Friday, March 15, 2013

လျှို့ဝှက်ချက်



လျှို့ဝှက်ချက်
,,,,,,,,,,,,,,,,
တစ်ခါက မြစ်နားကမ်းနားမှာရှိတဲ့ အဘိုးအိုနဲ့ သူ့ရဲ့ မြေးမလေးပာာ ငါးဖမ်းတဲ့အလုပ်နဲ့ အသက်မွေး ကြတယ်။

အဘိုးအိုက ငါတွေဖမ်းလာရင် မြေးမလေးက ငါးတွေကို လိုက်ရောင်းပေးတယ်။ အဘိုးအိုပာာ ငါးအင်မတန်ပေါတဲ့ လျှို့ဝှက်တဲ့ နေရာတွေကို သိထားတယ်။

နွေရာသီမှာ ဘယ်နေရာ ငါးပေါတယ်။ မိုးနဲ့ ဆောင်းရာသီမှာ ဘယ်နေရာ ငါးပေါတယ်ဆိုတဲ့ ရာသီအလိုက် ငါးတွေရဲ့ ကျက်စားရာ နေရာတွေကို သိနေတယ်။

ဒါကြောင့် သူ့တစ်သက်မှာ ဒီအလုပ်ပာာ အင်မတန် ၀င်ငွေကောင်းပြီး စားဝတ်နေရေး ပြေလည်တယ်။ သူပာာ လောဘမကြီးဘူး။ တစ်ရက်စာ စားလောက်ရင် အိမ်ပြန်လာလေ့ရှိတယ်။

သူပာာ ငါးတွေကို သတ်နေရပေမယ့် သူ့မြေးမလေးကို ဘယ်တော့မှ အ ကုသိုလ်အလုပ်ကို ပေးမလုပ်ခိုင်းဘူး။ ငါးတွေရောင်းခိုင်းရတာတောင် စိတ်မကောင်း ဖြ စ်နေ တယ်။ မြေးမလေးက သိပ်ချောတာကိုး။

အသက်ကလည်း ကြီးလာတော့ သူ့ရဲ့ နောက်ဆုံးရက်ကလည်း တဖြည်းဖြည်း နီးလာပြီဆိုတာ အဘိုးအိုက ရိပ်စားမိလာတယ်။ သူ့ ရဲ့မြေးမလေးကို သူမသေခင် စိတ်ချသွားချင်တယ်။ ဒီအလုပ်ဖြင့် အသက်မမွေးစေလို။

ဒါ့ကြောင့် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဘိုးအိုပာာ ရွာသားတွေကိုခေါ်ပြီး လျှို့ဝှက်နေရာတွေကို အကုန်ဖွင့်ပြောလိုက်တယ်။ အချိန်ကြာလာတော့ လျှို့ဝှက်နေရာတွေမှာ ငါးပာာ တစ်ကောင်တလေတောင် မတွေ့ရတော့ဘူး။

စားဝတ်နေရေးက ကြပ်တည်းလာခဲ့တယ်။ မြေးမလေးကို ခေါ်ပြီးဆုံးမ စကားပြောတယ်။
"မြေးလေးရေ။ အခုဆို အဘိုးတို့မှာ စားဝတ်နေရေးက ခက်ခဲလာပြီ။ ငါးလည်း ဖမ်းမရတော့ဘူး။ အဲဒါ ဘာ့ကြောင့်လဲ သိလား"
"သိတာပေါ့ အဘိုးရယ်။ အဘိုးက လျှို့ဝှက်နေရာတွေ ပြောပြလိုက်တော့ အားလုံးက အဲ့နေရာကို သွားပြီး လောဘနဲ့ ဖမ်းလိုက်တာ ငါးတွေ မကျန်တော့ဘူးပေါ့။ ကျန်တဲ့ငါးတွေလည်း နေရာပြောင်းကုန်ပြီလေ။ "
"မှန်တယ်မြေးလေး။ အဘိုးပာာ မြေးလေးအတွက် အဘိုးမသေခင် အမွေပေးခဲ့ချင်တာ။ အဘိုးမှာ ဘာအမွေမှ ပေးစရာ မရှိဘူး။ ဒါကြောင့် လျှို့ဝှက်နေရာတွေကို ပြလိုက်တာပာာ မြေးလေးကို အကုသိုလ် အလုပ်နဲ့ အသက်မမွေးစေဘဲ သမ္မာအာဇီဝကျကျ ငွေရှာတတ်လာအောင် ကုသိုလ် အမွေပေးလိုက်တာပဲ။

နောက်ပြီးတော့ လျှို့ဝှက်ချက်ဆိုတာ ဘယ်သူ့ကိုမှ မပြသင့်ဘူးကွယ့်။ လျှို့ဝှက်ချက်ကို ပြလိုက်ရင် တန်ဖိုး ကအလိုလိုကျတော့တာပဲ။

ဥပမာ မြေးလေးရဲ့ ခန္ဓာကိုယ် လျှို့ဝှက်ချက်ဖြစ်တဲ့ ရင်သားတို့ ဒူးတို့ ပေါင်တို့ကို အများမြင်အောင် မပြရဘူးကွယ့်။ အဲ့ဒါက မိန်းကလေးရဲ့ လျှို့ဝှက်ချက်လေ။ပြလိုက်ရင် တဖြည်းဖြည်း တန်ဖိုးက ကျလာမှာပဲ။ ပြစတော့ စိတ်ဝင်စားမယ်။ နောက်ပိုင်း ရိုးလာတော့ ဘယ်သူမှ ကြည့်ချင်မှာ မပာုတ်တော့ ဘူး။

အဘိုးကတော့ မထူးတော့ဘူး။ မြေးလေးက တော့ ငယ်သေးတော့ ဘယ်တော့မှ အကုသိုလ်နဲ့ အသက်မမွေးပါနဲ့ကွယ်။ စားစရာမရှိလို ငတ်ရင် တစ်ဘ၀ပါပဲ။ သံသရာ အဆက်ဆက်ခံရတော့မယ်။ အဘိုးပာာ နောင်တကို ပြင်ဖို့ အချိန်ပာာ အချိန်ပိုင်းလေးပဲ ရလိုက်တယ်။

သမ္မာအာဇီဝနဲ့ အသက်မွေးပါ။ မိမိကိုယ်ကို ထိန်းသိမ်းပါလို့ ဆုံမစကားလေးပဲ အမွေပေးလိုက်ပါ တယ်မြေးလေးရယ်။"
အားလုံး နားလည်သဘောပေါက်နိုင်ပါစေ။
အားလုံးကို ခင်မင်လျက်
ပြည်ငြိမ်း

“ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၁)”



“ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၁)”
ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။
‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။

Thursday, March 14, 2013

ယဉ်ကျေးလိမ္မာဆုံးမစာ သံပေါက်ကဗျာများ



ယဉ်ကျေးလိမ္မာဆုံးမစာ သံပေါက်ကဗျာများ

 

 



၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။

၂။ ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မေမ့နဲ့။

၃။ မိဦးဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။

၎။ ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမှု၊ နင်ငါဟူ၍ မပြောနဲ့။

၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။

၆။ ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလဲ ယဉ်စေကွဲ့။

၇။ ဘရမ်းပတာ၊ သူ့ထက်ငါ၊ လူယက်ခါကွဲ့ မစားနဲ့။(မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့)

၈။ ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။

၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။

၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။

၁၁။ လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်ကောင်းတဲ့။

၁၂။ နူတ်ခမ်းပါးနား၊ လျက်ခါစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။

၁၃။ လျှာကိုထုတ်ခါ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။

၁၄။ ဟင်းရေသောက်ပြန်၊ ရုးရုးသံ၊ ဧကန်မပြုနဲ့။

၁၅။ ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နဲ့မကိုင်နဲ့။

၁၆။ အိမ်ပေါ်ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်နဲ့။

၁၇။ ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။

၁၈။ လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။

၁၉။ ဒူးထောက်ပေါင်ကား၊ ဆရာနား(မိဘနား)၊ အလျားမှောက်၍ မနေနဲ့။

၂၀။ အိပ်ရာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။

၂၁။ သောက်ရေသုံးရေ၊ မရှိချေ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။

၂၂။ ကျောင်းတွင်းအိမ်တွင်း၊ ရူပ်နေလျှင်၊ သန့်၇ှင်းအောင်တဲ့ ပြုပါကွဲ့။

၂၃။ မိန်းမ မင်း ဆင်၊ ရဟန်းပင်၊ က္ကုနြေ္ဒရှင်ကွဲ့ ဦးလေးတဲ့။

၂၄။ မိန်းခလေးမှာ၊ အရာရာ၊ ပြာတီးပြာတာ မရှပ်နဲ့။

၂၅။ မိန်းမဣနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့ မှတ်လေတဲ့။

၂၆။ ကျောင်းပစ္စည်းကို၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။

၂၇။ မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှားရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။

၂၈။ အများပိုင်ကို၊ ကိုယ့်ဟာရို၊ ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။

၂၉။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျောစွာလုပ်ကွဲ့ မခိုနဲ့။

၃၀။ ဧည့်သည်အာဂန္တု၊ ရောက်လာမှု၊ ဆူ၍ညံကာ မနေနဲ့။

၃၁။ လူရူပ်လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။

၃၂။ ဘိန်းအရက်ကို၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။

၃၃။ ဂုံးချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။

၃၄။ ဘုရားပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။

၃၅။ မိခင်ဖခင်၊ ဆ၇ာရှင်၊ နေ့စဉ်မမေ့နဲ့၊ ရှိခိုးကွဲ့။

၃၆။ သူကပြုဘူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ပြန်ဆပ်ရမယ်ကွဲ့။

လူနှင့်ဆိုင်ရာ ကျင့်ဝတ်များ ပို့ချချက်အကျဉ်းပြီး၏။

မာဂဓီ-သာစည်ဆရာတော်

သံယောဇဉ် ဆယ်ပါး



သံယောဇဉ်ဆယ်ပါး

၁။ ကာမ သံယောဇဉ်

၂။ ဘ၀ သံယောဇဉ်
၃။ ပဋိဃ သံယောဇဉ်
၎။ မာန သံယောဇဉ်
၅။ ဒိဋ္ဌိ သံယောဇဉ်
၆။ ၀ိစိကိစ္ဆာ သံယောဇဉ်
၇။ သီလဗ္ဗတ သံယောဇဉ်
၈။ ဣဿာ သံယောဇဉ်
၉။ မစ္ဆရိယ သံယောဇဉ်
၁၀။ အ၀ိဇ္ဇာ သံယောဇဉ်      

သံယောဇဉ် ၁၀-ပါးလင်္ကာ

(၁)အာရုံငါးဝ၊ တပ်စွဲက၊ ကာမ သံယောဇဉ်။
(၂)သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀ သံယောဇဉ်။
(၃)အမျက် ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃ သံယောဇဉ်။
(၄)ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာန သံယောဇဉ်။
(၅)ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
(၆)တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။
(၇)နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊ သီလဗ္ဗတပင်။
(၈)ကိုယ်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊ ခေါ်ဆို ဣဿာပင်။
(၉)ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။
(၁၀) သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာ သံယောဇဉ်။

ဝဋ်ဆင်းရဲမှ၊ မလွတ်ရအောင် ၊ ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာ သံယောဇဉ်။


ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး 

အပါယ်ကျတတ်သော အလှူ ၁၀-ပါး



အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ
 ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့
အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေး
ပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော
ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါနအပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်
ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။