“မှတ်သားနောင်လာ၊ လူတကာတို့၊ ကျမ်းလာညွှန်ပြ၊ ၀ါဆိုလကား၊ ပေးထိမ်းမြားမူ၊ နာဖျားသေ
ပျောက်၊ ဘေးကြီးရောက်တည့်၊ ထို့နောက်ဝါခေါင်၊ ပူလောင်ရှိန်ပြင်း၊ တော်သလင်းနှင့်၊ ဆောင်းတွင်းဟေမ၊
နတ်တော်လ၌ တကွမိတ္တာ၊ ထိမ်းမြားပါမူ၊ ရောဂါလည်းပွား၊ သေပျောက်များအံ့၊ ချမ်းအားပိုမို၊ လပြာသို၌၊
ယွင်းယိုဥစ္စာ၊ မကြာပျက်စီး၊ ဒုက္ခကြီး၏။ တစ်သီးမှတ်ကြောင်း၊ လတပေါင်းတွင်၊ ထိမ်းမြားချင်သော်၊ သေရှင်
ကင်းကွာ၊ ဖြစ်တတ်စွာ၏။ သိသာကုန်စွ၊ ဤခြောက်လသည်၊ ရှောင်ကြပုံသေ တစ်ကြောင်းတည်း။ ။” ထိမ်းမြားရာလများ
“ထွတ်ဖျားခေါင်ဖြာ၊ ဆောင်ဖို့ရာကား၊ ကောင်းစွာအထူး၊ တန်ခူးကဆုန်၊ ထိမ်းမြားကုန်သော်၊
ပြည့်စုံကြွယ်ဝ၊ ချမ်းသာရအံ့၊ လနယုန်ကား၊ ဆွေစုံနှစ်ဖော်၊ ဂဟေဆော်သို့၊ ပျော်ပျော်ရွှင်ရွှင်၊ ၀မ်းထဲခင်
၍၊ ကြည်လင်ဆပွား၊ မေတ္တာများအံ့၊ ဘုရားထိမ်းမှတ်၊ သီတင်းကျွတ်ကား၊ လျောက်ပတ်ရွှေငွေ၊ ဆန်ရေ
စပါး၊ ပေါများရှိပြီး၊ သားသမီးလည်း၊ ပွားစီးပြည့်စုံ၊ ကောင်းစွာပုံအံ့၊ မှတ်ကုန်တစ်ထုံး၊ တန်ဆောင်မုန်းကား၊
အသုံးအဆောင်၊ အိမ်ထောင်ခမ်းနား၊ များအံ့မလွဲ၊ တပို့တွဲကား၊ ပုလဲသန္တာ၊ ရတနာအပုံ၊ လွန်ပြည့်စုံသည်၊
မှတ်ကုန်ခြောက်လ အကောင်းတည်း။ ။”
(လောကသိပ္ပ ပကိဏ္ဏကကျမ်း)
No comments:
Post a Comment