Thursday, July 23, 2015

ယဉ်ကျေးလိမ္မာ ဓမ္မစကူး သီချင်းလေးပါ


မာဂဓီ-သာစည်ဘကကျောင်း၏ ၀ါဆိုသင်္ကန်းအလှူ

မာဂဓီ-သာစည်ဘကကျောင်းလေး၏ ၀ါဆိုသင်္ကန်းကပ် အလှူတော်ပါ

မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ အဓိဋ္ဌာန်

ညီညွတ်ကြစွာ၊  နေထိုင်ကာဖြင့်၊  ဤကျောင်းဂုဏ်ကို၊  ဆောင်ပါမည်။
စာသံပေသံ၊  ကြိုးစားအံ၍၊  ဤကျောင်းဂုဏ်ကို၊  ဆောင်ပါမည်။
ခိုက်ရန်ဒေါသ၊  မဖြစ်ကြဘဲ၊  ဤကျောင်းဂုဏ်ကို၊  ဆောင်ပါမည်။
စည်းကမ်းစည်းမျဉ်း၊  လိုက်နာခြင်းဖြင့်၊  ဤကျောင်းဂုဏ်ကို၊  ဆောင်ပါမည်။

မာဂဓီသာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သူငယ်တန်း(ဂ) အတန်းပိုင်ဆရာမ ကလေးများအတွက် ဘိနပ်နှင့် ကျောပိုးအိတ်လှူဒါန်း



ဒဂုံအရှေ့မြို့နယ် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
သူငယ်တန်း(ဂ) အတန်းပိုင်ဆရာမ ဒေါ်ခင်ဝင်းကြည်က သူမ၏
အတန်းတာဝန်ယူရာ ကလေးများ၏ ခြေတစ်စုံအတွက် နွေးထွေးလုံခြုံမှု
ပေးနိုင်ရန် ဘိနပ်တစ်ရံစီလှူဒါန်းခဲ့သည်။ ထို့ပြင် နေ့စဉ်ကျေင်းတက်ရာတွင်
လွယ်အိတ်မပါဘဲ ကျောင်းတက်နေရသော ကျောင်းသူလေးတစ်ဦးအား
ကျောပိုးအိတ်တစ်လုံးလည်း လှူဒါန်းခဲ့ပါသည်။
ဆရာမနှင့် မိသားစု ကိုယ်စိတ်နှစ်ပါး ထာဝရအေးချမ်းနိုင်ပါစေ။