Monday, February 17, 2014
Monday, February 10, 2014
အမျိုးပါ ဆဲချင်ပေါ့လေး
မြန်မာတွေ စည်းကမ်းဖောက်
ထီးနန်းပျောက် ဖြစ်ပြီ။
မှီးကွန်းထောက် အသစ်မှီတယ်
ညစ်ပလီ လူမျိုး။
မိပစ်လို့ ဖရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာချင်း ကြွားကြချင်
ဓားပြသွင် သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလို့
ခုမြေလျှိုး ပုန်းရှောင်။
ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်
ဆာဇင်တောင် ဒူးချလို့
ပလူးကြ ပြေးကြို့ ခါခါ
ခွေးသို့ပမာ။
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်ပေါ့လေး။ ။
အချုပ်တန်း ဆရာဖေ
ဘယ်ခါဆယ်၍ ရမလဲ
ငါသာလျှင်တော် သူမတော်
လူတော်ထင်ပါ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
ငါသာလျှင်ကောင်း သူမကောင်း
အကောင်းထင်ပါ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
အကောင်းဆိုးထင် ဆိုးကောင်းထင်
အထင်လွဲပါ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
ကြွားရင်းနှင့်နစ် ၀ါရင်းနစ်
နစ်လျက်နေပါ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
သူ့ကိုငါငြိုး ငါ့သူငြိုး
အငြိုးကြီးပါ တို့မြန်မာ
ဘယ်ခါဆယ်၍ ရမလဲ။
ငြီး၍မပြီး ငြူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါအောင်
နောက်နောင်အဖို့ နိုးကြထကြ
သားမြေးတို့တွက် ကြိုးစားကြ။ ။
မင်းသုဝဏ်
Monday, April 15, 2013
“မေခလာသိန်း(သမီး) အထည်ဆိုင်နှင့် ဗုဒ္ဓစေတီရုပ်ပုံတော်”

11.4.2013-ရက်နေ့ကဖြစ်ပါတယ်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ မေခလာသိန်း (သမီး) အမည်ရတဲ့ အထည်ဆိုင်သို့ သာကေတမြို့နယ်၊NLD-ပါတီဝင် မဥမ္မာက ယောဂီထမီလာဝယ် ပါတယ်။
ယောဂီထမီအတွက်အထည်တွေ ရွေးနေစဉ်မှာ ဆိုင်ရှင်အမျိုးသမီးက “ဒီလိုအဆင်တွေလည်း ရှိတယ်”ဆိုပြီး အထည်စကိုကိုင်ပြပါတယ်။ မဥမ္မာက ကြည့်လိုက်တာနှင့် တန်းသိပါတယ်။ စေတီပုံက ထင်ထင်ရှားရှားကြီးဖြစ်နေတာကိုး။ ဒါနဲ့ ၃၅၀၀ိ/ဖြင့် တစ်ထည်ဝယ်လိုက်ပါတယ်။
မင်္ဂလာတောင်ညွန့်-ဈေးသို့မဥမ္မာတစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ ကိုကျော်ကျော်၊ ကိုအောင်ငြိမ်းကျော်နှင့် အခြားလူငယ်တွေလည်းပါပါတယ်။မဥမ္မာက ယောဂီထမီသွားဝယ်တာဖြစ်လို့ တစ်နေရာမှာ စောင့်ကျန်နေခဲ့တာပါ။ မဥမ္မာက စေတီပုံပါတဲ့အထည်စကိုခေါက်ပြီး ကိုအောင်ငြိမ်း ကျော်တို့ဆီ အပြေးသွားပါတယ်။ ကိုအောင်ငြိမ်းကျော်တို့ကြည့်ပြီးတာနဲ့ မေခလာသိန်း(သမီး) ဆိုင်ကို တန်းသွားပါတယ်။
Monday, April 8, 2013
Thursday, March 28, 2013
မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်
မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်
သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက်လာမည့်ပညာသင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်း တိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။
"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။ ဒေသအားလုံးမှာ မူပြ
ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်းသွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို
ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ်သွားပါမယ်" ဟု
ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောကြားသည်။
သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံ
ပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊
ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။
မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား
ဝန်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူ
ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ
ကြေညာခဲ့သည်။
မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်
ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ
ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။
အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃
ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ်
အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်
သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး
သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ
ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန်
ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေ
ဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည်
ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ
အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောသည်။
"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက်သင့်
တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။
ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟု
ဦးကိုကိုတင်က ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး ၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး
ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်
တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု
ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်း
ခြေငွေစာရင်းအရ သိရသည်။
သတင်း- မြန်မာတိုင်းမ်
Monday, March 18, 2013
အိပ်စက်နေတဲ့သူရဲကောင်းတွေ – ပိုလန်ဒဏ္ဍာရီ
အိပ်စက်နေတဲ့သူရဲကောင်းတွေ – ပိုလန်ဒဏ္ဍာရီ
Wladyslaw
Skoczylas (1883-1934)
ဥရောပတိုက်မှာရှိတဲ့
ပိုလန်နိုင်ငံဟာ သူရသတ္တိ ပြည့်ဝတဲ့ သူရဲကောင်းတွေရဲ့ အမိမြေလို့ ထင်ရှားပါတယ်။
ရဲစွမ်းသတ္တိ ပြည့်ဝတဲ့ သူရဲကောင်းတွေဟာ ဘယ်တော့မှ မသေဆုံးဘူး။ သူတို့ဟာ
ပီဆာနာတောင်ခြေက လိုဏ်ဂူကြီးတစ်ခုထဲမှာ အိပ်စက် အနားယူနေရင်းနဲ့ ပိုလန်နိုင်ငံကို
စောင့်ရှောက်ဖို့ အသင့်ရှိနေတယ်လို့ ပိုလန်လူမျိုးတွေက ယုံကြည်ကြပါတယ်။တစ်ခါတုန်းကပေါ့ကွယ်။ “ပီဆာနာ” တောင်ခြေက ရွာကလေးမှာရှိတဲ့ ပန်းပဲဖိုထဲကို ထောင်ထောင်မောင်းမောင်း လူတစ်ယောက်ဟာ ဗြုန်းစားကြီး ၀င်လာသတဲ့။ မြင်နေကျ တွေ့နေကျ မဟုတ်တော့ ပန်းပဲဆရာကြီးလည်း အံ့အားသင့် သွားတာပေါ့။ အဲဒီ ဗလတောင့်တောင်နဲ့ လူစိမ်းဟာ ပန်းပဲဆရာကြီးကို ဒီလို ပြောလိုက်သတဲ့။
“ဒီမယ် ပန်းပဲဆရာကြီး။ ခင်ဗျားကို ကျုပ် အလုပ်တစ်ခု အပ်ချင်ပါတယ်။ ဒီအတွက် တန်ဖိုးလက်ခ ထိုက်ထိုက်တန်တန် ချီးမြှင့်ပါမယ်။ ဒါပေမယ့် ပါးစပ် မဖွာနဲ့ဗျာ။ ဒီအလုပ် လုပ်တာကို သိုသိုသိပ်သိပ် လုပ်ရမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ခင်ဗျားရဲ့ ဇနီးသည်ကိုတောင် မပြောပါနဲ့။”
ဒီလိုဆိုတော့ ပန်းပဲဆရာကြီးကလည်း “ကောင်းပါပြီဗျာ .. မိတ်ဆွေရဲ့ သဘောအတိုင်း ဖြစ်စေရပါမယ်လို့ ပြန်ပြောလိုက်သတဲ့။ ဒီတော့ အဲဒီလူစိမ်းဟာ သူ့ရဲ့ ကုတ်အကျီထဲက ရွှေချောင်းတစ်ချောင်းကို ထုတ်ပေးပြီး “ဒီရွှေချောင်းနဲ့ မြင်းသံခွာ လုပ်ပေးပါ” လို့ ဆိုသတဲ့။ ပန်းပဲဆရာကြီးဟာ အဲဒီရွှေချောင်းကို လုံထဲ ထည့်ပြီး ကျိုတော့တာပေါ့။ နောက်တော့ တူကလေးနဲ့ တတိန်တိန် မြည်အောင် ထုပြီး အဲဒီ ရွှေချောင်းကို မြင်းသံခွာ လုပ်လိုက်သတဲ့။
မြင်းသံခွာ လုပ်တာ ပြီးသွားတော့ လူစိမ်းဟာ ပန်းပဲဆရာကြီးကို “ကိုရှ်ချိလိခ်စကား”တောင်ကြားဒေသကို ခေါ်သွားသတဲ့။ ဒီလိုနဲ့ တောထဲမှာ အချိန်တော်တော်ကြာအောင် လျှောက်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ သစ်ရွက်တွေ ကျောက်တုံးတွေနဲ့ ဖုံးထားတဲ့ လိုဏ်ဂူကြီးတစ်ခုရဲ့ တံခါးဝကို ရောက်သွားတော့တာပေါ့ကွယ်။
လိုဏ်ဂူကြီးထဲကနေ ရွှေရောင်အလင်းတန်းတွေ တဖျပ်ဖျပ် လက်နေသတဲ့။ ပန်းပဲဆရာကြီးဟာ မျက်စိကျိန်းလွန်းလို့ သူ့ မျက်လုံးတွေကို လက်နဲ့ အုပ်ထားရတာပေါ့။ အတော်ကြာပြီးတော့မှ သူ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လိုဏ်ဂူထဲမှာ ချပ်ဝတ်တန်ဆာ အပြည့် ၀တ်ထားတဲ့ စစ်သည်တော်တွေဟာ စစ်ခမောက်ဆောင်းထားတဲ့ ခေါင်းနဲ့ မြင်းကုန်းနှီးတွေကို မှီပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့ရသတဲ့။ အိပ်ပျော်နေတယ်ဆိုပေမယ့် ဓားတွေ လှံတွေ ပုဆိန်တွေကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားကြသတဲ့ကွယ်။ အဲဒီ စစ်သည်တော်တွေနဲ့ မလှမ်းမကမ်းမှာ စစ်မြင်းကြီးတွေကို တွေ့ရပြန်သတဲ့။ အဲဒီ စစ်မြင်းကြီးတွေကို အင်မတန် နူးညံ့တဲ့ ခြုံစောင်နဲ့ အုပ်ထားတယ်။ အဲဒီ စစ်မြင်းကြီးတွေကို ရွှေနဲ့လုပ်ထားတဲ့ မြင်းသံခွာတွေ တပ်ပေးထားကိုလည်း တွေ့ရပြန်သတဲ့။
လူစိမ်းဟာ မြင်းကြီးတစ်ကောင်ရဲ့ အနားကို သွားပြီးတော့ “ဒီမယ် ပန်းပဲဆရာကြီး။ ဒါ ကျုပ်ရဲ့ မြင်းပဲ။ အရင်တုန်းက တပ်ထားတဲ့ သံခွာကတော့ ကျိုးသွားတယ်ဗျာ။ အခု ခင်ဗျား လုပ်လာတဲ့ မြင်းသံခွာကို သူ့ ခြေထောက်မှာ တပ်ပေးပါ”လို့ ဆိုလိုက်သတဲ့။ ဒီတော့ကာ ပန်းပဲဆရာကြီးဟာ သူ လုပ်လာတဲ့ မြင်းသံခွာကို မြင်းကြီးရဲ့ ခြေထောက်မှာ တပ်ဖို့ ပြင်ရတော့တာပေါ့။ မြင်းသံခွာကို မီးနဲ့ အပူပေးပြီး တပ်လိုက်တယ်။ မြင်းကြီးကတော့ အိပ်ပျော်နေတာ မနိုးဘူးတဲ့။ ဒီလိုနဲ့ပဲ မြင်းသံခွာ ရိုက်တဲ့ ကိစ္စ ပြီးသွားတာပေါ့ကွယ်။
ပန်းပဲဆရာကြီးဟာ လူစိမ်းကို ဟိုဟာက ဘာလဲ။ ဒီဟာက ဘာလဲနဲ့ မေးခွန်းတွေ တစ်ခုပြီး တစ်ခု မေးပြန်သတဲ့။ လူစိမ်းက “ဒီလိုဗျာ ပန်းပဲဆရာကြီးရယ်။ ဟောဒီ လိုဏ်ဂူထဲမှာ ရှိနေတဲ့ စစ်သည်တော်တွေ အိပ်စက်နေတာ နှစ်ပေါင်း ရာနဲ့ ချီနေပါပြီ။ သူတို့ဟာ တစ်နေ့မှာ အိပ်စက်နေတာက နိုးထလာမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အင်မတန် ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းဟာ ဟောဒီ ကမ္ဘာမြေနဲ့ ကောင်းကင်ကို သွက်သွက်ခါအောင် တိုက်ခတ်ပါမယ်။ ထင်းရှုပင်ကြီးတွေဟာ နှစ်ပိုင်းချိုးခံထားရတဲ့ မီးခြစ်ဆံတွေလို ကျိုးပဲ့သွားပါလိမ့်မယ်။ ဟောဟိုနားက ကျောက်တုံးကြီးတွေဟာ တောင်အောက်ကို ၀ရုန်းသုန်းကား ပြုတ်ကျသွားပါလိမ့်မယ်။ အဲဒီ အချိန်မှာ ဟောဒီ လိုဏ်ဂူတံခါးကြီး ပွင့်လာပြီး အိပ်စက်နေတဲ့ သူရဲကောင်းတွေဟာ မြင်းကိုယ်စီ စီးပြီးတော့ အမိပိုလန်နိုင်ငံကို ကာကွယ်မယ့် တရားသော စစ်ပွဲကြီးကို ဆင်နွဲပါလိမ့်မယ် လို့ ပြောလိုက်သတဲ့။
ဒီလိုနဲ့ မြင်းသံခွာ ရိုက်တဲ့ ကိစ္စ ပြီးတဲ့ နောက်မှာ ပန်းပဲဆရာကြီးဟာ လိုဏ်ဂူကြီးထဲကနေ ပြန်ထွက်လာရတော့တာပေါ့။ လူစိမ်းက ပန်းပဲဆရာကြီးကို သူ့ရွာ ပြန်ရောက်တဲ့ အထိ လိုက်ပို့ပါတယ်။ ဒီလိုနဲ့ ရွာနားကို ရောက်တော့ ဒီမယ် ပန်းပဲဆရာကြီး ပေးထားတဲ့ ကတိ တည်ပါစေ။ ဒီ အကြောင်းတွေ ဘယ်သူ့ကိုမှ မပြောပါနဲ့ လို့ သေသေချာချာ မှာပြီးတော့ ရွှေမှုန်တွေ အပြည့်ထည့်ထားတဲ့ သားရေအိတ်ကြီးကို ပန်းပဲလက်ခ အဖြစ် ပေးလိုက်သတဲ့။ နောက်တော့ အဲဒီလူစိမ်းဟာ တောထဲကို ပြန်ဝင်သွားတာပေါ့။
ပန်းပဲဆရာကြီးဟာ ပါးစပ် သိပ်ဖွာတာပဲ။ ပေးထားတဲ့ ကတိကို တည်အောင် မထိန်းဘူးကွဲ့။ အိမ်ပြန်ရောက်တော့ သူ့ မယားကို လိုဏ်ဂူကြီး အကြောင်း ပြောပြသတဲ့။ ပြီးတော့ အိမ်နီးနားချင်းတွေကိုလည်း လျှောက်ပြောသတဲ့။ ဒီလိုပြောပြီးတဲ့ နောက်မှာ သားရေအိတ်ထဲမှာ ထည့်ထားတဲ့ ရွှေမှုန့်တွေဟာ ဘာမှ တန်ဖိုးမရှိတဲ့ သဲမှုန့်တွေ ဖြစ်သွားတာပေါ့။ ပန်းပဲဆရာကြီးဟာ တောထဲပြန်ဝင်ပြီး လိုဏ်ဂူကြီး ရှိမယ့်နေရာကို အကြိမ်ကြိမ်း လိုက်ရှာပေမယ့် ဘယ်တော့မှာ မတွေ့ရပါဘူး။ ကတိမတည်ရင်တော့ ဆုံးရှုံးမှုတွေနဲ့ ကြုံရတာ ထုံးစံပါပဲကွယ်။
မောင်ကျပ်ခိုး ပြန်ပြောသည်။
၁၃၇၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၄ ရက် တနင်္ဂနွေနေ့။ ခရစ်နှစ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်။
Subscribe to:
Posts (Atom)











