွက်

ကင်ဆာအတွက် သင်္ဘောရွက်
 ( အခုတင်ပြတာကလည်း မရှားသလို ဈေးလည်းမကြီးပါဘူး )

စာရေးသူကိုယ်တိုင်လည်းအလုပ်နဲ့ တောတောင်တွေမှာနေထိုင်စဉ်ကလည်း
အခုတင်ပြထားသော သင်္ဘောရွက်ကို တောထဲမှာရှာစားခဲ့ပါသည် ။ အစွမ်းထက်ပါသည် ။ (Mg Mandalay )

မျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။
ဆေးမှတ်စု
တောသူဆိုတာ တကယ့်ကိုရိုးတယ်  ဂုဏ်ယူစရာပါ